လူကြိုက်အများဆုံး

Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Wednesday, August 1, 2012

မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက်


မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊ သူက ဘယ်လို အဓမ္မ ကျင့် တာလဲ။
သိချင်သူများ အတွက် ယခု သြဂုတ်လထုတ် ကွန်ပြူတာဂျာနယ်ကို ဖတ်ကြည့်ရင် သိသွားမှာပါ။

စစ်ရေးနည်း တခုတည်းဖြင့် ရေရှည်လုံခြုံမှု မတည်ဆောက်နိုင်

ပါကစ္စတန်အခြေစိုက် အစွန်းရောက် တာလီဘန်အဖွဲ့က မြန်မာကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုကြောင်းနှင့် လုံခြုံရေး အပြည့်ရှိကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သော်လည်း ရခိုင်ပြည်နယ် ပဋိပက္ခများအပေါ် အခြေပြုပြီး အစ္စလမ်မစ် စစ်သွေးကြွ လှုပ်ရှားမှုများ ကျယ်ပြန့်လာနေသည်မှာ အမှန်ဖြစ်သည်၊ မြန်မာ အစိုးရအနေဖြင့် ပေါ်ထွန်းစ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး အလားအလာများကို ဖျက်ဆီးနိုင်သော ပေါ်လစီနှင့် လုပ်ဆောင်ချက် ခြေလှမ်းမမှားရန် ကြီးစွာ သတိပေးနေ သလိုလည်း ဖြစ်သည်။
ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင် ဘာသာဝင်များအရေးကို အကြောင်းပြုပြီး မွတ်စလင်ကမ္ဘာမှ အစ္စလမ်ဘာသာရေး အစွန်းရောက် ဂျီဟဒ်ဝါဒီများက ယခင် နာမည်ပင် မကြားဖူးခဲ့သည့် မြန်မာနိုင်ငံကို ယခုအခါ ပစ်မှတ်ထားမှု ရုတ်တရက် ကျယ်ပြန့် ကြီးထွား လာနေခဲ့ကြောင်း သတင်းပေးပို့ချက်များက ဖော်ပြနေသည်။

Thursday, July 26, 2012

မြန်မာတွေ အကြည့်များသည့် planet ၀ဘ်ဆိုက် ဖျက်ဆီးခံရ


 http://www.planet.com.mm/

 မွတ်စလင် ကုလားတစ်ယောက် ဖျက်ဆီးသွားတာလို့ ယူဆရပါတယ်။



Wednesday, July 25, 2012

26.7.2012 မှ 1.8.2012 အထိ(၇) ရက်သားသမီးဟောစာတမ်း ဒေါက်တာထွန်းလင်း( ဘုတလင် )


တနင်္ဂနွေ

          စိတ်ပြောင်းလဲမှု့တွေရှိမည်။ စိတ်သစ်၊လူသစ်အင်အားသစ်တို့စတင်မွေးမြူ ခြင်းများဖြစ်မည်။အားလုံးကိုမေ့ပစ်ဖို့ ကြိုးစားချင်စိတ်နှင့် ခွင့်လွှတ်ချင်စိတ်တွေရှိနေမည်။တချို့ကိစ္စတွေဥပက္ခာပြု ဖြစ်မည်။ ဆန္ဒတွေလည်းပြောင်းပစ်တတ်သည်။    ငွေဝင်မည်။  ငွေစုလို့မရ ဖြစ်မည်။ အချစ်ရေးအဆင်မပြေရာမှ ပြန်၍ အဆင်ပြေလာမည်။ အလုပ်ပြောင်းရွှေ့မှု ဖြစ်မည်။ စက်ပစ္စည်းပြောင်းလဲဖြစ်မည်။ အလုပ်မှာအတိုက်အခံကြုံမည်။

အကျိုးပေးဂဏန်း         - ၀၊ ၁၊ ၂။
အထူးဟော               -အားလုံးပြောင်းလဲမှုဖြစ်မည်။
ယတြာ                     - ငါးတွေကိုတနင်္ဂနွေ နေ့မှာအစာကျွေးပါ။

