လူကြိုက်အများဆုံး

Wednesday, August 1, 2012

ရခိုင်အရေးအခင်း၌ သံသယရှိ၍ ထိန်းသိမ်းထားသော ကုလဝန်ထမ်းများ ပြစ်မှုများတွင်အမှန်ပတ်သက်မှုရှိကြောင်းနယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ပြောကြား

မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အချို့သည် အမှန်တကယ် ပါဝင်ဆောင်ရွက်ခဲ့သည်ကို သက်သေအထောက်အထားများ ရရှိထားပြီးဖြစ်ကာ တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ 

ယင်းနှင့်စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးက “ကျွန်တော်တို့မှာ သူတို့တွေဟာ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သက်သေအထောက်အထား ရှိထားပြီးပါပြီ။ ဒီအထဲက တစ်ယောက်က ပြစ်မှုနဲ့ မပတ်သက်ဘူးဆိုတာ ထင်ရှားလို့ ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။ တရားဝင် သတင်းထုတ်ပြန်ချက်များအရ အဆိုပါကဲ့သို့ ရခိုင်ပြည်နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့မှုကြောင့် ထိန်းသိမ်းခံထားရသော ကုလသမဂ္ဂဝန်ထမ်းများမှ UNHCR ၃ ဦး၊ WEP မှ ၂ ဦးနှင့် အခြားသော အိုင်အန်ဂျီအိုများမှလည်း ထိန်းသိမ်းခံထားရသူများ ပါဝင်ကာ စုစုပေါင်း ၁၀ ဦးခန့် ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် UNHCR ၏ မဟာမင်းကြီး မစ္စတာအန်တိုနီ ယိုဂူတာရက်စ်က ပြောကြားခဲ့သည်။ ယင်းက “ပြောချင်တာကတော့ ဘယ်သူမှ ဥပဒေရဲ့ အထက်မှာမရှိ ဆိုတာကို လက်ခံပါတယ်” ဟု ပြောသည်။ မောင်တောဒေသတွင် အခြေစိုက်သော ကုလသမဂ္ဂဝန်ထမ်းနှင့် အိုင်အန်ဂျီအို ဝန်ထမ်းများအနက်တွင် ဘင်္ဂါလီလူမျိုးဦးရေသည် အထူးများပြားနေကြောင်း ဒေသခံများထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana ဗဟိုအကျဉ်းထောင် (အင်းစိန်)နှင့် အင်းစိန် ဆေးရုံတို့၌ လေ့လာ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana သည် ဇူလိုင် ၂၉ ရက် ညပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာန ကိုယ်စားလှယ် Mr.Ramesh M.Shrestha နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။ 

ရိုဟင်ဂျာလူမျိုးဟူ၍ မြန်မာနိုင်ငံတွင် လုံးဝမရှိကြောင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း မပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ လုံးဝမရှိပါကြောင်းနှင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုမားစ်ကင်တားနား အပါအဝင် သံအမတ်များ မီဒီယာများကို ပြောကြားလိုက်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အင်ဒိုနီးရှား သံအမတ်ကြီးက ကြားသိရသော သတင်းမျိုးစုံအရ ရိုဟင်ဂျာ ရှိမရှိကို ဝေခွဲမရ ဖြစ်နေရကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဖြေရှင်းပေးစေလိုကြောင်း ပြောကြားသည်ကို တွေ့ရသည်။ 

“ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု လုံးဝမရှိပါဘူး။ သမ္မတကြီးလည်း ပြောဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ၁၈၂၄ မှာ ပထမအကြိမ် မြန်မာနဲ့ ဗြိတိသျှ စစ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဘက် အခြမ်းလည်းပါဝင်ပြီး ကျွန်ဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ဖို့ပဲဖြစ်စေ ကာယလုပ်သား လိုအပ်ချက်အတွက်ကြောင့် ဖြစ်စေ၊ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တရားမဝင် ဝင်ရောက်လာခဲ့တယ်။ ၁၉၈၃ က ကောက်ခဲ့တဲ့စာရင်းမှာ ရိုဟင်ဂျာဆိုတာ တရားဝင် မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာလျှင် ဖော်ပြထားတာ ရှိတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစု ရှစ်စုပဲရှိတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း စသဖြင့်ပေါ့။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုး ၁၃၅  မျိုးမှာ ပါကိုမပါခဲ့ပါဘူး။ ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မြန်မာမှာ မရှိခဲ့ပါဘူး။ ၁၉၇၃၊ ၁၉၈၃ စာရင်းတွေမှာရော မရှိခဲ့တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ နိုင်ငံတကာ မီဒီယာနှင့် အွန်လိုင်း မီဒီယာအချို့တွင် ရိုဟင်ဂျာလူမျိုးဟူ၍ အမည်တပ်ကာ ဝါဒဖြန့်မှုများ ရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ နယ်ချဲ့စနစ်ကြောင့်သာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားလိုက်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအဝှမ်း တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့် အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက် နှစ်ရပ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ 

မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက်


မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊ သူက ဘယ်လို အဓမ္မ ကျင့် တာလဲ။
သိချင်သူများ အတွက် ယခု သြဂုတ်လထုတ် ကွန်ပြူတာဂျာနယ်ကို ဖတ်ကြည့်ရင် သိသွားမှာပါ။

အစိုးရအဖွဲ့ ၀င်များ၏ ပိုင်ဆိုင်မှု့ စာရင်း ပြုစုတင်ပြရေးစာ အွန်လိုင်းပေါ်ရောက်


https://www.facebook.com/aungmyo.tun.52

မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)

ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်သည်။

ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာထိပါးချိုးဖော

က်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်
ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

လေးစားစွာ
လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်

ကျွန်တော်သိတဲ့ ဆရာကြီးမင်းသိင်္ခအကြောင်း တစ်ပိုင်းတစ်စ


ရှစ်လေးလုံး အရေးတော်ပုံကြီး   အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူး ခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာ  တစ်ခုကို ကျွန်တော်ပြန် အမှတ်ရမိပါ တယ်။


ဒီအချိန်မှာ တစ်တိုင်းပြည်လုံးလှည်း နေလှေအောင်း မြင်းဇောင်းမကျန် တစ် ပါတီ စစ်အာဏာရှင် စနစ်ဖြုတ်ချဖို့ သပိတ်မှောက် ဆန်္ဒပြတိုက်ပွဲဝင်နေကြပါ ပြီ။ တစ်နိုင်ငံလုံးမှာ ကျခဲ့ရတဲ့ ကျောင်း သားတွေ၊ ပြည်သူ့ သွေးတွေဟာ စုစည်း လိုက်ရင် မြစ်ကြီးအဖြစ် ချင်းချင်းနီရဲသွား မယ့် အချိန်ပါ။
ကြည်း၊ ရေ၊ လေ တပ်မတော်သား တွေ ပြည်သူလူထုနဲ့ ပူးပေါင်းလာကြပါ ပြီ။ အစိုးရ ၀န်ထမ်းတွေ ဒီမိုကရေစီ တောင်းဆိုဖို့ လမ်းမပေါ် ထွက်လာကြပါ ပြီ။ ဒီအချိန်မှာ ရန်ကုန်မြို့ပေါ်က တိုက် ပွဲဝင် ပိုစတာပေါင်းစုံ ကြားမှာ ကျွန်တော် တို့အလန့်တကြား တွေ့လိုက်ရတဲ့ ပိုစတာ တစ်ခုကတော့ ““ကျော်ဟိန်းဘာလဲ ဘယ် လဲ၊ မောင်သာရ ဘာလဲ ဘယ်လဲ””

မီးလောင်သွားသော ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ၀ါတွင်းသုံးလ သီတင်သုံးဆောင်နိုင်ရန် ယာယီကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း


