"မူးယစ်ပြီး ရေကူးမှု ရေနစ်သေဆုံး"
မရမ်းကုန်းမြို့နယ်
မြကျွန်းသာပန်းခြံအနီးရှိ ကန်ဘောင်မှ ရေဆင်း ကူးရာအသက် ( ၃၂ )နှစ်အရွယ်
အမျိုးသားတစ်ဦးရေနှစ်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဗဟိုမီးသတ်ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုရေနှစ်သေဆုံးမှုမှာ ညနေ ၅နာရီခွဲခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၆နာရီ
၄၀မိနစ်ခန့်တွင်အလောင်းဆယ်ယူရရှိခဲ့သည်။ဆယ်ယူရရှိသည့်အလောင်းအား ည
၇နာရီတွင် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယင်းအခင်း
ဖြစ်ရာနေရာသို့ မီးသတ်ယာဉ် ( ၂ )စီး၊အထောက်အကူပြုယာဉ် ( ၁ )စီးနှင့် အတူ
အုပ်ချုပ်မှုယာဉ် ( ၁ )စီးသွားရောက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက် မှသိရသည်။
သေဆုံးသူ အမျိုးသားမှာ ပဲခူးစုရပ်ကွက်၊သန်လျင်မြို့နယ်တွင်နေထိုင်
သူဖြစ်ပြီး ၄င်းမွေးနေ့တွင် သူငယ်ချင်းများနှင့်အတူ အရက်သေစာသောက်
စားပြီးရေဆင်းကူးရာမှ ရေနှစ်သေဆုံးရခြင်းဖြစ်ကြောင်းသိရသည်။
သုတလင်း
No comments:
Post a Comment