ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့
တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့်
အမဲသား တင်ပို့ပေးနေမှုကို ဇူလိုင် လလယ်ပိုင်းမှ စတင်ရပ်ဆိုင်းထားကြောင်း
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
အမဲသားတင်ပို့မှုကို
တရုတ်နိုင်ငံ၏ ‘တိရိစ္ဆာန်များ၊ သစ်ပင်ပန်းမန်များ အ၀င်အထွက် နှင့်
ပိုးမွှား ကင်းစင်ရေး’ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပိတ်ပင်ကြောင်း
ဇူလိုင်လဆန်းပိုင်းက တရုတ်နိုင်ငံဘက်မှ မြန်မာကုန်သည်ကြီးများနှင့်
စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) အပါအ၀င် မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့သဖြင့် ရပ်ဆိုင်းမှု ဖြစ်လာကြောင်း
မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒု-ဥက္ကဋ္ဌ ဦးဝင်းစိန် က
ပြောသည်။
သို့သော် အမဲသား စက်ရုံ လုပ်ငန်းများ လည်ပတ်မှု
ရပ်ဆိုင်းသွားနိုင်သည့် အနေအထားကြောင့် ဇူလိုင်လလယ်ပိုင်းမှသာ
ကြေညာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“နိုင်ငံတကာ
ကုန်သွယ်မှုမှာ တိရိစ္ဆာန်နဲ့ တိရိစ္ဆာန်ထွက်ပစ္စည်းများ ကူးသန်း
ရောင်းဝယ်တဲ့အခါ ကမ္ဘာ့တိရိစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) ရဲ့ စည်းမျဉ်းအရ
အေးခဲအသား (အမဲသား)တွေမှာ ခွာနာလျှာနာရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်
ရှိနိုင်ပါတယ်။ OIE ရဲ့ ၂၀၁၁ ဥပဒေ စည်းမျဉ်း အပိုဒ် ၈-၅-၃၀ အရ
နွားသားရေတွေကို ဓါတုဆေးဝါးနဲ့ သားရေထုတ်တဲ့ နည်းစဉ်အတိုင်း လုပ်မယ်ဆိုရင်
ရောဂါပိုး ဘေးအန္တရာယ် မရှိကြောင်း ပြဋ္ဌာန်းပါရှိပေမယ့် တရုတ်နိုင်ငံက
အသားထုတ် ကုန်ပစ္စည်း ပိတ်ပင်တားမြစ်ချက်မှာ ကျွဲနွားသားရေ
အကျုံးဝင်/မ၀င်ကိုတော့ သီးခြားဖော်ပြထားတာ မရှိပါဘူး” ဟု ပြောသည်။
သို့ဖြစ်၍
သားရေလုပ်ငန်းရှင်များကလည်း သားရေလုပ် ထုတ်ကုန်ပစ္စည်းများသည်
ခွာနာလျှာနာရောဂါ ကင်းစင်ကြောင်း UMFCCI မှတဆင့် တရုတ်နိုင်ငံသို့
တင်ပြသွားမည် ဖြစ်သည်။
လူကြိုက်အများဆုံး
-
မိတ္ထီလာမြို့အတွင်းရှိ ကျောက်ဖြူကုန်းအုပ်စု မြင်တော်ကန်ကျေးရွာမှာ နေထိုင်တဲ့ ကိုနေလင်းပိုင် ယာမြေတွေကို မိတ္ထီ လာမြို့ စည်ပင်သာယာအမှုဆောင်အရ...
-
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်...
-
လာမည့် ဇူလိုင် ၂၈၊ ၂၀၁၂ ခုတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ ငြိမ်းချမ်းရေးကို အကြောင်းပြ၍ ဆန္ဒ ထုတ်ဖေါ်ခြင်း ပြုလုပ်သွားမည်ဟုသိရသည်။...
-
ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်နှင့် အစိုးရတွင်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ ရှိနေသည်ဟု စင်္က...
-
http://www.planet.com.mm/ မွတ်စလင် ကုလားတစ်ယောက် ဖျက်ဆီးသွားတာလို့ ယူဆရပါတယ်။
Monday, July 23, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment