က
ျွန်တော်တို့ရဝမ်လူမျိုးတွေအများဆုံးနေထိုင်တဲ့
ပူတာအိုမြို့ကလေးဟာဆိုရင် အလွန်အေးချမ်း သာယာပြီး လှပတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။
ပူတာအိုခရိုင်မှာ ဆွမ်ပရာဘွမ်၊ နောင်မွန်း၊ မချမ်းဘော၊ ပူတာအိုနဲ့ ခေါ်ဘူဒဲမြို့နယ်တွေပါဝင်ပြီး
မူလရှီးဒီးကြိုးတံတား ရှိနေတာကြောင့် ပူတာအိုမြို့ကို ပိုပြီးထင်ရှားကျော်ကြားစေပါတယ်။
ပူတာအိုတဝိုက်မှာရှိတဲ့ ရေခဲတောင်တွေဟာဆိုရင်လည်း အရှေ့တောင်အာရှမှာ တစ်ခုတည်းသော သဘာဝအလှတရားတွေဖြစ်ပြီး
နိုင်ငံခြားသားတွေ စိတ်ဝင်အစားဆုံး နေရာလည်း ဖြစ်ပါတယ်။
အဲဒီလို
အေးချမ်းသာယာတဲ့ ဒေသမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အတူတကွ နေထိုင်စာ
းသောက်ခဲ့ကြတာ ကျွန်တော့်တစ်သက်ရှိနေပါပြီ။ အခုတော့ တစ်ခါ မှမကြုံခဲ့ရတဲ့
ဆိုးဝါးတဲ့အဖြစ်အပျက်တွေဖြစ်လာတာ ၂၀၁၁ ခုနှစ် ဇွန်လ ကစပြီး
အစိုးရစစ်တပ်နဲ့ KIA နဲ့စစ်ပွဲတွေဖြစ်ပြီး
ဒေသတွင်းနေထိုင်တဲ့တိုင်းရင်းသားတွေ ဒုက္ခရောက်ခဲ့ ကြရပါတယ်။ KIA ရဲ့
ပြည်သူတွေ အသုံးပြုနေတဲ့ တံတားတွေ၊ လမ်းတွေ မိုင်းခွဲဖျက်ဆီး၊
မြစ်ကြီးနား-ပူတာအို လမ်းပိုင်း ပြုပြင်ထိန်းသိမ်းနေတဲ့
ဆောက်လုပ်ရေးဝန်ထမ်းတွေကို ဖမ်းဆီးသတ်ဖြတ်၊ စက်ကိရိယာတွေကို
ဖျက်ဆီးခဲ့တာတွေကြောင့် မြစ်ကြီးနားကနေ ပူတာအိုကို သွားလာလို့မရတော့ပါဘူး။
ဒီလိုသွားလာလို့ မရတဲ့အတွက် ပူတာအိုကို ပို့နေတဲ့ ကုန်စည်ပို့ဆောင်မှု
ရပ်ဆိုင်းသွားပါတယ်။ ပူတာအိုက အခြေခံစားသောက်ကုန်အချို့ဟာ မြစ်ကြီးနားကနေ
ကား/လေယာဉ်နဲ့ တင်ပို့ပေးရတာပါ။ ကားလမ်းတွေကို KIA က ဖျက်ဆီးလိုက်တဲ့အတွက်
လေယာဉ်လမ်းကြောင်းကို အဓိကထားရပေမယ့်လည်း မလုံလောက်ပါဘူး။ အခုဆိုရင်
မိုးရာသီရောက်ပြီး ရာသီဥတု ဆိုးရွားလာတဲ့အတွက် ပူတာအိုကို လေယာဉ်တွေ
ပုံမှန်မရောက်နိုင်တော့ပါဘူး။
ကျွန်တော်တို့ပူတာအိုခရိုင်လေးဟာမြနမာပြည်မှာရှိပြီး ရိက္ခာဖြတ်ခံထားရတဲ့
နေရာတစ်ခုလို ဖြစ်နေပါတယ်။ အခြေခံစားသောက်ကုန်တွေရဲ့ ကုန်ဈေးနှုန်းတွေကလည်း
တဖြေးဖြေးမြင့်မားလာပြီး အချို့ဆင်းရဲတဲ့မိသားစုတွေဟာဆိုရင်
ဆန်ပြုတ်သောက်နေရ တဲ့ဘဝကို ရောက်နေပါပြီ။ ရွာတွေမှာ ကျောင်းဖွင့်ချိန်
တစ်လကျော်တဲ့အထိ ကျွန်တော်တို့ရင်သွေးလေးတွေ စာမသင်နိုင်သေးပါဘူး။
ဆွမ်ပရာဘွမ်မှာ စာလာသင်ပေးကြမယ့် ဆရာမတွေကိုဖမ်းဆီးပြီး ခြေတော်တင်ခဲ့လို့
စာလာသင်မယ့် ဆရာ/ဆရာမတွေလည်း မလာရဲတော့ပါဘူး။ မြစ်ကြီးနား-ဗန်းမော်