တနင်္လာ

          သံယောဇဉ်တွေများနေမည်။ အချစ်ရေးတွေများနေမည်။ ချစ်သူသစ်တွေ့မည်။ အသစ်အသစ် တွေများနေမည်။ လုပ်ငန်းသစ်လုပ်ရမည်။ ခရီးစဉ်များနေမည်။ ခြေ ၊လက်ခိုက်မိတတ်သည်။ လက်ဆောင်တွေ၊ ဓာတ်ပုံတွေရမည်။ ကတိမလွန်ပါစေနှင့်။ စကားပြောဆင်ခြင်ရမည့်ကာလဖြစ်သည်။ အလုပ်အကိုင်အဆင်ပြေမည်။ အကြီးအကဲတို့၏ အကူအညီရမည်။ ရှယ်ယာလုပ်ငန်းများလုပ်ရမည်။ အောင်မြင်မည်။ ရစရာငွေတို့ဝင်လာမည်။

အကျိုးပေးဂဏန်း         - ၁၊ ၂၊ ၃။
အထူးဟော               - အရာရာ ဆန္ဒမစောသင့်ပါ။
ယတြာ                     - တနင်္လာနေ့တွင် ငှက်ကလေးတွေကိုအစာကျွေး လိုက်ပါ။

အင်္ဂါ

                   ပထမ ၃ ရက်အတွင်းအခြေအနေ နှင့် ဖြစ်ရပ်များနှင့် နောက် ၄ ရက်အတွင်းဖြစ်လာမည့် အခြေအနေ   နှင့် ဖြစ်ရပ်တို့မတူခြားနားပြောင်းလဲမှု့တို့ဖြစ်လာမည်။ ပထမ ၃ရက်အတွင်း အခြေအနေမှာစိတ်ဓာတ်ကျစရာများ၊ စိတ်ရှုပ်စရာများစိတ်တိုင်းမကျစရာများ ကြုံမည်။ နောက်ကျန် ၄ ရက်မှာတော့ ကံကောင်းခြင်း၊ အဆင်ပြေခြင်း ၊စိတ်ချမ်းသာရခြင်း ၊ ငွေရခြင်း ၊ ပျော်စရာဝမ်းသာစရာ သတင်းကြားရခြင်းတို့ကြုံတွေ့မည်။ ဆန္ဒတွေအောင်မြင်မှု ရခြင်းတို့ဖြစ်လာပါမည်။ ခရီးယာယီသွားရမည်။ ထီးထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ၆ထိပ်နှင့် ၁၊၄၊၀ ပိတ်ထိုးပါ။ အချစ်ရေးမှာခွဲခွာရတတ်သည်။ အဆင်မပြေဖြစ်လာမည်။ အိမ်ထောင်ရှိသူများအငယ်နှင့်တွေ့ပြီးခွဲခွာသွားရကိန်းမြင်သည်။ စီးပွားရေးလုပ်ဆောင်ချက် တွေအောင်မြင်မည်။

အကျိုးပေးဂဏန်း         - ၁၊ ၅၊ ၇။
အထူးဟော               - ကံကောင်းသောအချိန်ရောက်ဖို့ ၃ရက်ပဲစောင့်ပေးပါ။
ယတြာ                     - အင်္ဂါနေ့တွင် စာကလေးတွေကိုအစာကျွေးပါ။


ဗုဒ္ဓဟူး

          စိတ်သစ်လူသစ် အင်အားသစ်တို့ဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားမှုတွေဖြစ်လာမည်။ ကြိုးစားမှုရှိသလောက် သင်၏အောင်မြင်မှုကလည်းရလာပါလိမ့်မည်။ ပွတ်ကာသီကာထိခိုက်ရှနာမှု့တို့ ဖြစ်တတ်ပါသည်။ ပညာရေးအောင်မြင်မှု့ရမည်။ စွဲလန်းသူတွေ့မည်။ အိမ်ထောင်ပြုရန် ဆန္ဒမရှိသေးလျှင် အချစ်ကိုလက်မခံသင့်ပါ။ လက်ခံလျှင်ရသွားကိန်းရှိပါသည်။ အရာရာအားနာတတ်မှုကြောင့် မှားယွင်းမှု တွေဖြစ်လာပါလိမ့်မည်။ ခရီးယာယီမြင်ပါသည်။ စက်ပစ္စည်းတို့ဝင်လာပါမည်။ အလုပ်အကိုင်ရမည်။

အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
အထူးဟော               - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ ။
ယတြာ                     - ဗုဒ္ဓဟူးနေ့တွင် ငါးတွေကိုအစာကျွေး ပါ။