2 ရခိုင်တွင် ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ၀ါတွင်းသုံးလ သီးတင်သုံးနိုင်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်များက ယာယီကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်တွင် ဆူပူအကြမ်းဖက်မှုကြောင့် စစ်တွေနှင့် မောင်တောတွင် ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်း မီးလောင်ပျက်စီးသွားရာ သံဃာတော် ၄၅ ပါးမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ဘေးလွတ်ရာသို့ ရှောင်တိမ်း သီးတင်းသုံးနေရခြင်းဖြစ်ပြီး အဆိုပါသံဃာတော်များ ၀ါဆိုဝါကပ်အမှီ ယာယီသီတင်းသုံးနိုင်ရန် တပ်မတော်မှ သီတင်းတစ်ပတ်နှင့် အပြီးဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်တွင်း အဓိကရုဏ်းများ ငြိမ်းချမ်းနေပြီပြောသော်လည်း ပြဿနာများ ဆက်လက်ဖြစ်ပွားနေဆဲ


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေခဲ့တဲ့ အဓိကရုဏ်းတွေကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဒေသခံရခိုင် တိုင်းရင်းသားများက တည်ငြိမ်အေးချမ်းပြီလို့ ပြောနေသော်လည်း ရိုင်ဟင်ဂျာအမည်ခံ အကြမ်းဖက် ဘင်္ဂလီမူဆလင်များမှာ ဆက်လက်ပြီး တစ်မျိုးမဟုတ်တစ်မျိုး ကြံစည်နေခြင်းကြောင်း ပြဿနာများ ဆက်လက်ဖြစ်ပွားနေသည်ကို သတင်းရရှိသည်။
“ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာတွင် အကြမ်းဖက်ဘင်္ဂလီမူဆလင်တစ်ဦးက သောက်ရေကန်ကို အဆိပ်ခပ်ရန်လုပ်ကြံတဲ့အတွက် စစ်တပ်က ဖမ်းဆီးသွားပါတယ်။ စစ်တွေတက္ကသိုလ်မှာ လုံခြုံရေးများနေထိုင်တဲ့ အဆောက်အဦးများကိုလည်း ဘုမရွာက ဘင်္ဂလီမူဆလင်ကုလားတွေ ဖျက်ဆီးသွားပါတယ်။ မင်းဂံရပ်ကွက်မှ စခန်းမှူးနဲ့ ရဲသားငါးယောက်ကို သဲချောင်းရွာကို စားနပ်ရိုက္ခပို့ဖို့သွားပါတယ်။ စခန်းမှူးနဲ့ ရဲမှာပါလာတဲ့ လက်နက်တွေကို သဲချောင်းရွာနှင့် သက္ကေပြင်ရွာက ကုလားသုံးထောင်လောက်ဝိုင်းပြီး လက်နက်များကို လုဖို့ကြိုးစားကြပါတယ်။

ကေအိုင်အေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်ရောက်ဖို့ ပြင်ဆင်နေ

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅)ရက်နေ့က ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) တပ်မဟာ (၅)မှ ခေါင်းဆောင်တွေဟာ ၄င်းတို့ လက်အောက်ခံတပ်စခန်းတွေမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ပြည်သူ့စစ် ခေါင်းဆောင်(၅)ဦးကို တပ်မဟာ (၅)သို့ ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

ကေအိုင်အေ တပ်ဖွဲ့များ ညအချိန်မှာ ၀င်ရောက်ပြီးလူသစ်စု

ကချင်ပြည်နယ်မှာ ဇူလိုင်လကုန်ပိုင်းလောက်အထိ မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွား လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့က ကေအိုင်အေတပ်ရင်း (၁၂၁) နဲ့ တပ်ရင်း(၂၇)မှ တန်ဂွန်းနဲ့ လော်ဆန်းခေါင်းဆောင်တဲ့ ကေအိုင်အေ(၃၀)ဦးခန့်ဟာ ကေအိုင်အေ နယ်ဘက်အုပ်ချုပ်ရေး တာဝန်ခံတွေနဲ့ ပူးပေါင်းပြီး အဖွဲ့ငယ်တွေဖွဲ့စည်းကာ လောင်လွင်ကျေးရွာ၊ မိုင်းနောင်၊ နမ့်လင်းပါရွာတွေမှာ ညအချိန် တိတ်တဆိတ် ၀င်ရောက်လူသစ်စုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလူသစ်စုဆောင်းမှုကြောင့် ကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ယောင်္ကျားလေး(၉)ဦးနဲ့ မိန်းကလေး(၂)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။

သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ထောင်ထားသော မြေမြှုပ်မိုင်းအား အပြစ်မဲ့ရွာသားတစ်ဦးနင်းမိသေဆုံး

ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်က တန့်ယန်းမြို့နယ်၊ ပါတက်ကျေးရွာအနီး ၀မ်ဟွေလုံကျေးရွာမှ ရွာသား တစ်ဦးဟာ SSA ၀မ်ဟိုင်းအဖွဲ့လို့လူသိများသော သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့မှထောင်ထားတဲ့ မြေမြှုပ်မိုင်းအား နင်းမိပြီးနေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း အဆိုပါရွာသားများထံမှ သိရှိရပါတယ်။

          မိုင်းနင်းသေဆုံးခဲ့သော ရွာသားအမည်မှာ ပေါ်အောင်ဆိုသူ ပလောင်တိုင်းရင်းသားတစ်ဦး ဖြစ်ပြီး ၎င်း၏ ဇနီးနှင့် လူမမယ်အရွယ်ကလေးငယ် ၄ ယောက်ကျန်ရှိခဲ့ကြောင်း သိရပါတယ်။ ဒေသခံ တောင်သူ တွေရဲ့ ပြောစကားအရ ပေါ်အောင်ဟာ ၀မ်ဟွေလုံမှ ၎င်းရဲ့တောင်ယာသို့အသွားလူသွားလမ်းပေါ် မှာပဲ SSPP/SSA အဖွဲ့မှထောင်ထားသော မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ဒု သမ္မတသစ် ခန့်ရေး ကြန့်ကြာမှု ဝေဖန်ပြောဆိုနေ

တပ်မတော်သား ကိုယ်စားလှယ်များက ဒု သမ္မတအဖြစ် အမည်စာရင်း တင်သွင်းထားသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ (ဓာတ်ပုံ – ဧရာဝတီ)
လစ်လပ်နေသည့် ဒု သမ္မတ ရာထူးအတွက် အတည်ပြုခန့်အပ်ရန် ကြန့်ကြာနေခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အကြား ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်နေသည်။
အမျိုးသား ဒီမိုကရေစီသစ် ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“ဒု သမ္မတလောင်း တယောက်တည်း ကို ဒီလောက်ကြာအောင်သုံးသပ် စိစစ်စရာ မလိုဘူးထင်တယ်၊ ပထမအကြိမ်တုန်းက သုံးရက်လောက်ပဲကြာတယ်”ဟု ဆိုသည်။

ဂျာနယ် ၂ စောင်ကို အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်း

ရန်ကုန် အခြေစိုက် The Voice ဂျာနယ်နှင့် Envoy ဂျာနယ် တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးက ယနေ့မှစ၍ ထုတ်ဝေခွင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေ (ဓာတ်ပုံ – ဧရာဝတီ)
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ၂၀၁၁ ခုနှစ် ညွှန်ကြားချက် ၄၄ ကို ဖောက်ဖျက်မှုနှင့် ယင်း ဂျာနယ်များကို ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း ယနေ့ ရန်ကုန် စာပေစိစစ်ရေးဌာနတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။
“နောက်ကြောင်း ပြန်လှည့်တယ်လို့ မယူဆ စေချင်ပါဘူး။ The Voice ဂျာနယ်က စာပေစိစစ်ရေးကို မတင်ပြဘဲ သတင်း ၈ ပုဒ် ထည့်သွင်းခဲ့သလို၊ Envoy ဂျာနယ်က သတင်း ၇ ပုဒ်ကို ခွင့်ပြုချက်မရှိဘဲ ဖော်ပြပါတယ်။ ကျန်တဲ့ စည်းကမ်း ချိုးဖောက်မှု တွေ ကလည်း အများကြီးပါ။ ဒါတွေတော့ ကျနော် မပြောတော့ပါဘူး” ဟု ဦးတင့်ဆွေက ပြောသည်။

မောင်တောမှာ ကင်တာနာကို ဆန္ဒပြ

ဇူလိုင် ၃၀ ရန်ကုန်သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ မစ္စတာ ကင်တာနာ (ဓာတ်ပုံ- ဧရာဝတီ)
ရခိုင်ပြည်နယ် မောင်တောမြို့သို့ ယနေ့နေ့လယ်က ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့် အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာကို ဒေသခံ ရခိုင် တိုင်းရင်းသား ၂၀၀ ခန့် က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသခဲ့ကြောင်း သတင်းရရှိသည်။
“နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားပါ”၊ “မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို လေးစားပါ”၊ “တိုင်း ရင်းသားတို့၏ လူ့အခွင့်အရေးကို လေးစားပါ”၊ “မျှမျှတတ ဆက် ဆံပါ” ဟူသော တောင်းဆိုချက် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသူများက ကင်တာနာ၏ ယဉ်တန်း ဘေးဝဲယာမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

စစ်ရေးနည်း တခုတည်းဖြင့် ရေရှည်လုံခြုံမှု မတည်ဆောက်နိုင်

ပါကစ္စတန်အခြေစိုက် အစွန်းရောက် တာလီဘန်အဖွဲ့က မြန်မာကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုကြောင်းနှင့် လုံခြုံရေး အပြည့်ရှိကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သော်လည်း ရခိုင်ပြည်နယ် ပဋိပက္ခများအပေါ် အခြေပြုပြီး အစ္စလမ်မစ် စစ်သွေးကြွ လှုပ်ရှားမှုများ ကျယ်ပြန့်လာနေသည်မှာ အမှန်ဖြစ်သည်၊ မြန်မာ အစိုးရအနေဖြင့် ပေါ်ထွန်းစ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး အလားအလာများကို ဖျက်ဆီးနိုင်သော ပေါ်လစီနှင့် လုပ်ဆောင်ချက် ခြေလှမ်းမမှားရန် ကြီးစွာ သတိပေးနေ သလိုလည်း ဖြစ်သည်။
ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင် ဘာသာဝင်များအရေးကို အကြောင်းပြုပြီး မွတ်စလင်ကမ္ဘာမှ အစ္စလမ်ဘာသာရေး အစွန်းရောက် ဂျီဟဒ်ဝါဒီများက ယခင် နာမည်ပင် မကြားဖူးခဲ့သည့် မြန်မာနိုင်ငံကို ယခုအခါ ပစ်မှတ်ထားမှု ရုတ်တရက် ကျယ်ပြန့် ကြီးထွား လာနေခဲ့ကြောင်း သတင်းပေးပို့ချက်များက ဖော်ပြနေသည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်

ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။

“ သူတို့က လူ့အခွင့်ရေး ကိုယ်စားလှယ် ကားတန်းနဲ့ မောင်တောမြို့ထဲကို လာရောက်ကြည့်ရှု့တဲ့ အခါ မြို့ထဲမှာ ပိုစတာတွေ ကိုယ်စီကိုင်ပြီး ဆန္ဒဖေါ်ထုတ်ကြတာကို တွေ့ရပါတယ်။ လူပေါင်းက ၂၀၀ ခန့်ရှိပါမယ်။ ဘေးပတ်ဝန်းကျင်က လာကြည့်တဲ့သူတွေကလည်း ၃၀၀- ၄၀၀ လောက်ရှိတာ ကို တွေ့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖေါ်ထုတ်ကြတာပါ” ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေ သူ ကိုကျော်အေးမောင်က ပြောသည်။

ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား

ရန်ကုန် (မဇ္ဈိမ) ။        ။ လစ်ဟာနေသော ဒုတိယ သမ္မတနေရာသို့ အစားထိုး ခန့်ထားနိုင်မည့်သူနှင့် ပတ်သက်၍ ခန့်မှန်းချက် အမျိုးမျိုး ပေါ်ထွက်နေချိန်တွင် ယခုနောက်ဆုံး ရေပန်းစား  လာသူမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်သည်။

စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၆ ကျောင်းဆင်း ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်များက သဘောတူပြီးဖြစ်သည်ဟုနေပြည်တော်ရှိ ထိပ်တန်း သတင်းရပ်ကွက်တခုက ပြောသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း ဝန်ကြီး ထပ်လောင်းပြောဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံရှိ တိုင်းရင်းလူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ထပ်လောင်း ပြောကြားလိုက်သည်။

ကိုလိုနီခေတ်အပြင် လွတ်လပ်ရေးရပြီးနောက် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းများကို ကိုးကား၍ ဝန်ကြီး ဦးခင်ရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသွားခြင်း ဖြစ်သည်။

“ကျနော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျနော်တို့ လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး” ဟု ဆိုသည်။

အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင် ယာယီ ရပ်ဆိုင်းခံရ

ချင်းမိုင်၊ ရန်ကုန် (မဇ္စျိမ) ။        ။ အပတ်စဉ်ထုတ်ဝေနေသော The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို
ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

သတ်မှတ် စည်းကမ်းချက်များ ချိုးဖောက်သည်ဟု ဆိုကာ အင်္ဂါနေ့ နံနက်ပိုင်းက ယင်းဂျာနယ်တိုက်များမှ တာဝန် ရှိသူများကို စာပေစိစစ်ရေးက ခေါ်ယူတွေ့ဆုံကာ လာမည့်အပတ်မှစတင်၍ ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

“လောလောဆယ်တော့ အကန့်အသတ်မရှိ ယာယီထုတ်ဝေခွင့် ရပ်နားတယ်။ ဒီနေ့မနက်ပဲ ခေါ်ပြောတယ်။ အကြောင်း ကတော့ စိစစ်ရေးက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာလို့၊ ဘယ်အကြောင်း အရာကြောင့်ဆိုပြီး မပြောဘူး” ဟု The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က မဇ္ဈိမကို ပြောသည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ရခိုင်အချို့ ဆန္ဒပြ

စံခလပူရီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကို အင်္ဂါနေ့ နေ့လည်ပိုင်းတွင် ဒေသခံ ရခိုင်တိုင်းရင်းသား ၂၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း ကိုယ်တိုင် တွေ့မြင်ခဲ့သည့် ဆရာတော်တပါးက မိန့်သည်။

‘နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားပါ’၊ ‘မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပါ’၊ ‘တိုင်းရင်းသားတို့၏ လူ့အခွင့်အရေးကို လေးစားပါ’၊ ‘မျှမျှတတ ဆက်ဆံပါ’ ဟူသည့် တောင်းဆိုချက် အချက် လေးချက် ပါသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခြင်း ဖြစ်သည်။

စစ်တပ်၊ အစိုးရနှင့် NLD တွင်ပါ ရှေးရိုးစွဲများရှိဟု သမ္မတပြော

ရန်ကုန် (မဇ္ဈိမ) ။      ။ တပ်မတော်နှင့် အစိုးရတွင်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ ရှိနေသည်ဟု စင်္ကာပူအခြေစိုက် ရုပ်သံလွှင့် သတင်းဌာန တခု ဖြစ်သည့် CNA က တွေ့ဆုံမေးမြန်းရာတွင် သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသည်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံသို့ သမ္မတ ဦးသိန်းစိန် သွားရောက်စဉ် CNA ၏ မေးမြန်းမှုကို မြန်မာသမ္မတ ပြန်လည်ဖြေကြားခဲ့မှုအား တနင်္လာနေ့ ညနေပိုင်းတွင် ထုတ်လွှင့်ပြသသွားခြင်း ဖြစ်သည်။

တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ ပီနန်အိတ်စက်ရုံ လုပ်သားများ ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ TE SEL ပီနန်အိတ် စက်ရုံမှ လုပ်သားများသည် လစာ တိုးမြှင့်ပေးမှု နှုန်းထားများ မညီမျှမှုကို မကျေနပ်၍ အင်္ဂါနေ့ နံနက် ၁ဝ နာရီခန့်မှ စတင် ဆန္ဒပြလျက်ရှိသည်။