ကားလမ်းကိုလည်း တံတားတွေဖျက်ဆီးထားလို့ ဗန်းမော်ကတက္ကသိုလ်ကျောင်းသားတွေ
မြစ်ကြီးနားသွားချင်ရင် ၅ နာရီလောက်နဲ့ ခရီးကို ဗန်းမော်ကနေ ကသာကို
သဘောင်္နဲ့တဆင့်သွား၊ ကသာရောက်မှ မြစ်ကြီးနားကို ရထားနဲ့ သွားပြီး ၂
ရက်လောက်ကြာအောင် သွားနေရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က
ဗန်းမော်-ကသာသွားတဲ့ ရှပ်ပြေးယာဉ်နစ်မြုပ်ခဲ့ရာမှာ မြစ်ကြီးနားကို
ဘောလုံးသွားကန်မယ့် တက္ကသိုလ်ကျောင်းသား ၅ ယောက်၊
ဘာသာရေးသင်တန်းတက်ရောက်မယ့် ကချင်သင်းအုပ်ဆရာတစ်ဦးနဲ့ ကချင်သာသနာပြုဆရာ ၃
ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါတွေဟာလည်း KIA ရဲ့ လမ်းတံတားတွေ
ဖျက်ဆီးထားတဲ့ အကျိုးဆက်တွေပါပဲ။ အခုလည်း ကချင်ပြည်နယ်က ရှမ်းရွာတွေ၊
ရဝမ်ရွာတွေ၊ လီဆူးရွာတွေမှာ အတင်းအဓမ္မလူသစ်စုတာတွေကိုလည်း
နေ့တိုင်းကြားနေရပါတယ်။ ကလေး/လူကြီး၊ ကျား/မ မခွဲခြားဘဲ
အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူလူထုတွေဟာ
ရွာတွေမှာမနေရဲတော့ဘဲ တောထဲမှာပုန်းရှောင်နေရပါတယ်။ လယ်စိုက်ချိန်
ရောက်တော့လည်း လယ်တွေ မစိုက်နိုင်ဘူး၊ လယ်မစိုက်နိုင်ရင် ကျွန်တော်တို့
နောက်နောင် ဘာနဲ့သွားစားရမလဲ၊ ဒီနှစ်တောင် ဆန်ပြုတ်သောက်နေရရင်
နောက်နှစ်ဒီအတိုင်းသာဆိုရင် ရေပဲသောက်ရတော့မယ် ထင်ပါတယ်။
ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေ လုပ်တော့မယ်လို့ အသံကြားတိုင်း ကျွန်တော်တို့မှာ
ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမယ့် ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်
ကျင်းပခဲ့ပေမယ့်လည်း KIA ခေါင်းဆောင်တွေကတော့ ခေါင်းမာနေဆဲပါ။ အစိုးရ
ကိုယ်စားလှယ်တော်တွေက KIA နယ်မြေဖြစ်တဲ့ မိုင်ဂျားယမ်အထိတောင် တိုက်ပွဲတွေ
ဖြစ်နေတဲ့ကြားထဲ လာဆွေး နွေးရဲသေးတာ၊ KIA လူကြီးတွေက ဘာဖြစ်လို့ အစိုးရ
ဖိတ်ခေါ်တဲ့ ဗန်းမော်တို့ မူဆယ်တို့ကိုတောင် ဘာကြောင့်မသွားရဲရတာလဲ။ KIA
ခေါင်းဆောင်တွေကပဲ သတ္တိမရှိလို့လား။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသား
တွေရော KIA လက်အောက်ခံတပ်သားတွေကရော ငြိမ်းချမ်းရေးကို ရချင်နေကြပါပြီ။
တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ပြီး KIA တစ်ခုတည်း
ငြိမ်းချမ်းရေး မလုပ်နိုင်သေးတာ KIA ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးကို
အလေးမထားဘဲ “၀မ်ပေါင်သမ္မတနိုင်ငံ” ထူထောင်ချင်တဲ့စိတ်က လယ်ပြင်မှာ
ဆင်သွားသလို ပေါ်နေတာပါပဲ။ KIA ခေါင်းဆောင်တွေ ဒီလိုလုပ်လေ ကျွန်တော်တို့
ဒေသခံတိုင်းရင်းသားတွေ ပိုမိုဒုက္ခ ရောက်လေလေပါပဲ။
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့တိုင်းရင်းသား
တွေကို မကြည့်ကြတော့ဘူးလား။ ဂျိမ်းဖောမျိုးနွယ် မဟုတ်တဲ့ ကချင်ပြည်နယ်ထဲက ရဝမ်၊ လရှီး၊
လီစူး၊ မရူနဲ့ အဇီးတိုင်းရင်းသားတွေက ဒုက္ခတွေကို ခါးစည်း ခံနေရပါတယ်။
ဇူလိုင် ၁၅ ရက်နေ့က
မြ၀တီသတင်းစာ မှာ ပြင်ဦးလွင် တပ်နယ်မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ တပ်ချုပ်ကြီး ပြောသွားခဲ့တဲ့
စကားလေးကို ကျွန်တော် တွေ့ရ ပါတယ်။ တပ်ချုပ်ကြီးက “တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်ကာကွယ်ရေး
တာဝန် ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းရှိ တပ်မတော် များ၏ အဓိကတာဝန်မှာလည်း
နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန်ပင် ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့
ဒေသခံ တိုင်းရင်းသားတွေဟာ တပ်ချုပ်ကြီး ကာကွယ်စောင့်ရှောက်မယ်လို့ ပြောဆို ထားတဲ့ နိုင်ငံတော်ကြီးထဲက
နိုင်ငံသားတွေပါ။ ကျွန်တော်တို့နိုင်ငံရဲ့ တပ်မတော်ကိုလည်း ကျွန်တော်တို့ ယုံကြည်အားကိုးပါတယ်။
တပ်ချုပ်ကြီးနဲ့ တပ်မတော်ကလွဲပြီး ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်မယ့်သူ မရှိတော့ပါဘူး။
ကချင်ပြည်နယ်အတွင်းမှ KIA ကြောင့် အတိဒုက္ခရောက်နေတာကို ကြည့်မနေပါနဲ့၊ ကြာရင်ပိုဆိုးပြီး
ကျွန်တော်တို့ ဘ၀တွေလည်း သက်ဆိုးရှည်မှာ မဟုတ်တော့ပါဘူး။ KIA ဆိုတာက ဂျိမ်းဖောမျိုးနွယ်စုကိုတောင်
ကိုယ်စားပြုတာမဟုတ်ပါဘူး၊ ကျန်တဲ့ကချင်လူမျိုးစုတွေဆိုရင်တော့ ပိုဝေးပါသေးတယ်။ ရခိုင်မှာ
ရခိုင်-ကုလား ပြဿနာတက်တော့ စစ်တပ်က၀င်ထိန်းပေးလို့ ခုချိန်မှာတည်ငြိမ်အေးချမ်းနေပါပြီ။
ရခိုင်လိုပဲ ကျွန်တော်တို့ ကချင် ပြည်နယ် အေးချမ်းတည်ငြိမ်ဖို့အတွက် တပ်မတော်က အမြန်ဆုံးဝင်ထိန်းပေးပါလို့
ပြောချင်ပါတယ်။ ဒါကြောင့် တပ်ချုပ်ကြီးနဲ့ တပ်မတော်အနေဖြင့် ကျွန်တော်တို့ဒေသကို ပစ်မထားဖို့နဲ့
ကာကွယ်စောင့်ရှောက်ပေးဖို့ တောင်းဆို လိုက်ပါတယ်။
မေးလ်ထဲရောက်လာလို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ
ရ၀မ်တိုင်းရင်းသားတစ်ဦး၊ ပူတာအို။
http://myanmartharkaung.blogspot.com မှကူးယူဖော်ပြခြင်း.....
No comments:
Post a Comment