လူကြိုက်အများဆုံး

Wednesday, July 25, 2012

26.7.2012 မှ 1.8.2012 အထိ(၇) ရက်သားသမီးဟောစာတမ်း ဒေါက်တာထွန်းလင်း( ဘုတလင် )


တနင်္ဂနွေ

          စိတ်ပြောင်းလဲမှု့တွေရှိမည်။ စိတ်သစ်၊လူသစ်အင်အားသစ်တို့စတင်မွေးမြူ ခြင်းများဖြစ်မည်။အားလုံးကိုမေ့ပစ်ဖို့ ကြိုးစားချင်စိတ်နှင့် ခွင့်လွှတ်ချင်စိတ်တွေရှိနေမည်။တချို့ကိစ္စတွေဥပက္ခာပြု ဖြစ်မည်။ ဆန္ဒတွေလည်းပြောင်းပစ်တတ်သည်။    ငွေဝင်မည်။  ငွေစုလို့မရ ဖြစ်မည်။ အချစ်ရေးအဆင်မပြေရာမှ ပြန်၍ အဆင်ပြေလာမည်။ အလုပ်ပြောင်းရွှေ့မှု ဖြစ်မည်။ စက်ပစ္စည်းပြောင်းလဲဖြစ်မည်။ အလုပ်မှာအတိုက်အခံကြုံမည်။

အကျိုးပေးဂဏန်း         - ၀၊ ၁၊ ၂။
အထူးဟော               -အားလုံးပြောင်းလဲမှုဖြစ်မည်။
ယတြာ                     - ငါးတွေကိုတနင်္ဂနွေ နေ့မှာအစာကျွေးပါ။

တနင်္လာ

          သံယောဇဉ်တွေများနေမည်။ အချစ်ရေးတွေများနေမည်။ ချစ်သူသစ်တွေ့မည်။ အသစ်အသစ် တွေများနေမည်။ လုပ်ငန်းသစ်လုပ်ရမည်။ ခရီးစဉ်များနေမည်။ ခြေ ၊လက်ခိုက်မိတတ်သည်။ လက်ဆောင်တွေ၊ ဓာတ်ပုံတွေရမည်။ ကတိမလွန်ပါစေနှင့်။ စကားပြောဆင်ခြင်ရမည့်ကာလဖြစ်သည်။ အလုပ်အကိုင်အဆင်ပြေမည်။ အကြီးအကဲတို့၏ အကူအညီရမည်။ ရှယ်ယာလုပ်ငန်းများလုပ်ရမည်။ အောင်မြင်မည်။ ရစရာငွေတို့ဝင်လာမည်။

အကျိုးပေးဂဏန်း         - ၁၊ ၂၊ ၃။
အထူးဟော               - အရာရာ ဆန္ဒမစောသင့်ပါ။
ယတြာ                     - တနင်္လာနေ့တွင် ငှက်ကလေးတွေကိုအစာကျွေး လိုက်ပါ။

အင်္ဂါ

                   ပထမ ၃ ရက်အတွင်းအခြေအနေ နှင့် ဖြစ်ရပ်များနှင့် နောက် ၄ ရက်အတွင်းဖြစ်လာမည့် အခြေအနေ   နှင့် ဖြစ်ရပ်တို့မတူခြားနားပြောင်းလဲမှု့တို့ဖြစ်လာမည်။ ပထမ ၃ရက်အတွင်း အခြေအနေမှာစိတ်ဓာတ်ကျစရာများ၊ စိတ်ရှုပ်စရာများစိတ်တိုင်းမကျစရာများ ကြုံမည်။ နောက်ကျန် ၄ ရက်မှာတော့ ကံကောင်းခြင်း၊ အဆင်ပြေခြင်း ၊စိတ်ချမ်းသာရခြင်း ၊ ငွေရခြင်း ၊ ပျော်စရာဝမ်းသာစရာ သတင်းကြားရခြင်းတို့ကြုံတွေ့မည်။ ဆန္ဒတွေအောင်မြင်မှု ရခြင်းတို့ဖြစ်လာပါမည်။ ခရီးယာယီသွားရမည်။ ထီးထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ၆ထိပ်နှင့် ၁၊၄၊၀ ပိတ်ထိုးပါ။ အချစ်ရေးမှာခွဲခွာရတတ်သည်။ အဆင်မပြေဖြစ်လာမည်။ အိမ်ထောင်ရှိသူများအငယ်နှင့်တွေ့ပြီးခွဲခွာသွားရကိန်းမြင်သည်။ စီးပွားရေးလုပ်ဆောင်ချက် တွေအောင်မြင်မည်။

အကျိုးပေးဂဏန်း         - ၁၊ ၅၊ ၇။
အထူးဟော               - ကံကောင်းသောအချိန်ရောက်ဖို့ ၃ရက်ပဲစောင့်ပေးပါ။
ယတြာ                     - အင်္ဂါနေ့တွင် စာကလေးတွေကိုအစာကျွေးပါ။


ဗုဒ္ဓဟူး

          စိတ်သစ်လူသစ် အင်အားသစ်တို့ဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားမှုတွေဖြစ်လာမည်။ ကြိုးစားမှုရှိသလောက် သင်၏အောင်မြင်မှုကလည်းရလာပါလိမ့်မည်။ ပွတ်ကာသီကာထိခိုက်ရှနာမှု့တို့ ဖြစ်တတ်ပါသည်။ ပညာရေးအောင်မြင်မှု့ရမည်။ စွဲလန်းသူတွေ့မည်။ အိမ်ထောင်ပြုရန် ဆန္ဒမရှိသေးလျှင် အချစ်ကိုလက်မခံသင့်ပါ။ လက်ခံလျှင်ရသွားကိန်းရှိပါသည်။ အရာရာအားနာတတ်မှုကြောင့် မှားယွင်းမှု တွေဖြစ်လာပါလိမ့်မည်။ ခရီးယာယီမြင်ပါသည်။ စက်ပစ္စည်းတို့ဝင်လာပါမည်။ အလုပ်အကိုင်ရမည်။

အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
အထူးဟော               - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ ။
ယတြာ                     - ဗုဒ္ဓဟူးနေ့တွင် ငါးတွေကိုအစာကျွေး ပါ။

ကြာသပတေး

          ပိုမသွားနှင့် ၊ ပိုမခင်နှင့်  ၊ ပိုမပြောနှင့်  ၊ ပိုမစားနှင့် ၊ ပိုမချစ် နှင့် ၊ အသွားမတော်တလှမ်းအစားမတော်တလုပ် ဆိုရိုးစကားကဲ့သို့ အမှားတွေနှင့် ကြုံရတတ်သည်။ သတိထားပါ။ စွန့်စားမှု ၊ လွတ်လပ်မှု့ ၊ အပြောကြမ်းမှု့တို့ကိုသတိဖြင့်လုပ်ပါ။ လက်ရှိအလုပ်ကကောင်းနေသည်။ မပြောင်းလိုက်ပါနှင့် ။ လူယုံမထားနှင့်။အချစ်ရေးကောင်းသည်။ ချစ်သူရဲ့အထင်လွဲခြင်းခံရမည်။ ထီကံပါသည်။ ထီထိုးပါ။ ထီပေါက်မည်။ ခရီးယာယီသွားရမည်။

အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
အထူးဟော               - လိုအပ်တာထက်မပိုသင့်ပါ။
ယတြာ                     - ကြာသပတေးနေ့နံနက်တွင် ကြာသပတေးနံဘုရားကိုသပြေပန်းကပ်လှူပါ။


သောကြာ

          သံယောဇဉ်ကြီးခြင်း ၊ အစွဲလန်းကြီးခြင်းချစ်မိပြီဆိုလျှင် အသဲစွဲချစ်တတ်သောစိတ်တို့ကြောင့် စိတ်ဆင်းရဲမှုတွေ   ဖြစ်လာပါလိမ့်မည်။ ကိုယ်ချစ်တဲ့သူကိုမိဘကသဘောမတူ ၊ မိဘသဘောတူသူကိုကိုယ်ကမချစ် ဖြစ်မည်။ လုပ်ငန်းမှာ တပိုင်းတစ နှင့် ရပ်နားရတတ်သည်။ လုပ်ငန်းပြောင်းလဲမှု့ဖြစ်မည်။ နေရာပြောင်းရွှေ့မှု့ဖြစ်မည်။ အရာရာအတိုက်အခံတွေ ကြုံမည်။ ၀မ်းရောဂါ ဂရုစိုက်ပါ။အန္တရယ်မရှိပါ။ ငွေဝင်ငွေထွက်ကြမ်းမည်။ ငွေမချေးနှင့်။ ပြန်မရတတ်ပါ။

အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၈။
အထူးဟော               - ကြမ်းကျွံလျှင် နှုတ်၍ရပြီးစကားကျွံလျှင် နှုတ်မရဖြစ်မည်။ အရာရာကိုဂရုတစိုက်ပြုမူသင့်ပါသည်။
ယတြာ                     - သောကြာနေ့တွင် အိမ်ဘုရားကိုသစ်သီး ၉ မျိုးလှူပါ။


စနေ

          အရာရာအသစ်တွေလုပ်ရခြင်း ၊ ဆက်ဆံရခြင်း ၊ သွားလာရခြင်းတို့ဖြစ်လာမည်။ ရည်ရွယ်ချက်အသစ်တွေ   ပြောင်းလဲမှုဖြစ်လာပါမည်။ ခရီးဝေးယာယီသွားရမည်။ ငွေကုန်ကြေးကျများမည်။ သင်၏ ပညာရေး (သို့မဟုတ်) အလုပ်အကိုင်အတွက် ကူညီသူပေါ်မည်။ ပြောဆိုမှု့များအောင်မြင်မည်။ အင်တာဗျူးအောင်မည်။ ကျန်းမာရေးကောင်းမည်။  လူချစ်လူခင်များမည်။ အဝေးက စွဲလန်းသူတွေ့မည်။ညခရီးဆင်ခြင်ပါ။ စိတ်ချမ်းသာမှုစိတ်အားထက်သန်မှု တို့ဖြစ်မည်။

အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၆။
အထူးဟော               -ဆန္ဒတွေအောင်မြင်မည်။
ယတြာ                     - စနေနေ့တွင် စနေနံဘုရားကိုရေလှူပါ။
myitmakhamediagroup 

မန္တလေးနည်းပညာတက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသားများ ဆိုင်ကယ်ပေါင်နှံမှု မြင့်မားနေ


နယ်မှလာသောတက္ကသိုလ်ကျောင်းသားအများစုမှာ ၄င်းတို့စီးနင်းနေသော ဆိုင်ကယ်များအားတက္ကသိုလ်များအနီးဖွင့်လှစ်ထားသော  အပေါင်ဆိုင်များ၌ အတိုးနှုန်းကြီးမြင့်စွာဖြင့် ပေါင်နှံမှုမှာ ယခင်နှစ်များကထက် ပိုမြင့် တက်လာကြောင်း မန္တလေး တက္ကသိုလ်ကျောင်းသား အသိုင်းအ၀ိုင်းက သိရသည်။

တတိယနိုင်ငံတစ်ခုခုက လက်ခံရင် အမြန်ဆုံးသာပို့ပေးပါ (ပေးစာ)

ရခိုင်ပြည်နယ်အတွင်း ခိုးဝင် နေထိုင်နေကြတဲ့ ဘင်္ဂါလီရိုဟင်ဂျာ တွေကို ဒုက္ခသည်အဖြစ်လက်မခံ ကြောင်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးက ပြောဆို ကြောင်း ဂျာနယ်တွေထဲမှာ ဖတ်ရပါ တယ်။ 
တိုင်းပြည်တစ်ပြည်ကနေတစ် ခြားတိုင်းပြည်ကို ထွက်ပြေးခိုလှုံလာ တဲ့သူတွေကို ဒုက္ခသည်အဖြစ် သတ် မှတ်ပြီး မြန်မာပြည်ရိုဟင်ဂျာပြဿ နာနဲ့မသက်ဆိုင်ဘူးလို့ မဟာမင်း ကြီးက ဆိုကြောင်းဖတ်ရတော့ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ကသိကအောက်ဖြစ်ရပါတယ်။ 

တိုင်းရင်းသားဒေသများ၏ ဆင်းရဲမွဲတေမှုအခြေအနေ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

တိုင်းရင်းသားများ နေထိုင်သည့် ပြည်နယ်များသည် ဆင်းရဲမွဲတေမှု အဆိုးဝါးဆုံးဖြစ်နေကြောင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကွတ်
ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးအဆိုအားပြန်လည်ဆွေးနွေးရာတွင် ပြောကြားသွားသည်။

ဒီချုပ်ကိုယ်စားလှယ် ၂ ဦးဆွေးနွေးမှုကို လွှတ်တော်ဥက္ကဌ နှစ်ကြိမ်တိုင်တိုင် သတိပေးရ

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏အဆိုအား NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့ဆွေးနွေးခဲ့ရာ NLD ကိုယ်စားလှယ်နှစ်ဦး၏ ဆွေးနွေးမှုကြောင့် 
လွှတ်တော်ဥက္ကဌမှ နှစ်ကြိမ်တိုင်တိုင်သတိပေးခဲ့ရကြောင်း သတင်းရရှိသည်။

စက်မှုမြေအဖြစ် ရောင်းချပြီးဖြစ်သောကြောင့် လယ်သမားများအား လယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေ ပြောကြား

စက်မှုမြေအဖြစ် ရောင်းချပြီးဖြစ်သောကြောင့် လယ်သမားများအား လယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် သတင်းနှင့် မီဒီယာများမှတစ်ဆင့် လယ်သမားများအား သွေးထိုးမြှောက်ပင့်၍ အရေးဆိုနေကြသော ကုမ္ပဏီများ သိမ်းယူပြီး စက်မှုဇုန်များ၊ အိမ်ရာများ၊ စီမံချက်များ ဆောင်ရွက်နေသည်ဟု စွပ်စွဲချက်များသည်လည်း လွဲမှားသော စွပ်စွဲချက်များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Transforming UCS(X) ကွန်ပျူတာတက္ကသိုလ်များကို ပြုပြင်ပြောင်းလဲခြင်း

မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်များ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြီးမှူးကျင်းပသည့် အစည်းအဝေးတွင် တင်ပြခဲ့သည့် အစီရင်ခံစာ (ပထမ မူကြမ်း ဖြစ်ပြီး ပြည့်စုံအောင် ဆက်လက် ဖြည့်စွက်သွားပါမည်)

ရက်စွဲ၊ ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၂ရက်

အကြောင်းအရာ ။ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာရပ်များ မြင့်မားတိုးတက်ရေးအတွက် အကြံပြု တင်ပြခြင်း
ရည်ညွန်းချက် ။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ၁၃.၇.၂၀၁၂ ရက်စွဲပါ စာအမှတ် ဆသန/စမ/ ၁၁၆/၂၀၁၂ (၁၉၁၈)

ဖုန်းကိုင်တက်သော ကိုကို ၊ မမ များသိထားသင့်သော အကြောင်းအရာလေးများ


မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု - မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါ တယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

အချစ်သစ်ရသွားပြီဖြစ်သည့် အက်ရှ်တန်ကက်ချာ


ဒယ်မီမိုးနှင့် ကွာရှင်းပြတ်စဲပြီးနောက် မင်းသား အက်ရှ်တန်ကက်ချာသည် အချစ်သစ်တစ်ဦး ခိုင်ခိုင်မာမာ ရရှိသွားပြီဟု သိရှိရသည်။ ကက်ချာသည် ကာလရှည်ကြာ သူငယ်ချင်းများအဖြစ် ရှိနေခဲ့သည့် မင်းသမီး မီလာကူးနစ်နှင့် ချစ်သူများ ဖြစ်လာကြကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အစောပိုင်းက ကက်ချာနှင့် ကူးနစ်တို့သည် လူမြင်ကွင်းတွင် နမ်းရှုပ်နေသည်ကို တွေ့မြင်ခဲ့ရပြီး ယခုအခါ အတူတကွ နေထိုင်လျှက် ရှိနေကြောင်း ၎င်းတို့နှင့် ရင်းနှီးသူများက ဆိုသည်။ ကူးနစ်သည် Appleကုမ္ပဏီ တည်ထောင်သူ စတိဗ်ဂျော့ဘ်အဖြစ် ကက်ချာ ပါဝင်သရုပ်ဆောင်ထားသည့် နောက်ဆုံး ဇာတ်ကား ပါတီသို့လည်း တက်ရောက်ကာ ကက်ချာနှင့် တတွဲတွဲ ရှိနေခဲ့သည်။



(အက်ရှ်တန်ကက်ချာနှင့် မီလာကူးနစ်)

ကက်ချာနှင့် နီးစပ်သူများက "သူတို့ အတူတူ နေကြပါတယ်။ ချစ်သူဖြစ်သွားတဲ့ တခြားစုံတွဲတွေလိုပေါ့။ လပိုင်းလောက် သူတို့ဆက်ဆံရေး တိုးတက်လာခဲ့ပေမယ့် ခုမှပဲ တကယ်တွဲဖြစ်တာပါ။ သူတို့ရဲ့ အချစ်ရေးက တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ ကူးနစ်က ကက်ချာရဲ့ ဟောလီးဝုဒ်က အိမ်ဆီကို ပြောင်းလာခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

အော်လန်ဒိုဘလွမ်းနှင့် မီရန်ဒါကားရ်တို့ ဆက်ဆံရေးမပြေလည်ဟု သတင်းထွက်


ဟောလီးဝုဒ်၏ လူသိများသော ရွှေရောင်စုံတွဲ တစ်တွဲအဖြစ် အသိအမှတ် ပြုခံထားရသည့် အော်လန်ဒို ဘလွမ်းနှင့် မီရန်ဒါကားရ်တို့၏ ဆက်ဆံရေးသည် အက်ကြောင်းထင်စ ပြုလာပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ (၂)နှစ်ကြာ ပေါင်းသင်းခဲ့သော အိမ်ထောင်ရေးသည် ယခုအခါ အခြေအနေ ဆိုးလာကြောင်း သတင်းများက သုံးသပ် ဖော်ပြလာခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ဘလွမ်းရော၊ ကားရ်ပါ လက်ထပ် လက်စွပ်များကို ဆက်လက် ဝတ်ဆင်ထားခြင်း မရှိသည့်နောက် ယင်းတို့၏ အနာဂတ်အတွက် မေးခွန်းများ ထွက်ပေါ်လာသည်။



ဂျီအက်စ်အမ်ဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦးပိုင်းတွင် ရောင်းမည်

လာမည့် ဘဏ္ဍာရေး နှစ်ဦးပိုင်းတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတည်ပြု ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ဖုန်းဈေးနှုန်းများ လျှော့ချပါက အလုံးရေ အများအပြားရောင်းရမည် ဖြစ်သောကြောင့် လိုအပ်သည့် လိုင်းအင်အား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဈေးနှုန်းနည်းသွားရင် ဝယ်မယ့် အင်အားက များလာမယ်။ ဒါကြောင့် လက်ရှိမှာ လိုအပ်တဲ့ လိုင်းအင်အားတွေ ပြင်ဆင်နေတယ်။

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီပါတီသစ်ကို တယ်လီဖုန်းဆက် ခြိမ်းခြောက်


ရိုဟင်ဂျာများအကြောင်းကိုလွှတ်တော်တွင် ဝင်ရောက်ဆွေးနွေးခဲ့သော် အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တယ်လီဖုန်းဆက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
''တယ်လီဖုန်းဆက်တာလေး ကြိမ်ရှိသွားပြီ၊ ရိုဟင်ဂျာဆိုတာမြန်မာနိုင်ငံမှာရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမရှိဘူးလို့ ပြောတာကို လက်မခံနိုင်ဘူး'' ဟု ဖုန်းဆက်၍ ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်၏သား ကိုခိုင်မင်းက ပြောသည်။

မိုးသီးဇွန်ပါ ၆ ဦး

ကိုမိုးသီးဇွန် အပါအဝင် ၆ ဦးကို အာဏာပိုင်များ ပြည်တွင်းဝင်ရောက် လေ့လာခွင့်ပေး


ပြည်တွင်းနိုင်ငံရေးအခြေအနေ လေ့လာဖို့ အမေရိကန်နိုင်ငံမှ ကိုမိုးသီးဇွန် အပါအဝင် ကိုကိုလေး၊ ကိုမူ သား၊ ကိုရင်အေး၊ ကိုကိုအောင်၊ ကိုထွန်းအောင်ကျော် စတဲ့ ၆ ဦးကို မြန်မာ အာဏာ ပိုင်တွေ က ပြည် ဝင်ခွင့် ပေးလိုက် တယ်၊ ပြည်တွင်းမှာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အာဏာ ပိုင်တွေနဲ့ ဆွေးနွေးဖို့ အစီ အစဉ် ရှိပြီး၊ သြဂုတ်လကုန် ပိုင်းလောက် မှာ ခရီးစဉ်စမယ်လို့ သိရ တယ်။

ကိုမိုးသီးဇွန် ဟာ ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း စစ်အုစ်စု အစိုးရ အဆက်ဆက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။ ယခုလက်ရှိ သန့်ရှင်း စင်ကြယ်သော ဦးသိန်းစိန် ဒီမိုကရေစီ အစိုးရအုပ်စိုးနေတဲ့ ကာလမှာပင် အဲဒီ ပစ်ဒဏ်ကို အာဏာ ပိုင်တွေ ဘက်က ပယ် ဖျက်ပေး ခဲ့ခြင်း မရှိသေးဘူး ဖြစ်ပါတယ်။

NLD ပါတီ ဆိုင်းဘုတ် ဓါးခုတ်ခံရခြင်း



နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းအုပ်စု ဝဲကြီးကျေးရွာ NLD အဖွဲ့ဝင် ဦးမြဝင်း နေအိမ်၌ စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ NLD ဆိုင်းဘုတ်အား ၁၀.၇.၂၀၁၂ နေ့ ည ၉း၄၀ ခန့်တွင် တစ်ရွာတည်းနေ အုပ်ချုပ်ရေးမှူး ဦးရွှေ၏သား ကိုသိန်းမင်းဇော်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ညစ်ညမ်းစွာဆဲဆိုပြီး ၄င်းကိုယ်၌အသင့်ပါလာသော ဓါးဖြင့် NLD ပါတီဆိုင်းဘုတ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံ နေရာအား ခုတ်ထစ်ထိုးစိုက် ဖျက်ဆီးခဲ့ပါသည်။

အဆိုတော် ဒေါ်မာမာအေး အသက်ဘယ်လောက်ရှိပြီ ထင်လဲ???




ဓာတ်ပုံ- ဒေါ်မာမာအေး၏ ဖေ့စ်ဘုတ်စာမျက်နှာ

"ချစ်ဆွေတို့ရေ မာအေးရဲ့အသက်(၇၀) ပြည့် မွေးနေ့ပွဲလေးကို အားလုံးကိုဖိတ်ကြားပါတယ်နော်" လို့ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးက သူ့ရဲ့ မွေးနေ့ဖိတ်ကြားစကားလေးပါ။

ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများ အကူအညီပေးရန် မောင်တောသို့ ရောက်ရှိ

မြန်မာရုပ်ရှင် အစည်းအရုံးမှ နာယက ဦးအောင်လွှင်နှင့် အစည်းအရုံး မှ တွဲဘက် အတွင်းရေးမှူး ကိုဖြိုးတို့ ဦးဆောင်သော အဖွဲ့သည် ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသားများကို အကူအညီများ ဆက်လက် ပေးအပ်ရန် အတွက် ယမန်နေ့က မောင်တောမြို့သို့ ရောက်ရှိလာသည်။
စစ်တွေမှ ဒုက္ခသည်များ ယခုလို ခိုလုံနေကြသည်။

မြန်မာ့ ပို့ကုန်တင်သွင်းမှုကို ပိတ်ပင်ထားခြင်းအားပြန်ရုပ်သိမ်းရန်လိုသေးဟု ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြော

ဝါရှင်တန်၊ ဇူလိုင် - ၂၃
မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင် ငံရေးပြုပြင်ပြောင်းလဲမှုများကို အမေရိကန်အစိုးရက အားပေး နေသော်လည်း မြန်မာနိုင်ငံမှာ အမေရိကန်သို့ သွင်းကုန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းရန် အတွက် တိုးတက်မှုများတွေ့ရရန် လိုအပ်သေးကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ်ဟောမက်က ဇူလိုင် ၂၃ရက်တွင်ပြောသည်။

မှူးဇော် အတုပေါ်

ကိုယ့်နာမည်နဲ့ Facebook အကောင့်တွေ ပေါ်နေတာ အေသင်ချိုဆွေ၊ မိုးဟေကိုတို့လို အဆိုတော်သရုပ်ဆောင်တွေတင် ကြုံနေရတာ မဟုတ်ဘူး၊
သမ္မတရုံး အရာရှိတဦးဖြစ်သူ မှူးဇော်လည်း ကြုံနေရပါပြီ။

ပြောချင်တော့ပါဘူး ကိုရွှေ လ၀က တို့ရယ်....


ဓာတ်ပုံ- ဟာဂျူလီ ကသာ၏ ဖေ့စ်ဘုတ်စာမျက်နှာ
မကြာသေးခင်က လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဖြစ်တဲ့ ဦးခင်ရီက သမိုင်းဝင် စကား တခွန်းကို ပြောခဲ့ပါတယ်။ သူတို့ လ၀က ၀န်ကြီးဌာနဟာ လာဘ်ပေးလာဘ်ယူ လုပ်လို့ရတဲ့ ဌာန မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါဘဲ ဟာဂျူလီ ( ကသာ ) ရဲ့ ဒီဖော်ပြချက် စာဟာ ၀န်ကြီး ပြောစကားနဲ့ ဘာတွေကွာခြားနေလည်းဆိုတာ ထင်ဟပ်နိုင်မယ် ထင်ပါတယ်။

ဦး လဆန်အောင်ဝါ နှင့် ဦးမင်းညို ပူးပေါင်း၍ ဒေသခံများလယ်ယာမြေ အဓမ္မ သိမ်းဆည်း



ကချင်ပြည်နယ် မြစ်ဆုံတဖက်ကမ်းရှိ နောင်းခိန်း (Nawng Hking) ကျေးရွာမှ ၈ မိုင်အကွာရှိ ဘွေဒေါ့ကျေးရွာသားများ၏ လယ်ယာမြေများကို ဦးမင်းညို နှင့် လဆန်အောင်ဝါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အချို့လယ်မြေများကို သိမ်းဆည်းလိုက်ပြီး နောက်ထပ်ပြောင်းရွှေ့ပေးရန် ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သိရသည်။