အဆိုပါ စက်ရုံက ဝန်ထမ်းအသစ်များကို FEC ၁၅ ဒေါ်လာ (ငွေကျပ် ၁၃,ဝဝဝ နီးပါး)ခန့် တိုးမြှင့်ပေးလိုက်သော်လည်း လုပ်သက်ရင့် ဝန်ထမ်းများကိုမူ လုံးဝတိုးမပေးသည်ရှိသလို အများဆုံး FEC ၄ ဒေါ်လာ (ငွေကျပ် ၃,၅ဝဝ)ခန့်သာ တိုးမြှင့်ပေးသဖြင့် မကျေနပ်ကြခြင်း ဖြစ်သည်။ လုပ်သက်ရင့် ဝန်ထမ်းများက ကျပ်ငွေ ၁၅,ဝဝဝ ခန့် တိုးမြှင့်ရရှိလို ကြသည်။

“ဒီလ လစာကတည်းက တိုးလိုချင်တယ်” ဟု ဆန္ဒပြ အလုပ်သမားတဦးက ပြောသည်။

ထို့ပြင် “ကျနော်တို့ကိုတော့ လစာကို မြန်မာငွေ ထောင်ဂဏန်း လောက်ပဲ တိုးပေးတော့ ကျနော်တို့ ဒီစက်ရုံမှာ လုပ်သက်အများကြီး ရင်းထားရတာ အလကားပဲပေါ့” ဟု လုပ်သက် ၁ဝ နှစ်နီးပါး ရှိသည့် လုပ်သားတဦးက ပြောသည်။

ဆန္ဒပြမှုကို တောင်ဒဂုံမြို့နယ် အလုပ်သမားဦးစီးဌာနမှ အရာရှိများက ဝင်ရောက် ညှိနှိုင်း ဖြန်ဖြေမှုများ ပြုလုပ်ပေး
နေသော်လည်း ညနေ ၄ နာရီ အချိန်အထိ ပြေလည်မှု မရရှိသေးပေ။

ထိုစက်ရုံမှ အလုပ်သင် ဝန်ထမ်းတဦးသည် ပုံမှန်အားဖြင့် လစာငွေ ကျပ် ၃၂,ဝဝဝ ရရှိပြီး လုပ်သက် ကိုးနှစ်ရှိ ဝန်ထမ်းတဦးလျှင် အချိန်ပိုလုပ်ခများနှင့် လစာရင်း နှစ်ခုပေါင်း ငွေကျပ် ခြောက်သောင်းခန့် ရရှိသည်ဟု သိရသည်။

ဝန်ထမ်း ၄ဝဝ ကျော် ရှိသည့် အဆိုပါစက်ရုံသည် ၈ နာရီဆိုင်း သုံးဆိုင်းဖြင့် ၂၄ နာရီ လည်ပတ်နေသည်။ လုပ်သက် အရင့်ဆုံးဝန်ထမ်းမှာ ၁၆ နှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး လုပ်သက် ၄ နှစ်၊ ၈ နှစ် နှင့် ၁ဝ နှစ်ရှိ ဝန်ထမ်းများလည်း ရှိသည်။

လစာများ ညီမျှစွာ တိုးမြှင့်မပေးမချင်း ဆန္ဒပြခြင်းကို ရပ်တန့်မည်မဟုတ်ဟုလည်း အလုပ်သမားများက ဆိုသည်။

ဤကဲ့သို့ စက်ရုံလုပ်သားများ ဆန္ဒပြမှုအပေါ် စက်ရုံ စီမံမန်နေဂျာ ကိုကျော်နိုင်ဦး က တစုံတရာ မှတ်ချက်မပြုလိုဟု ဆိုသည်။

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ သမ္မတထံ တင်ပြရမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။

“ဟုတ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၁၀၁ အရ စာရင်းပြုစုပြီး ပေးပို့ပေးဖို့ ညွှန်ကြားတာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။