ဝါရှင်တန်၊ ဇူလိုင် - ၂၃
မြန်မာနိုင်ငံတွင်
စီးပွားရေးနှင့် နိုင် ငံရေးပြုပြင်ပြောင်းလဲမှုများကို အမေရိကန်အစိုးရက
အားပေး နေသော်လည်း မြန်မာနိုင်ငံမှာ အမေရိကန်သို့ သွင်းကုန်တင်ပို့မှု
ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းရန် အတွက် တိုးတက်မှုများတွေ့ရရန်
လိုအပ်သေးကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ်ဟောမက်က
ဇူလိုင် ၂၃ရက်တွင်ပြောသည်။
၎င်းသည် ကန်နိုင်ငံခြားရေး ၀န်ကြီး
ကလင်တန်နှင့်အတူ မကြာသေးမီက မြန်မာနိုင်ငံတော် သမ္မတ
ဦးသိန်းစိန်နှင့်တွေ့ဆုံဆွေး နွေးရာတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၀ါရှင်တန်ရှိ
မဟာဗျူဟာနှင့်နိုင်ငံ တကာလေ့လာရေးပညာဌာန၌ ပြောကြားရာတွင် ၎င်းက “၀န်ကြီး
ကလင်တန်နဲ့ တွေ့ဆုံဆွေးနွေးမှု မှာ သမ္မတ ဦးသိန်းစိန်ဟာ သူ့ ပြည်သူတွေရဲ့
လူနေမှုအဆင့်အ တန်းတွေ တိုးတက်ဖို့လုပ်ဆောင် ချင်ကြောင်း ရှင်းရှင်းလင်းလင်း
သိခဲ့ရပါတယ်။ သူဟာ အလွန်ပွင့် လင်းပြီး သိပ်ထူးခြားကာ တစ် ဖက်သားကို
နားဝင်အောင်ပြော ဆိုနိုင်သူလို့ ကျွန်တော်ထင်ပါ တယ်”ဟုပြောသည်။
သမ္မတအိုဘားမား၏
အမေ ရိကန်အစိုးရသည် မြန်မာအပေါ် ပိတ်ဆို့မှုအချို့ကို လျှော့ချထား
ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတိုးတက်မှု
များအပေါ်မူတည်၍သာ နောက် ထပ်ပိတ်ဆို့မှုများ လျှော့ချသွား မည်ဟု
အချက်ပြထားသည်။ အမေရိကန်သည် မြန်မာနိုင်ငံသို့ ၎င်း၏ ကုမ္ပဏီများ
ရင်းနှီးမြှုပ်နှံမှု နှင့်ဘဏ္ဍာရေးဝန်ဆောင်မှုများပြု လုပ်ခွင့်ပေးခဲ့ပြီး
အခြားပိတ်ဆို့မှု များဖြစ်သည့် မြန်မာ့တွင်းထွက် ကျောက်စိမ်း၊
ပတ္တမြားတို့ဖြင့် ပြု လုပ်သော ကျောက်မျက်ရတနာ များ အမေရိကန်သို့ တင်သွင်းမှု
ပိတ်ပင်ခြင်း၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတ ကာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်
အမ်အက်ဖ်) စသည့်အဖွဲ့များအ နေဖြင့် အမေရိကန်နိုင်ငံ၏ ခွင့်ပြု ချက်မရဘဲ
မြန်မာသို့ ငွေထုတ် ချေးခွင့်မရှိခြင်း စသည်များမှာ ကျန်ရှိနေဆဲဖြစ်သည်။
အမေရိကန်သည်
မြန်မာနိုင် ငံအပေါ် အပြည့်အ၀ သွင်းကုန် ပိတ်ဆို့မှုမလုပ်စဉ် နောက်ဆုံးနှစ်
၂၀၀၂၌ မြန်မာမှ အ၀တ်အထည် နှင့်အခြားကုန်စည် ဒေါ်လာ ၃၅၆ ဒသမ ၎
သန်းဖိုးတင်သွင်းခဲ့သည်။ ထို့နောက် ၂၀၀၃ တွင် ဒေါ်လာ ၂၇၅ ဒသမ ၇ သန်းဖိုး သာ
တင်သွင်းခဲ့ပြီးနောက်ပိုင်း ပိတ်ဆို့မှုစတင်ခဲ့ရာ ယနေ့အထိ ဖြစ်သည်။
7Day News Journal မှ . . . .
လူကြိုက်အများဆုံး
-
သူရဘွဲ့များရှင် ဦးအောင်သိန်းလင်း “ သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ...
-
ရခိုင်ပြည်နယ်၊ သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍ တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကျောင်သား(၃)ဦးအားသံတွဲအက...
-
ဟောလီးဝုဒ်၏ လူသိများသော ရွှေရောင်စုံတွဲ တစ်တွဲအဖြစ် အသိအမှတ် ပြုခံထားရသည့် အော်လန်ဒို ဘလွမ်းနှင့် မီရန်ဒါကားရ်တို့၏ ဆက်ဆံရေးသည် အက်ကြောင်းထ...
-
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ သစ်များ တင်ဆောင်လာသော ဘုတ်တစ်စီးကို မြန်မာ့ ရေတပ်က ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်း ဆီး ကာငွေသိန်း ၁၀၀ ...
-
by ဒီမိုဝေယံ ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအကြောင်း တိုင်ကြားစာကို ဖော်ပြလိ...
Wednesday, July 25, 2012
မြန်မာ့ ပို့ကုန်တင်သွင်းမှုကို ပိတ်ပင်ထားခြင်းအားပြန်ရုပ်သိမ်းရန်လိုသေးဟု ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြော
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment