လူကြိုက်အများဆုံး

Monday, July 23, 2012

ထိုင်ဝမ် EVA AIR ရန်ကုန်သို့ပျံသန်းမည်

မြန်မာနိုင်ငံသည်ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေခြင်းကြောင့် သွားရောက်မည့်သူများ တိုးတက်လာရန် မျှော်မှန်းထားသောကြောင့် ထိုင်ဝမ်၏ EVA Airways သည် အောက်တိုဘာလမှစ၍ ရန်ကုန်မြို့သို့ တစ်ပတ်လျှင်သုံးကြိမ် ပျံသန်းမည်ဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက သောကြာနေ့က ပြောကြားခဲ့သည်။


အဆိုပါလေကြောင်းလိုင်းက ပြောကြားရာတွင် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တိုးရစ်များ ရန်ကုန်သို့ ပိုမို သွားရောက်မည်ကို မျှော်မှန်း၍ စတင်ပျံသန်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုင်ဝမ်၏ အကြီးဆုံးနိုင်ငံတကာလေကြောင်းလိုင်းဖြစ်သော China Airlines က မကြာမီကပင် ကြေညာခဲ့ရာတွင် စက်တင်ဘာလလယ်မှစ၍ တစ်ပတ်လျှင် လေးကြိမ်ပျံသန်းနေရာမှ ငါးကြိမ်တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏အဓိကလေဆိပ်သည် ယခုနှစ်တွင်ခရီးသည်များ ပိုမိုကိုင်တွယ်နိုင်မည်ဟု မျှော်လင့်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တစ်ချိန်က အပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါဧည့်သည်များ အလုံးအရင်းဝင်ရောက်လာသောကြောင့် နိုင်ငံတကာလေဆိပ်သစ် တစ်ခုကို စီစဉ်လာရတော့သည်။

No comments:

Post a Comment