လူကြိုက်အများဆုံး

Sunday, July 22, 2012

RCSS/SSA နှင့် အစိုးရတပ် ယနေ့ တိုက်ပွဲ အပြင်းအထန်ဖြစ်



alt alt
သျှမ်းအရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်ပူဒအွန်ကျေးရွာ အုပ်စု၌ သျှမ်းတပ်မတော် တောင်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေသည်ဟု ဒေသခံ သတင်းရပ်ကွက်က ဆိုသည်။
" အစိုးရတပ်က ကျနော်တို့ စခန်းကို ဒီမနက် ၁၀ နာရီကစပြီး တက်တိုက်တယ်၊ ညနေ ၄း၃၀ နာရီအထိ တိုက်ပွဲက မပြီးသေးဘူး၊ ဘာညာ မပြောဘဲနဲ့ ဒီအတိုင်း တက်ပြီး လာတိုက်တာ" ဟု အမည်မဖေါ်လိုသည့် RCSS အရာရှိ တဦးက ပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို သမိုင်းအမှန်တွေနဲ့ပဲ သမိုင်းတွင်စေလို (ပေးစာ)

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့ကိုပေးပို့ထားတဲ့မေးလ်လို့ ဆိုပါတယ်။ မြန်မာ့ သားကောင်းကိုလဲ ပေးပို့လာတဲ့ အတွက် ဖေါ်ပြလိုက်ပါသည်။ ပေးပို့လာသူရဲ့ အာဘော် ဖြစ်ပါတယ်။
သမိုင်းသုတေသီတစ်ဦး။

နိုင်ငံတကာကို ကြည့်မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ ပြည်သူ တွေ ချစ်ခင် လေးစားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ သမိုင်း  မှတ်တမ်းတွေကို ရုပ်ရှင်၊ ဗွီဒီယိုတွေ ရိုက်ကူးပြီး မှတ်တမ်းတင် ဂုဏ်ပြုကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ပြည်သူတွေ လေးစား ချစ်ခင်ရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အကြောင်း သမိုင်း ရုပ်ရှင်ရိုက်ကူးမယ်လို့ ကြားသိ လိုက်ရတော့ နိုင်ငံ့ သမိုင်းကို ပေါ်လွင် ထင်ဟပ်စေမဲ့ ဇာတ်ကား ဖြစ်တာကြောင့် အလွန်ပဲ အရေးပါတာကို သိလိုက် ရပါတယ်။
ပီပီပြင်ပြင်နဲ့ သမိုင်းရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ပေါ်ထွက် လာဖို့ အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့( Bogyoke  Aung  San  Film Executive  Board)ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ အဖြစ် ဒေါ်စု ကဆောင်ရွက်ပါတယ်။ သမိုင်းရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် သမိုင်းအမှားတွေ မဖြစ်ရအောင် သမိုင်းပညာရှင် များလည်း ပါဝင်တယ်လို့ သိရတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် တကယ့်ကို ရာဇ၀င်တွင်မယ့် ဇာတ်ကားကြီး ဖြစ်မှာပါ။

အမေ ဘာတွေလုပ်နေတာလဲ..




        ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အမေစု(သို့)အဘွားစုကတော့ တစ်နေ့တစ်မျိုး၊ မရိုးစေရ၊ လုပ်ကွက်ပြပြန်ပါပြီ။ ရခိုင်အရေးအခင်းကလည်း အခုထိမပြတ်သေး။ ဘေးကကြည့်တဲ့ ကျွန်တော်တို့တောင် ရင်တစ်လှပ်လှပ်ကာလပါ။ ရခိုင်အရေးအခင်းစဖြစ်တော့ပြည်ပထွက်ပြီး လုပ်ကွက်တစ်မျိုး၊ ပြန်ဝင်လာတော့လည်း လွှတ်တော်ချက်ချင်းမတက်သေးတဲ့ ပြကွက်တစ်ချို့၊ လွှတ်တော်ကို (၈)လ လုပ်မယ်ဆိုတော့လည်း ပြည်သူနဲ့ ထိတွေ့ချိန်  နည်းတယ်ဆိုတဲ့ အချိုးတစ်ပုံစံ၊ နောက်ဆုံး ဟော့နေတာကတော့ စီးပွားရေးပိတ်ဆို့မှု အလုံးစုံပယ်ဖျက် ရေးနဲ့ ပတ်သက်မှု။

