လူကြိုက်အများဆုံး

Monday, July 23, 2012

အိန္ဒိယနိုင်ငံ၏ သမ္မတသစ် ပရာနပ်မူခါဂျီ


အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနပ်မူခါဂျီသည် ၄င်း၏ပြိုင်ဘက်ပါလီမန်ဥက္ကဋ္ဌဟောင်း ပါလိုဆန်မာအား အနိုင်ရရှိ၍နိုင်ငံ၏ ၁၃ ယောက်မြောက်သမ္မတဖြစ်လာခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၂ ရက်တွင် ကြေညာခဲ့သည်။
မူခါဂျီသည် မဲအရေအတွက် ၅၅- ၈ဝဝဝ ကျော် ရရှိခဲ့ပြီး ၄င်း၏ပြိုင်ဘက် ဆန်မာမှာ မဲအရေအတွက် ၂၄ဝဝဝဝ ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ထိန်းသွားမှာ ဖြစ်ကြောင်း၊ သမ္မတသစ်ရွေးကောက်ပွဲ သည် အထွေထွေရွေးကောက်ပွဲကဲ့သို့ ၄င်းအနေဖြင့် ခံစားရကြောင်းနှင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကိုလည်း ကျေးဇူးတင်ကြောင်း၊ ယခုကဲ့သို့ရွေးကောက်တင် မြှောက်ခံရသည့်အတွက် အလွန်ပင်ဂုဏ်ယူမိကြောင်းနှင့် ၄င်းအားထောက်ခံ အားပေးသူများကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ၄င်းအပေါ်ထားရှိသည့် ပြည်သူများ၏ မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့်အညီ အစွမ်းကုန် ကြိုးစားနေထိုင်သွားမည်ဖြစ်ကြောင်း သမ္မတသစ် မူခါဂျီက ပြောကြားခဲ့သည်။

No comments:

Post a Comment