လူကြိုက်အများဆုံး

Monday, July 23, 2012

ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယကိုသွားမည်ဟုသိရ



မြန်မာ့တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ်လ ဆန်းပိုင်းတွင် အိန္ဒိယသို့ တစ်ပတ် ကြာသွားရောက် လည်ပတ်မည် ဟုသိရသည်။

သြဂုတ်လ (၁)ရက်နေ့တွင် ရောက်ရှိလာမည့် မြန်မာ့တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်သည် (၃)ရက်နေ့တွင် အိန္ဒိယကာကွယ် ရေးဝန်ကြီး A K Antony အပြင် ရေတပ်ဦးစီးချုပ် လေတပ်ဦးစီးAdmiral Nirmal Vermai လေ တပ်ဦးစီးချုပ်Chief Marshal N A K Browne နှင့် ကြည်းတပ်ဦး စီးချုပ်General Bikran Singhတို့နှင့် နယူးဒေလီတွင် တွေ့ဆုံရန် ရှိကြောင်း သိရသည်။
ဒေသတွင်းတွင် တရုတ်နိုင်ငံ   အနေဖြင့် နယူးဒေလီအား (အိန္ဒိ ယအား) နောက်တစ်ကြိမ်အသာ စီးမရယူနိုင်ရေး အာမခံနိုင်ရန် မူဝါဒတစ်ခုလုံးနှင့်အညီ ဤသို့ မြန်မာ့ ထိပ်တန်းတပ်မတော် ခေါင်းဆောင်တစ်ဦး လာရောက် ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
ခရီးစဉ်အတွင်းတွင် ဒုဗိုလ် ချုပ်မှူးကြီးသည် ကိုလ်ကတ္တား အခြေစိုက် အရှေ့တိုင်း စစ်ဌာန ချုပ်နှင့် Visakhapatnam ရှိ အရှေ့ တိုင်း ရေတပ်မတော် ဌာနချုပ်တို့ အပြင် အခြားသော ကာကွယ် ရေအခြေစိုက် ဌာနများသို့လည်း သွားရောက်မည်ဖြစ်သည်။
သြဂုတ်လ (၈)ရက်နေ့အထိ အိန္ဒိယတွင် ရှိနေစဉ်အတွင်း မြန်မာခေါင်းဆောင်များ အိန္ဒိယ သို့လာရောက်တိုင်း သွားရောက် လေ့ရှိသည့် ဗုဒ္ဓဂေဟာဘုရားဖူး အစီစဉ်လည်း ပါဝင်မည်ဖြစ်သည် ဟုသိရသည်။
““ယခု ခရီးစဉ်မှာ မေလကုန် ပိုင်းက အိန္ဒိယ ၀န်ကြီးချုပ်ဒေါက် တာ မန်မိုဟန်ဆင်း နေပြည်တော် နှင့် ရန်ကုန်သို့ သွားရောက်ပြီး နောက် မြန်မာဘက်မှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ပြန်လည်တက် ရောက်ခြင်းလည်းဖြစ်ကြောင်း၊ မစ္စတာ မန်မိုဟန်ဆင်း၏ ၃ရက် ကြာ ခရီးစဉ်အတွင်း မြန်မာအစိုး ရနှင့် နှစ်နိုင်ငံ သဘောတူစာချုပ် (၁၂)ခုလက်မှတ် ရေးထိုးနိုင်ခဲ့သ လို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ အတွင်းကလည်း ၀န်ကြီး (၁၃)ဦး အား ခေါင်းဆောင်၍ မြန်မာ သမ္မတ ဦးသိန်းစိန် အိန္ဒိယသို့ (၄)ရက်ကြာ လာရောက်လည် ပတ်ခဲ့ဖူးကြောင်းလည်းသိရသည်။

No comments:

Post a Comment