မနောမြေမှ ဆန္ဒမွန်

 ကျွန်တော်တို့ရဝမ်လူမျိုးတွေအများဆုံးနေထိုင်တဲ့ ပူတာအိုမြို့ကလေးဟာဆိုရင် အလွန်အေးချမ်း သာယာပြီး လှပတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ပူတာအိုခရိုင်မှာ ဆွမ်ပရာဘွမ်၊ နောင်မွန်း၊ မချမ်းဘော၊ ပူတာအိုနဲ့ ခေါ်ဘူဒဲမြို့နယ်တွေပါဝင်ပြီး မူလရှီးဒီးကြိုးတံတား ရှိနေတာကြောင့် ပူတာအိုမြို့ကို ပိုပြီးထင်ရှားကျော်ကြားစေပါတယ်။ ပူတာအိုတဝိုက်မှာရှိတဲ့ ရေခဲတောင်တွေဟာဆိုရင်လည်း အရှေ့တောင်အာရှမှာ တစ်ခုတည်းသော သဘာဝအလှတရားတွေဖြစ်ပြီး နိုင်ငံခြားသားတွေ စိတ်ဝင်အစားဆုံး နေရာလည်း ဖြစ်ပါတယ်။

နာကောင်ကောင့် ဒုက္ခသည်စခန်းရှိ ကလေးများတွင် သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှုများလာ




la-ying-camp-china-border
တရုတ်ပြည်နယ်တွင်ရှိသော နောင်တောင်းခရိုင်မှ နာကောင်ကောင့် (Na Kawng Kawng) ဒုက္ခသည်စခန်းအတွင်း ကလေးများ (၁၀) ဦးခန့်တွင် သွေးလွန်တုတ်ကွေး ကူးစက်မှုဖြစ်ပွားနေကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများပြောသည်။

ဗန်းမော်ခရိုင် မန်ဝိန်းမြို့ တရုတ်ပြည်ဖက်တွင်ရှိသော နာကောင်ကောင့်စခန်းတွင် ဇူလိုင်လမှစပြီး လသားအရွယ်ကလေးငယ်များမှစ၍ အသက် (၈) နှစ်ရွယ်ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ ကူးစက်ခံနေရခြင်းဖြစ်ကြောင်း စခန်းတွင် ကျမ်းမာရေးကူညီစောင့်ရှောက်ပေးနေသူ ဆရာခေါင်ဇောင်း (Sara Hkawng Zawng) ကပြောသည်။

ကာမိုင်းမြို့နယ်မှ KIAအမာခံ ဦးဂရန်တူးမှ ကိုယ့်သားသမီးအရင်းကိုပြန်သတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲရှိ နန့်စီးအင်ကျေးရွာမှာနေထိုင်တဲ့ KIAတပ်ဖွဲဝင်တစ်ဦးဖြစ်သူ ဦးဂရန်တူးဟာ KIAရဲ့အမာခံတာဝန် ထမ်းဆောင်ရင်း အထက်ကဖိနှိပ်မှုများကြောင့် စိတ်ပင်ပန်မှုဖြစ်ကာ ဇူလိုင်လ ၂၁ရက်နေ့ညနေမှာ အရက်သေစာ သောက်စားမူးယစ်ပြီး လူစိတ်ကင်းမဲ့စွားဖြင့် ၄င်း၏သားနှင့်သမီးဖြစ်သူ မခေါင်နန်(၁၀)နှစ်အရွယ်နှင့်
သားဖြစ်သူမောင်ထွယ်အောင် (၇)နှစ်အရွယ်ကလေးနှစ်ဦးကို ဓားဖြင့်

KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားဦးစီးပြီး လိုင်ဇာဟိုတယ်မှာ ဇူလိုင် ၂၀ ရက်နေ့ အစည်းအဝေးပြုလုပ်ခဲ့

KIA ဗဟိုဌာနချုပ် လိုင်ဇာမှာ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားဦးစီးပြီး ဇူလိုင် ၂၀ ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ ဥက္ကဋ္ဌဦးဇောင်းဟရားက INGO စားနပ်ရိက္ခာအဖွဲ့မှ ကချင်ဒုက္ခသည် စခန်းများကို ရိက္ခာဆန် ၆ လစာ ထောက်ပံ့ပေးမယ့် အစီအစဉ်နှင့်ပန်သက်ပြီ ဆွေးနွေးခဲ့ပါတယ်။ မိမိတို့ KIA တပ်ဖွဲ့ ကို အနှောင်အဖွဲ့ အကန့်အသတ် မပါရှိတဲ့ ထောက်ပံ့မှုဖြစ်စေ လိုကြောင်း ပြောသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ယူရမည်ကို ကြောက်လန့်နေသော KIAခေါင်းဆောင်များ

လိုင်ဇာ  ဇူလိုင် ၂၂
          ကချင်ပြည်နယ်မှာရှိကြတဲ့ ဒေသခံပြည်သူတွေက အခြားပြည်နယ်လို ငြိမ်းချမ်းရေး ရချင်နေကြပါတယ်။ ငြိမ်းချမ်းရေးရရှိမှသာ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းပညာသင်ကြားနိုင်မှာဖြစ်လို့ အစိုးရနဲ့ KIAတပ်ဖွဲ့တွေ ငြိမ်းချမ်းရေးယူမယ့်သတင်းကိုမျှော်လင့် တောင့်တနေကြပါတယ်။ KIA ဗဟိုဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့လဲ ငြိမ်းချမ်းရေးကို ပိုပြီးမျှော်လင့်နေကြပါတယ်။

ကချင်ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာ မှ ရှပ်ပြေးယာဉ်ပြန်လည်ဆယ်ယူမှုကြည့်ရှုအားပေး

ကချင်ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာနှင့် အဖွဲ့ဝင်တွေဟာ မနေ့ကမြစ်ကြီးနားကနေ ဗန်းမော်ကို ရောက်လာခဲ့ပါတယ်။ ၎င်းအဖွဲ့ဟာ မနေ့ညနေပိုင်းက ဗန်းမော်မြို့၊ ရှပ်ပြေးရေယာဉ်ဆိပ်ကမ်းမှာ မြမင်းအောင်(၁)ရှပ်ပြေးယာဉ် ပြန်လည်ဆယ်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာများ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
 

မန်ဝိန်းရွာနဲ့ဖာဈာန့်ရွာတို့တွင် KIA မှလူသစ်စု

မန်ဝိန်းကြီးရွာမှ ရွာသားတစ်ဦးဟာ ၁၇ရက်နေ့ မနက်၁၀နာရီလောက်မျာ ကောင်းမုယန်ရွာတွင် လွှတ်ထားသော နွားများအား နေအိမ်သို့ ပြန်လည်မောင်းရန်လာစဉ် ၁၈ရက်နေ့ နေ့လည် ၁နာရီခွဲလောက်မှာ KIA မှ မြို့နယ်မှူး ဘရန်အောင်နဲ့ ၁၀ဦးဟာ တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ဒါ့အပြင် ဖာဈာန့်ရွာမှ ၃ဦးဟာ တရုတ်နိုင်ငံတွင် လည်ပတ်ပြီး ပြန်လာခဲ့ရာ KIA အုပ်ချုပ်ရေးမှူး လအောင်ဦးစီး၁၀ဦးရဲ့ တပ်သားသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ အဲဒီ ၃ဦးဟာ ၁၆နှစ်နဲ့ ၂၀ ပတ်ဝန်းကျင်သာရှိတဲ့သူတွေဖြစ်ပါတယ်။ ထို့အတူဘဲ နောင်မွန်းရွာမှ ၇ဦး၊ နမ့်ဟီးရွာမှ ၅ဦး၊ တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုရဲ့ အင်တာဗျူးပါ မေး။ ။အခုလိုတင်လိုက်တဲ့ အဆိုဟာဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတာဆိုပြီးတော့လဲ ပြောနေကြပါတယ်ရှင့်။ အဲဒါဟုတ်ပါသလား။ ဖြေ။ ။အဲသလိုမျိုးသဘောထား အနေနဲ့တော့ မဟုတ်ဘူးရှင့်။ သူ့ ကို ရည်ညွှန်းတာတော့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံကို လတ်တလော ပူပူနွေးနွေးရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို တိုက်ရိုက်ရည်ညွှန်းတာရှင့်။ မြန်မာနိုင်ငံရဲ့အရေးကိစ္စကိုတော်တော်လေး ထဲထဲဝင်ဝင်လုပ်ပေးနိုင်မယ့် နောက်ပြိးလို့ ရှိရင် ကျွန်မတို့ ရဲ့ သမ္မတ ဦးသိန်းစိန်ရယ်၊ လွှတ်တော်ဥက္ကဌ ရယ် ဒေါ်အောင်ဆန်းစုကြည်ရယ်ပူးပေါင်းပြိးတော့ ဆောင်ရွက်ကြမယ်လို့  တင်လိုက်တာ။ ကျွန်မအနေနဲ့ကတော့ တစ်ဦးတစ်ယောက်ထဲကနေ ဆောင်၇ွက်လို့ မရဘူးလို့ ယူဆတယ်ရှင့်။



မေး။ ။အခုလိုတင်လိုက်တဲ့ အဆိုဟာဒေါ်အောင်ဆန်းစုကြည်ကိ
ရည်ညွှန်းတာဆိုပြီးတော့လဲ ပြောနေကြပါတယ်ရှင့်။ အဲဒါဟုတ်ပါသလား။


ဘင်္ဂါလီအရေး သွေးမအေးသင့်



အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် မှာ  ရိုဟင်ဂျာ အရေးကို အကြောင်းပြုပြီး
မြန်မာ အလံကို ချနင်းနေကြတယ်။  အစိုးရ နဲ့ ပြည်သူ၊ နိုင်ငံရေး ပါတီ၊ မီဒီယာတွေဟာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သတ်ပြီး ကမ္ဘာက အမှန်သိအောင်  တက်ညီ လက်ညီ

ပြည်သူ့အပေါ် မငဲ့ညှာသော ဆက်သွယ်ရေးဝန်ကြီးဌာန (တိုင်ကြားစာ)



ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအကြောင်း တိုင်ကြားစာကို ဖော်ပြလိုက်ပါတယ်..။

ရှမ်းပြည်နယ်မှ ထွန်းလင်းတောက်ပလာမည့် ကြယ်တစ်ပွင့်

ယနေ့အချိန်အခါမှာ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီး ဆီသို့ရောက်ရှိရန်အတွက် အသွင်ကူးပြောင်းရေး ကာလကိုဖြတ်သန်းနေပါတယ်။ သဘာဝသယံဇာတတွေ ကြွယ်ဝပေါများလှတဲ့ နိုင်ငံတစ်နိုင်ငံဟာ ဘာဖြစ်လို့အခုလိုနိမ့်ကျပြီး အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေရတာလဲ၊ ဒီလိုဖြစ်နေတာဟာ စီးပွားရေးပိတ်ဆို့ခံရမှုကြောင့်လား၊ စီးပွားရေးဘာလို့ပိတ်ဆို့ခံရတာလဲ၊ ဘယ်သူတွေကြောင့်လဲ၊ ဘာကြောင့်လဲ၊ အစိုးရကြောင့်လား၊ ပြည်သူတွေကြောင့်လား၊ ဒါမှမဟုတ် ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေရဲ့လုပ်ရပ်၊ ခံယူချက်/ ရပ်တည်ချက်ကြောင့် အခုလိုဖြစ်နေတာလဲဆိုတာ အဖြေထုတ်ကြည့်ဖို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူလူထုအားလုံးမှာ တာဝန်ရှိပါတယ်။

            အဲဒီဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းရင်းသားလူထုကိုယ်စား မီးမောင်းထိုးပြလိုက်တဲ့ လူတစ်ယောက်ကို မထင်မှတ်ဘဲတွေ့ရှိလိုက်ရပါတယ်။ သူကတော့ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဒေါ်နန်းဝါနုလို့သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ပြောသောစကားကို ရခိုင်ပြည်သူလူထုကြိုဆို

လွန်ခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်များကို လက်ခံရန်ဘယ်တော့မှ မဖြစ်နိုင်ကြောင်း ပြောလိုက်သောစကားကို ရခိုင်ပြည်သူလူထုက တခဲနက်အားပေးထောက်ခံကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။

လယ်မြေလုပ်ပိုင်ခွင့်ရမြေတွေ ပျောက်ဆုံးနေဟုသိရ

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ နယ်၊အထက်ဇိုင်းဂနိုင်းကျေးရွာ  အုပ်စုအတွင်းရှိသော နိုင်ငံပိုင် လယ်မြေမှနိုင်ငံသားလယ်လုပ်သူ တောင်သူတစ်ဦး၏ နိုင်ငံတော်၏  သက်ဆိုင်ရာအဖွဲ့အစည်းဌာနမှ တရားဝင်အထောက်အထားများ ဖြင့် လယ်မြေအဖြစ်လုပ်ကိုင်ခွင့်  ရလယ်မြေဧကအချို့ပျောက်ဆုံး  နေသည်ဟုဆို၏။

ထိုင်း-မြန်မာ နယ်စပ်ချစ်ကြည်ရေး တံတားဂိတ်တွင်ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်

HFMD (Hand, Foot and Mouth Disease) ရောဂါတစ်မျိုး ထိန်းချိုပ်ရန်အတွက် နယ်စပ်မှ ၀င်ရောက်လာသော မြန်မာနိုင်ငံ သားများကို ထိုင်းအာဏာပိုင်များ က ယခုရက်ပိုင်းအတွင်း အထူး ကြပ်မတ် ကျန်းမာရေးစစ်ဆေးမှု တွေ လုပ်ဆောင်နေတယ်လို့ သတင်းရရှိပါသည်။

မြန်မာ့ရေတပ် သစ်ဘုတ် တစ်စီးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ယူ

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ သစ်များ တင်ဆောင်လာသော ဘုတ်တစ်စီးကို မြန်မာ့ ရေတပ်က ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်း ဆီး ကာငွေသိန်း ၁၀၀ တောင်းယူ ထားလိုက်သည်ဟု သစ်ပိုင်ရှင် တစ်ဦးက ပြောသည်။

နိုင်ငံရေးကို စုပေါင်းလုပ်ဆောင် သွားမည်ဟု UNFC ဆုံးဖြတ်

အပစ်ခတ်ရပ်စဲရေးကို တဖွဲ့ချင်းစီ လုပ်ဆောင်နေသော်လည်း နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုကို စုပေါင်းလုပ်ဆောင်သွားမည်ဟု ညီညွှတ် သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)
အနေဖြင့် ဆုံးဖြတ် ထားသည်။

ဆဒုံး-ကန်ပိုက်တီးဒေသတွင် ပြည်သူလူထုနေထိုင်၍မရအောင်KIAမှအစီအစဉ်တကျဆောင်ရွက်နေ

ဝါရှောင်-ဆဒုံး-ကန်ပိုက်တီး ကားလမ်းပေါ်မှာရှိတဲ့ လနချောင်းကြိုးတံတားကို KIA ကချင်လက်နက်ကိုင် အဖွဲ့က နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲပြီး လူ/ယာဉ်လုံးဝ သွားလို့မရအောင် ဖျက်ဆီးခဲ့လို့ ဒေသတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုများရဲ့ သွားလာရေးအလွန်ဒုက္ခရောက်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

ဝါရှောင်၊ ဆဒုံး၊ ကန်ပိုက်တီး ဒေသတွင်းမှ ပြည်သူများဟာ ဒီလမ်းကြောင်းတစ်ခုကိုဘဲ အားကိုးနေရတာကြောင့် ဆဒုံးမြို့နယ်ခွဲက ပြည်သူတစ်ချို့ဟာ သာရေး/နာရေးအတွက် အဆင်ပြေအောင်ဆိုပြီး သံမဏီစက်သီးကြိုး များဖြင့် လူ၊ ပစ္စည်း၊ ဆိုင်ကယ်များ ကူးသန်းသွားလာရေးအတွက် စီစဉ်ပေးပြီးတော့ ဖြစ်ကူးခကို တော့ ဈေး ကြီးကြီး ကောက်ခံနေတယ်လို့ သိရပါတယ်။
နယ်မြေခံဖြစ်တဲ့ KIA တပ်ဖွဲ့ကို ၄၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ပြည်သူ လူထုက စားဝတ်နေရေးအတွက် အများပြည်သူပိုင်လမ်းပေါ်မှာ ငွေကုန်ကြေးကျခံ၊ အသက်ဖြင့်ရင်းပြီး သွားလာ နေရတာကို KIA မှ မြင်ပြီးတော့ လူသားချင်းစာနာစိတ်ဖြင့် နောင်တရမည့်အစား လနရေတံခွန်ချောင်းမှာ တံတားထိုးခြင်း၊ လူကူးခြင်းမလုပ်ဖို့အပြင် အနီးအနားတွင် လူမနေရန်အတွက် ယခုလ(၁၅)ရက်နေ့က အကြောင်းကြားစာများ ဖြန့်ဝေခဲ့ပါတယ်။ မလိုက်နာလျှင် တာဝန်မယူဘူလို့လည်း ရေးသားထားကို စာနှင့် တကွ သတင်းပေးပို့လာပါတယ်။
ဒေသတွင်းမှာရှိတဲ့ပြည်သူတွေက ပြောနေကြတာကတော့ “ ဒါတော့ KIA က တော်တော် တရားလွန်သွားပြီ အစိုးရတပ်များ သွားလို့မရအောင် လုပ်တာမဟုတ်တော့ဘူး။ ပြည်သူလူထုတွေ စားစရာ ၀တ်စရာမရှိဘဲ တဖြည်းဖြည်းနဲ့ ငတ်သေအောင် လုပ်နေတာ။ ဒီဒေသမှာ လုံးဝနေမရအောင် အစီအစဉ်တကျ လုပ်နေတာ။ ဒီနေရာက အစိုးရစစ်တပ်ကလည်း ဖြတ်တာမဟုတ်ဘူး ပြည်သူလူထုတွေဘဲ ဖြတ်သွားတာ လောက်တော့ KIA က နားလည်ပေးဖို့ကောင်းတယ် KIA က ကိုယ်ချင်းစာတရားလည်းမရှိကြဘူးလို့ ” ၀ါရှောင် ဆဒုံးဒေသမှ ဒေသခံပြည်သူလူထုတွေက ပြောဆိုနေကြပါတယ်။