ထိုင်း
– မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း စံခလဘူရီ အရပ်ရှိ အထည်ချုပ် စက်ရုံတရုံတွင်
အလုပ်လုပ်နေကြသော မြန်မာ အလုပ်သမများ (ဓာတ်ပုံ – Reuters)
ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းမှုနှင့် ဒေါ်လာဈေး မတည်ငြိမ်မှုတို့ကြောင့်
မြန်မာနိုင်ငံတွင် ချုပ်လုပ်၍ ပြည်ပ တင်ပို့နေသော အထည်ချုပ် စက်ရုံ ၁၈၀
ကျော်တို့ ယခုနှစ်အတွင်း အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။လူကြိုက်အများဆုံး
-
မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အခ...
-
From : မေသဇင် အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်း...
-
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana သည် ဇူလိုင် ၂၉ ရက် ညပိုင်...
-
https://www.facebook.com/aungmyo.tun.52
-
KIAတပ်ရင်း(၆)မှ ရော်ကာအိုင်စခန်းမှာ အလှည့်ကျတာဝန်ထမ်းဆောင်ရတဲ့ KIA တပ်ဖွဲ့ဝင် ဇော်မျိုးထွယ်ဟာ ကထန်စခန်းမှာ နေပြီး အစိုးရတပ်တစ်တပ်သို့ မနေ့...
Saturday, July 28, 2012
အရောင်တွေနဲ့ လွှတ်တော်
ဒီလမ်းမကြီးကတော့ မြန်မာပြည်မှာ အကျယ်ဆုံးနဲ့ အပြေပြစ်ဆုံး
လမ်းမကြီးလို့ ယူဆရပါတယ်။ ကားလည်းမရှုပ်၊ ရှောင်စရာ ချိုင့်လည်း တခုတောင်
မရှိသေးတဲ့ ဒီလမ်းမကြီးပေါ်မှာ လက်တဆုပ်စာ SUV နဲ့
ဆီဒင်ကားတွေပဲသွားလာကြပြီး မနက်တိုင်း ဂိတ်ဝ ကြီးတခုဆီ ရောက်လာနေကြတာပါ။
ခပ်လှမ်းလှမ်းက ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီကားတွေဟာ ဝှိုက်ဘုတ်အကြီးကြီး
တချပ်ပေါ်မှာ ပုရွက်ဆိတ်တွေ ဟိုဖက်ကနေဒီဖက် အသော့နှင်နေသလိုပါပဲ။ ဒါကတော့
မြန်မာ့လွှတ်တော်ကြီးရဲ့ အဝင်လမ်းပေါ့။
လွှတ်တော်အမတ်တွေရဲ့ ကားတွေကိုပဲ ဒီလမ်းပေါ်ကနေ လွှတ်တော်အဆောက်အအုံတွေရှိရာဆီ မောင်းခွင့်ပြုတာဖြစ်ပါတယ်။
လွှတ်တော်အမတ်တွေရဲ့ ကားတွေကိုပဲ ဒီလမ်းပေါ်ကနေ လွှတ်တော်အဆောက်အအုံတွေရှိရာဆီ မောင်းခွင့်ပြုတာဖြစ်ပါတယ်။
နေဗီဆိပ်ကျေးရွာမှ ရခိုင်အမျိုးသားတစ်ဦး (၂) ရက်ခန့် ပျောက်ဆုံးနေပြီး အလောင်းကိုသာတွေ့ရှိ
ရခိုင်ပြည်နယ်၊
ရသေ့တောင်မြို့နယ်၊ နေဗီဆိပ်ကျေးရွာမှ ဦးသာမောင်သည် ယခုလ၂၅ ရက်နေ့က
ပျေက်ဆုံးသွားရာမှ ၂၇ နေ့ တွင် ညောင်ပင်လှကျေးရွာ ဘုတ်ဆိပ်တွင် အလောင်းကို
တွေ့ရှိရာ ဒေသဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ စစ်ဆေးမှု မပြုလုပ်ဘဲ သင်္ဂြ
ိုလ်လိုက်ကြောင်း သတင်းရရှိသည်။
ဦးသာမောင်
အလောင်းကို တွေ့ရှိသဖြင့် သက်ဆိုင်ရာ ရဲသားများကို ရွာသားများက ချက်ချင်း
အကြောင်းကြားသော်လည်း ရောက်ရှိမလာဘဲ နောက်ပိုင်းတွင် သေဆုံးမှုအပေါ်စစ်ဆေးမှု
တစုံတရာ မပြုလုပ်ဘဲ အလောင်းကို မြှုပ်နှံသင်္ဂြိုလ်လိုက်ကြောင်း
သတင်းရရှိသည်။
ဦးသာမောင်
မှာ အသက် ၅၀ ရှိပြီး နွားကျောင်းသွားရာမှ အိမ်သို့ပြန်မရောက်သည့်အတွက် ၂၅
ရက်နေ့က ရွာသားများ ၎င်းသွားနိုင်သည့် နေရာနှင့် ရွာပတ်ဝန်းကျင်နေရာအနှံ့
လိုက်လံရှာဖွေသော်လည်း မတွေ့ရှိဘဲ ၂၇ ရက်နေ့မှ
အလောင်းကိုတွေ့ရှိခြင်းဖြစ်သည်။
Labels:
သတင်း
ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်းချရန် ငွေကြေးများကောက်ခံနေ
ရခိုင်ပြည်နယ်
ပေါက်တောမြို့နယ် မြေငူကျွန်း၊ အင်ကြင်းချိုင်ကျွန်း၊
ပိန္ဒဲချောင်းကျွန်းရှိ ကျေးရွာများတွင် န.စ.က မှ
တပ်စခန်းချရန်ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံလျှက်ရှိကြောင်း
သတင်းရရှိသည်။
“
ပေါက်တောမြို့နယ် ပိန္နဲချောင်းကျေးရွာအုပ်စု၊ ကျောက်ပြင်ကျေးရွာတွင်
ရပ်ရွာကိုလုံခြုံရေးယူရန်အတွက် တပ်ဖွဲ့အင်အား (၆၀)ခန့် ပါသော န.စ.က
တပ်စုတစ်စုသည် ယခုအခါ ကျနော်တို့ ကျောက်ပြင်ကျေးရွာကို လုံခြုံရေးယူရန်
ရောက်နေပါတယ်။ သူတို့ ရောက်ပြီးသိပ်မကြာဘူး ပိန္န္နဲချောင်းကျွန်းစု
Labels:
သတင်း
ကျောင်းသား ၃ ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် သံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးခံနေရ
ရခိုင်ပြည်နယ်၊
သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍ တရားစွဲဆိုထားသော
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကျောင်သား(၃)ဦးအားသံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
သံတွဲမှ
ညီမင်းခန့်၊ ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ ဂွမြို့နယ်မှ သန့်စင်ဖြိုး
စသောကျောင်းသား(၄)ဦးအား ဇူလိုင်လ(၂၀)ရက်နေ့က ဖမ်းဆီးသွားပြီး (၂၆)ရက်နေ့ရုံးထုတ်ရာတွင်
သန့်စင်ဖြိုးမှာ အာမခံချက်ဖြင့် ပြန်လွတ်လာပြီး လက်ရှိတွင် ကျန်(၃)ဦးမှာ
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် သံတွဲထောင်တွင်ဖမ်းဆီးထားကြောင်း သိရသည်။
Labels:
သတင်း
Subscribe to:
Comments (Atom)