လာမည့်
ဘဏ္ဍာရေး နှစ်ဦးပိုင်းတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်း
ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
အတည်ပြု ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ဖုန်းဈေးနှုန်းများ လျှော့ချပါက
အလုံးရေ အများအပြားရောင်းရမည် ဖြစ်သောကြောင့် လိုအပ်သည့် လိုင်းအင်အား
တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဈေးနှုန်းနည်းသွားရင် ဝယ်မယ့် အင်အားက များလာမယ်။ ဒါကြောင့် လက်ရှိမှာ
လိုအပ်တဲ့ လိုင်းအင်အားတွေ ပြင်ဆင်နေတယ်။
လာမယ့် ဘတ်ဂျက် နှစ်စမှာတော့
ဈေးနှုန်းတွေ လျှော့ပေးဖို့ရှိတယ်။ ကျပ်တစ်သိန်းခွဲနဲ့ တစ်သိန်းဝန်းကျင်
ဖြစ်မှာပါပဲ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖုန်းများ ရောင်းချရာတွင် ဝယ်ယူလိုသည့် ပမာဏအတိုင်း
ရောင်းချပေးနိုင်ရန် အစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး ကျပ်နှစ်သိန်းတန်
ဖုန်းများ ရောင်းချစဉ်က ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှုကြောင့်
ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဖုန်းတွေဈေးကျရင် လက်ရှိ ဖုန်းကိုင်နိုင်မယ့် လူဦးရေထက် ထက်ဝက်ကျော်
ဖြစ်သွားမှာပါ။ လက်ရှိမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့
ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေလဲ ရှိပါတယ်” ဟု ယင်းက ထပ်မံပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းတန်
ဂျီအက်စ်အမ်ဖုန်းနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို
ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ အိုင်တီလုပ်ငန်း
လုပ်ကိုင်နေသူ ကိုမိုးဟိန်းက “လူတိုင်း ဖုန်းကိုင်နိုင်ရုံနဲ့ မပြီးဘူး။
လိုင်းတွေကောင်းဖို့လဲ အရေးကြီးပါတယ်။ တခြားနိုင်ငံတွေရဲ့ ဆက်သွယ်ရေး
လမ်းကြောင်းကို အမီလိုက်နိုင်မှ တော်ကာကျမယ်။ အခုဆိုရင် ဆက်သွယ်ရေးနဲ့
ပတ်သက်ပြီး ပုဂ္ဂလိက အခန်းကဏ္ဍက ပိုပြီး ပါဝင်လာတဲ့အတွက် အဆင့်တစ်ခုတော့
မြင့်မားလာမှာပါ” ဟု ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကနဦးအနေဖြင့်
ဂျီအက်စ်အမ်ဖုန်းများကို ရောင်းဈေး ကျပ် ၁၅ သိန်းဖြင့် လည်းကောင်း၊
ယင်းမှတစ်ဆင့် ကျပ်ငါးသိန်းဖြင့် လည်းကောင်း လျှော့ချပေးခဲ့ပြီး ၂၀၁၂
ခုနှစ်အတွင်း ကျပ်နှစ်သိန်းသို့ အဆင့်ဆင့် လျှော့ချပေးခဲ့ကြောင်း ၂၀၁၂
ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင်
ဖော်ပြထားပါသည်။
khitlunge.net.mm မှ . . . . .
လူကြိုက်အများဆုံး
-
သူရဘွဲ့များရှင် ဦးအောင်သိန်းလင်း “ သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ...
-
ရခိုင်ပြည်နယ်၊ သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍ တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကျောင်သား(၃)ဦးအားသံတွဲအက...
-
ဟောလီးဝုဒ်၏ လူသိများသော ရွှေရောင်စုံတွဲ တစ်တွဲအဖြစ် အသိအမှတ် ပြုခံထားရသည့် အော်လန်ဒို ဘလွမ်းနှင့် မီရန်ဒါကားရ်တို့၏ ဆက်ဆံရေးသည် အက်ကြောင်းထ...
-
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ သစ်များ တင်ဆောင်လာသော ဘုတ်တစ်စီးကို မြန်မာ့ ရေတပ်က ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်း ဆီး ကာငွေသိန်း ၁၀၀ ...
-
by ဒီမိုဝေယံ ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအကြောင်း တိုင်ကြားစာကို ဖော်ပြလိ...
Wednesday, July 25, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment