လူကြိုက်အများဆုံး

Wednesday, July 25, 2012

တတိယနိုင်ငံတစ်ခုခုက လက်ခံရင် အမြန်ဆုံးသာပို့ပေးပါ (ပေးစာ)

ရခိုင်ပြည်နယ်အတွင်း ခိုးဝင် နေထိုင်နေကြတဲ့ ဘင်္ဂါလီရိုဟင်ဂျာ တွေကို ဒုက္ခသည်အဖြစ်လက်မခံ ကြောင်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးက ပြောဆို ကြောင်း ဂျာနယ်တွေထဲမှာ ဖတ်ရပါ တယ်။ 
တိုင်းပြည်တစ်ပြည်ကနေတစ် ခြားတိုင်းပြည်ကို ထွက်ပြေးခိုလှုံလာ တဲ့သူတွေကို ဒုက္ခသည်အဖြစ် သတ် မှတ်ပြီး မြန်မာပြည်ရိုဟင်ဂျာပြဿ နာနဲ့မသက်ဆိုင်ဘူးလို့ မဟာမင်း ကြီးက ဆိုကြောင်းဖတ်ရတော့ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ကသိကအောက်ဖြစ်ရပါတယ်။ 


ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို နားလည်ပုံမရပါ ဘူး။ သူ့စကားအရ ရိုဟင်ဂျာတွေ ဟာ တိုင်းပြည်တစ်ပြည်ကနေ တစ် ခြားတိုင်းပြည်တစ်ပြည်ကို ထွက်ပြေး ခိုလှုံလာတဲ့သူတွေမဟုတ်ဘဲ ရိုဟင် ဂျာတွေဟာ နဂိုမူလကတည်းက မြန် မာနိုင်ငံထဲမှာ ရှိနေတဲ့အတွက် မြန် မာပြည်တွင်းပြဿနာသာဖြစ်လို့ရို ဟင်ဂျာတွေကိုဒုက္ခသည်အဖြစ်လက် မခံနိုင်ခြင်းဖြစ်တယ် လို့အဓိပ္ပါယ် သက်ရောက်နေပါတယ်။ 
ဒါဟာအင်မတန်လွဲမှားတဲ့ပြော ဆိုချက်ပါပဲ။ လက်ရှိရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ပြဿနာတွေ ကို မြန်မာပြည်သူတွေ အသိဆုံးဖြစ် ပါတယ်။ 
ဘင်္ဂါလီရိုဟင်ဂျာတွေ မြန်မာ နိုင်ငံအတွင်းမီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှ ပါဝင် ခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြော ကြားထားပြီးဖြစ်ပါတယ်။ 
သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင် ကလည်း သမိုင်းကြောင်းအရ ဘင်္ဂါ လီတွေဝင်ရောက်ခဲ့တာက ၁၉၄၈ ခု နှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့တွေက လယ်ယာလုပ်ကိုင် ဖို့ခေါ်သွင်းလာတာဖြစ်ကြောင်း အဲ့ ဒီအချိန်မှ အလုပ်အကိုင်ကောင်းမွန် တဲ့အတွက် မပြန်တော့ဘဲ ဒီမှာပဲ အခြေချနေထိုင်သူတွေလည်းရှိ ကြောင်း၊ ဥပဒေအရ ၁၉၄၈ ခုနှစ်မ တိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိသူ မိဘနှစ်ပါးမှ မွေးဖွားလာတဲ့တတိယ မျိုးဆက် (မြေးအဆင့်) ကိုသာနိုင်ငံ သားအဖြစ်လက်ခံမယ့်ဥပဒေရှိကြောင်း ရခိုင်ပြည်နယ်ကိုလေ့လာကြည့်ရန် ၁၉၄၈ ခုနှစ်မတိုင်မီ ဘင်္ဂါလီများမှ ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်း ရိုဟင်ဂျာအမည်ခံခိုးဝင်လာသူတွေ နဲ့ ရှုပ်ထွေးလျက်ရှိနေကြောင်း၊ အဲ့ဒီ ကိစ္စဟာ နိုင်ငံတည်ငြိမ်အေးချမ်းမှု ကို ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ဖတ်ရပါတယ်။ 
အမှန်တော့ မဟာမင်းကြီးအ နေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အ တွင်းကကိစ္စတွေကို သေသေချာချာ လေ့လာခဲ့ပုံမရပါဘူး။ နိုင်ငံခြားမီဒီ ယာတွေကရေးသားဖော်ပြခဲ့တဲ့ရိုဟင် ဂျာအကြောင်းလောက်ကိုသာဖတ်ရှု လေ့လာခဲ့ပုံရပါတယ်။ 
အမှန်တကယ်ဆိုရင် ကုလသ မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးတစ်ယောက်အနေနဲ့ဘင်္ဂါလီရို ဟင်ဂျာတွေအကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲကိုသူတို့ (ရိုဟင်ဂျာ တွေ) ဘယ်လိုဘယ်ပုံဝင်ရောက်လာ ခဲ့ကြတဲ့အကြောင်း၊ ပြီးတော့ ရိုဟင် ဂျာကိစ္စနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံ သမိုင်းနောက်ခံအကြောင်းကောင်း ကောင်းလေ့လာပြီးမှပြောသင့်တာ ပေါ့။ 
အခုသူက (မဟာမင်းကြီးက) ဘင်္ဂါလီဒုက္ခသည်တွေကို ဒုက္ခသည် အဖြစ် လက်မခံဘူးဆိုတော့ အဲ့ဒီ ရိုဟင်ဂျာတွေကပဲ မြန်မာနိုင်ငံအ တွင်းက တိုင်းရင်းသားတစ်မျိုးဖြစ် နေသလိုလို။ အဲ့ဒီလိုဖြစ်နေပါတယ်။ 
ပြီးတော့ မဟာမင်းကြီးက ရ ခိုင်ပြည်နယ်တွင်းမှာဖြစ်တဲ့ပြဿနာ တွေက အချင်းချင်းငြိမ်းချမ်းစွာအ တူယှဉ်တွဲနေထိုင်ရေးမှုနဲ့ ပြန်လည် နေထိုင်သွားရင် ပြေလည်သွားပါ လိမ့်မယ်လို့လည်းပြောခဲ့တယ်လို့သိ ရပါတယ်။ 
အမှန်တော့ ဒါဟာပြဿနာရဲ့ ဇစ်မြစ်ကိုမသိလို့ပြောခဲ့တာပါပဲ။ အ မှန်ကိုသူမသိတော့မှတ်ချက်တလွဲကို သူချလိုက်တဲ့သဘောပေါ့။ ကိုယ့် အိမ်ထဲကို ကျူးကျော်ဝင်ရောက်လာ သူနဲ့ ဘယ်လိုအတူယှဉ်တွဲပြီး နေ ထိုင်လို့ရနိုင်မှာလဲ ဆိုတာ မဟာမင်း ကြီးနားလည်သင့်တယ်လို့ထင်ပါ တယ်။ 
အခုသူပြောတဲ့စကားက ဘင်္ဂါ လီရိုဟင်ဂျာတွေဟာ ကျူးကျော်ဝင် ရောက်လာသူတွေမဟုတ်ဘဲ မူလ အိမ်ထဲမှာနေထိုင်နေတဲ့ အိမ်သား တစ်ဦးပဲလို့ ဆိုလိုက်တဲ့သဘောဖြစ် နေပါတယ်။ 
တစ်ကမ္ဘာလုံးနဲ့ချီပြီး ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးလုပ်နေတဲ့ သူဟာ အမြော်အမြင်ကြီးကြီးခေါင်း ကြီးကြီးတော့ရှိသင့်တာပေါ့ဗျာ။ 
ပြောရရင်မဟာမင်းကြီးရဲ့ပြော စကားတွေဟာမြန်မာပြည်သားတစ် ယောက်အနေနဲ့လက်ခံနိုင်မရှိပါဘူး။ ဒါပေမဲ့ လက်ခံရမယ့်စကားကတော့ သမ္မတကြီး ဦးသိန်းစိန်ရဲ့စကားပါပဲ။ 
သမ္မတကြီးက နောက်ဆုံးဖြေ ရှင်းရမယ့်နည်းလမ်းဟာခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာသို့အပ်နှံပြီးဒုက္ခ သည်အဖြစ် ထားရှိရန်၊ ယင်းမှကျွေး မွေးစောင့်ရှောက်ပေးရန်နဲ့တတိယ နိုင်ငံတစ်ခုကလက်ခံမယ်ဆိုရင်လည်း ပို့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ တဲ့စကားပါပဲ။ 
သမ္မတကြီးရဲ့ပြောကြားချက်ဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ တွေနဲ့ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။ 
လောလောဆယ်ရခိုင်ပြည်နယ် အတွင်းမှာဘင်္ဂါလီရိုဟင်ဂျာတွေ ၁၀ သိန်းလောက်ရှိတယ်လို့ဖတ်ရပါတယ်။ 
ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရဲ့စကားကြောင့် စိတ်ကသိကအောက်ဖြစ်ခဲ့ရပေမယ့် သမ္မတကြီးရဲ့ စကားကြောင့် ကသိ ကအောက်တွေပြေပျောက်ပြီး ၀မ်း မြောက်ဝမ်းသာဖြစ်ခဲ့ရကြောင်းပါ။
အဲ့ဒီဘင်္ဂါလီရိုဟင်ဂျာတွေကို တတိယနိုင်ငံတစ်ခုခုကလက်ခံရင် အမြန်ဆုံးသာပို့ပေးပါလို့ မြန်မာပြည် သားတစ်ယောက်အနေနဲ့ တောင်း ဆိုဆန္ဒပြုလိုက်ရပါတယ်။ 

မြန်မာပြည်သား
themyanmarpost မှ. . . 

No comments:

Post a Comment