ဇူလိုင် ၂၄ရက်
ကံဆီးရွာ
အလယ်တန်းကျောင်းသို့ မနေ့နေ့လည် ၁၁နာရီလောက် KIA ရင်း(၆)မှ အဖွဲ့မှ
လက်နက်ကိုယ်ဆီ နဲ့ရောက်လာပြီး ကျောင်းအလံတိုင်မှာ ကေအိုင်အေအဖွဲ့အလံကို
လွှင့်ထူခဲ့ပြီး ညနေ ၃နာရီခွဲ ကျောင်းဆင်းချိန်တွင် ပြန်လည်ရုတ်သိမ်းခဲ့ကာ
ကျောင်းဖွင့်တဲ့ရက်တိုင်းတွင် လွှင့်ထူသွားရန်
ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့သိရသည်။ အဲဒီကျောင်းမှာ ပညာသင်ကြားနေတဲ့
ကျောင်းသား/ကျောင်းသူ ဦးရေ ၉၅၆ယောက်ရှိသည်။
အခုလို
KIA အဖွဲ့မှာ စာသင်ကျောင်းမှာ ခြိမ်းခြောက်ပြီးအလံတင်ခိုင်းတာကို ဒေသခံ
ရွာသားတွေ က ကျေနပ်မှုမရှိကြပါဘူး။ ဒီကျောင်းကို အစိုးရကဖွင့်ထားပေးတာပါ
သူတို့ဖွင့်ထားပေးတာ မဟုတ်ပါဘူး။ ကလေးတွေ
ပညာသင်ကြားနေတဲ့အခုလိုအချိန်မှာကို စာသင်ချိန်နှောင့်ယှက်တဲ့ပုံစံများ
သူတို့ထင်တိုင်း ကြဲချင်တိုင်းကြဲတဲ့ပုံစံမျိုး ဟာကလေးတွေကို
အခုခိုးမှားစေတယ်လို့ ဒေသခံတွေကပြောပါတယ်။ KIA အဖွဲ့ဟာ
မိုင်းခွဲလူသတ်ဓားမြတိုက် အပြင်အခု ကချင်ပြည်နယ်ရဲ့နောင်လာမယ့်
ခေါင်းဆောင်လောင်းတွေ ဖြစ်တဲ့ ကျောင်းသားလေးတွေရဲ့ ပညာရေးကို
နှောင့်ယှက်တဲ့ပုံစံမျိုးမလုပ်သင့်ဘူးလို့ ကံဆီးရွာမှာ ကချင်တစ်ဦးမှ KDN
သတင်းထောက်တစ်ဦးအားပြောပါသည်။
kachindailynews.blogspot.com မှ . . . .
No comments:
Post a Comment