ဒယ်မီမိုးနှင့် ကွာရှင်းပြတ်စဲပြီးနောက် မင်းသား
အက်ရှ်တန်ကက်ချာသည် အချစ်သစ်တစ်ဦး ခိုင်ခိုင်မာမာ ရရှိသွားပြီဟု
သိရှိရသည်။ ကက်ချာသည် ကာလရှည်ကြာ သူငယ်ချင်းများအဖြစ် ရှိနေခဲ့သည့်
မင်းသမီး မီလာကူးနစ်နှင့် ချစ်သူများ ဖြစ်လာကြကြောင်း သတင်းများက
ဖော်ပြခဲ့သည်။ အစောပိုင်းက ကက်ချာနှင့် ကူးနစ်တို့သည် လူမြင်ကွင်းတွင်
နမ်းရှုပ်နေသည်ကို တွေ့မြင်ခဲ့ရပြီး ယခုအခါ အတူတကွ နေထိုင်လျှက်
ရှိနေကြောင်း ၎င်းတို့နှင့် ရင်းနှီးသူများက ဆိုသည်။ ကူးနစ်သည် Appleကုမ္ပဏီ
တည်ထောင်သူ စတိဗ်ဂျော့ဘ်အဖြစ် ကက်ချာ ပါဝင်သရုပ်ဆောင်ထားသည့် နောက်ဆုံး
ဇာတ်ကား ပါတီသို့လည်း တက်ရောက်ကာ ကက်ချာနှင့် တတွဲတွဲ ရှိနေခဲ့သည်။

(အက်ရှ်တန်ကက်ချာနှင့် မီလာကူးနစ်)
ကက်ချာနှင့် နီးစပ်သူများက "သူတို့ အတူတူ နေကြပါတယ်။ ချစ်သူဖြစ်သွားတဲ့
တခြားစုံတွဲတွေလိုပေါ့။ လပိုင်းလောက် သူတို့ဆက်ဆံရေး တိုးတက်လာခဲ့ပေမယ့်
ခုမှပဲ တကယ်တွဲဖြစ်တာပါ။ သူတို့ရဲ့ အချစ်ရေးက တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။
ကူးနစ်က ကက်ချာရဲ့ ဟောလီးဝုဒ်က အိမ်ဆီကို ပြောင်းလာခဲ့ပါတယ်"ဟု
ပြောကြားခဲ့သည်။
ကက်ချာနှင့် ဇနီးဟောင်း ဒယ်မီတို့သည် ကက်ချာ၏ လူမှုရေး
အရှုပ်အထွေးတစ်ခု ပေါ်ပေါက်လာပြီးနောက် ကွာရှင်း ပြတ်စဲခဲ့ကြခြင်း ဖြစ်သည်။
ကူးနစ်သည် Black Swan ဇာတ်ကားတွင် နာတာလီပို့တ်မန်းနှင့်
ယှဉ်တွဲသရုပ်ဆောင်ရင်း လူသိများသော မင်းသမီးတစ်လက် ဖြစ်လာခဲ့သည်။
No comments:
Post a Comment