ကြာသပတေး

          ပိုမသွားနှင့် ၊ ပိုမခင်နှင့်  ၊ ပိုမပြောနှင့်  ၊ ပိုမစားနှင့် ၊ ပိုမချစ် နှင့် ၊ အသွားမတော်တလှမ်းအစားမတော်တလုပ် ဆိုရိုးစကားကဲ့သို့ အမှားတွေနှင့် ကြုံရတတ်သည်။ သတိထားပါ။ စွန့်စားမှု ၊ လွတ်လပ်မှု့ ၊ အပြောကြမ်းမှု့တို့ကိုသတိဖြင့်လုပ်ပါ။ လက်ရှိအလုပ်ကကောင်းနေသည်။ မပြောင်းလိုက်ပါနှင့် ။ လူယုံမထားနှင့်။အချစ်ရေးကောင်းသည်။ ချစ်သူရဲ့အထင်လွဲခြင်းခံရမည်။ ထီကံပါသည်။ ထီထိုးပါ။ ထီပေါက်မည်။ ခရီးယာယီသွားရမည်။

အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
အထူးဟော               - လိုအပ်တာထက်မပိုသင့်ပါ။
ယတြာ                     - ကြာသပတေးနေ့နံနက်တွင် ကြာသပတေးနံဘုရားကိုသပြေပန်းကပ်လှူပါ။


သောကြာ

          သံယောဇဉ်ကြီးခြင်း ၊ အစွဲလန်းကြီးခြင်းချစ်မိပြီဆိုလျှင် အသဲစွဲချစ်တတ်သောစိတ်တို့ကြောင့် စိတ်ဆင်းရဲမှုတွေ   ဖြစ်လာပါလိမ့်မည်။ ကိုယ်ချစ်တဲ့သူကိုမိဘကသဘောမတူ ၊ မိဘသဘောတူသူကိုကိုယ်ကမချစ် ဖြစ်မည်။ လုပ်ငန်းမှာ တပိုင်းတစ နှင့် ရပ်နားရတတ်သည်။ လုပ်ငန်းပြောင်းလဲမှု့ဖြစ်မည်။ နေရာပြောင်းရွှေ့မှု့ဖြစ်မည်။ အရာရာအတိုက်အခံတွေ ကြုံမည်။ ၀မ်းရောဂါ ဂရုစိုက်ပါ။အန္တရယ်မရှိပါ။ ငွေဝင်ငွေထွက်ကြမ်းမည်။ ငွေမချေးနှင့်။ ပြန်မရတတ်ပါ။

အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၈။
အထူးဟော               - ကြမ်းကျွံလျှင် နှုတ်၍ရပြီးစကားကျွံလျှင် နှုတ်မရဖြစ်မည်။ အရာရာကိုဂရုတစိုက်ပြုမူသင့်ပါသည်။
ယတြာ                     - သောကြာနေ့တွင် အိမ်ဘုရားကိုသစ်သီး ၉ မျိုးလှူပါ။


စနေ

          အရာရာအသစ်တွေလုပ်ရခြင်း ၊ ဆက်ဆံရခြင်း ၊ သွားလာရခြင်းတို့ဖြစ်လာမည်။ ရည်ရွယ်ချက်အသစ်တွေ   ပြောင်းလဲမှုဖြစ်လာပါမည်။ ခရီးဝေးယာယီသွားရမည်။ ငွေကုန်ကြေးကျများမည်။ သင်၏ ပညာရေး (သို့မဟုတ်) အလုပ်အကိုင်အတွက် ကူညီသူပေါ်မည်။ ပြောဆိုမှု့များအောင်မြင်မည်။ အင်တာဗျူးအောင်မည်။ ကျန်းမာရေးကောင်းမည်။  လူချစ်လူခင်များမည်။ အဝေးက စွဲလန်းသူတွေ့မည်။ညခရီးဆင်ခြင်ပါ။ စိတ်ချမ်းသာမှုစိတ်အားထက်သန်မှု တို့ဖြစ်မည်။

အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၆။
အထူးဟော               -ဆန္ဒတွေအောင်မြင်မည်။
ယတြာ                     - စနေနေ့တွင် စနေနံဘုရားကိုရေလှူပါ။
myitmakhamediagroup