လူကြိုက်အများဆုံး

Wednesday, August 1, 2012

ရခိုင်အရေးအခင်း၌ သံသယရှိ၍ ထိန်းသိမ်းထားသော ကုလဝန်ထမ်းများ ပြစ်မှုများတွင်အမှန်ပတ်သက်မှုရှိကြောင်းနယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ပြောကြား

မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အချို့သည် အမှန်တကယ် ပါဝင်ဆောင်ရွက်ခဲ့သည်ကို သက်သေအထောက်အထားများ ရရှိထားပြီးဖြစ်ကာ တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ 

ယင်းနှင့်စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးက “ကျွန်တော်တို့မှာ သူတို့တွေဟာ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သက်သေအထောက်အထား ရှိထားပြီးပါပြီ။ ဒီအထဲက တစ်ယောက်က ပြစ်မှုနဲ့ မပတ်သက်ဘူးဆိုတာ ထင်ရှားလို့ ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။ တရားဝင် သတင်းထုတ်ပြန်ချက်များအရ အဆိုပါကဲ့သို့ ရခိုင်ပြည်နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့မှုကြောင့် ထိန်းသိမ်းခံထားရသော ကုလသမဂ္ဂဝန်ထမ်းများမှ UNHCR ၃ ဦး၊ WEP မှ ၂ ဦးနှင့် အခြားသော အိုင်အန်ဂျီအိုများမှလည်း ထိန်းသိမ်းခံထားရသူများ ပါဝင်ကာ စုစုပေါင်း ၁၀ ဦးခန့် ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် UNHCR ၏ မဟာမင်းကြီး မစ္စတာအန်တိုနီ ယိုဂူတာရက်စ်က ပြောကြားခဲ့သည်။ ယင်းက “ပြောချင်တာကတော့ ဘယ်သူမှ ဥပဒေရဲ့ အထက်မှာမရှိ ဆိုတာကို လက်ခံပါတယ်” ဟု ပြောသည်။ မောင်တောဒေသတွင် အခြေစိုက်သော ကုလသမဂ္ဂဝန်ထမ်းနှင့် အိုင်အန်ဂျီအို ဝန်ထမ်းများအနက်တွင် ဘင်္ဂါလီလူမျိုးဦးရေသည် အထူးများပြားနေကြောင်း ဒေသခံများထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana ဗဟိုအကျဉ်းထောင် (အင်းစိန်)နှင့် အင်းစိန် ဆေးရုံတို့၌ လေ့လာ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana သည် ဇူလိုင် ၂၉ ရက် ညပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာန ကိုယ်စားလှယ် Mr.Ramesh M.Shrestha နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။ 

ရိုဟင်ဂျာလူမျိုးဟူ၍ မြန်မာနိုင်ငံတွင် လုံးဝမရှိကြောင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း မပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ လုံးဝမရှိပါကြောင်းနှင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုမားစ်ကင်တားနား အပါအဝင် သံအမတ်များ မီဒီယာများကို ပြောကြားလိုက်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အင်ဒိုနီးရှား သံအမတ်ကြီးက ကြားသိရသော သတင်းမျိုးစုံအရ ရိုဟင်ဂျာ ရှိမရှိကို ဝေခွဲမရ ဖြစ်နေရကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဖြေရှင်းပေးစေလိုကြောင်း ပြောကြားသည်ကို တွေ့ရသည်။ 

“ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု လုံးဝမရှိပါဘူး။ သမ္မတကြီးလည်း ပြောဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ၁၈၂၄ မှာ ပထမအကြိမ် မြန်မာနဲ့ ဗြိတိသျှ စစ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဘက် အခြမ်းလည်းပါဝင်ပြီး ကျွန်ဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ဖို့ပဲဖြစ်စေ ကာယလုပ်သား လိုအပ်ချက်အတွက်ကြောင့် ဖြစ်စေ၊ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တရားမဝင် ဝင်ရောက်လာခဲ့တယ်။ ၁၉၈၃ က ကောက်ခဲ့တဲ့စာရင်းမှာ ရိုဟင်ဂျာဆိုတာ တရားဝင် မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာလျှင် ဖော်ပြထားတာ ရှိတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစု ရှစ်စုပဲရှိတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း စသဖြင့်ပေါ့။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုး ၁၃၅  မျိုးမှာ ပါကိုမပါခဲ့ပါဘူး။ ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မြန်မာမှာ မရှိခဲ့ပါဘူး။ ၁၉၇၃၊ ၁၉၈၃ စာရင်းတွေမှာရော မရှိခဲ့တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ နိုင်ငံတကာ မီဒီယာနှင့် အွန်လိုင်း မီဒီယာအချို့တွင် ရိုဟင်ဂျာလူမျိုးဟူ၍ အမည်တပ်ကာ ဝါဒဖြန့်မှုများ ရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ နယ်ချဲ့စနစ်ကြောင့်သာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားလိုက်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအဝှမ်း တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့် အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက် နှစ်ရပ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ 

မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက်


မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊ သူက ဘယ်လို အဓမ္မ ကျင့် တာလဲ။
သိချင်သူများ အတွက် ယခု သြဂုတ်လထုတ် ကွန်ပြူတာဂျာနယ်ကို ဖတ်ကြည့်ရင် သိသွားမှာပါ။

အစိုးရအဖွဲ့ ၀င်များ၏ ပိုင်ဆိုင်မှု့ စာရင်း ပြုစုတင်ပြရေးစာ အွန်လိုင်းပေါ်ရောက်


https://www.facebook.com/aungmyo.tun.52

မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)

ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်သည်။

ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာထိပါးချိုးဖော

က်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်
ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

လေးစားစွာ
လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်

ကျွန်တော်သိတဲ့ ဆရာကြီးမင်းသိင်္ခအကြောင်း တစ်ပိုင်းတစ်စ


ရှစ်လေးလုံး အရေးတော်ပုံကြီး   အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူး ခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာ  တစ်ခုကို ကျွန်တော်ပြန် အမှတ်ရမိပါ တယ်။


ဒီအချိန်မှာ တစ်တိုင်းပြည်လုံးလှည်း နေလှေအောင်း မြင်းဇောင်းမကျန် တစ် ပါတီ စစ်အာဏာရှင် စနစ်ဖြုတ်ချဖို့ သပိတ်မှောက် ဆန်္ဒပြတိုက်ပွဲဝင်နေကြပါ ပြီ။ တစ်နိုင်ငံလုံးမှာ ကျခဲ့ရတဲ့ ကျောင်း သားတွေ၊ ပြည်သူ့ သွေးတွေဟာ စုစည်း လိုက်ရင် မြစ်ကြီးအဖြစ် ချင်းချင်းနီရဲသွား မယ့် အချိန်ပါ။
ကြည်း၊ ရေ၊ လေ တပ်မတော်သား တွေ ပြည်သူလူထုနဲ့ ပူးပေါင်းလာကြပါ ပြီ။ အစိုးရ ၀န်ထမ်းတွေ ဒီမိုကရေစီ တောင်းဆိုဖို့ လမ်းမပေါ် ထွက်လာကြပါ ပြီ။ ဒီအချိန်မှာ ရန်ကုန်မြို့ပေါ်က တိုက် ပွဲဝင် ပိုစတာပေါင်းစုံ ကြားမှာ ကျွန်တော် တို့အလန့်တကြား တွေ့လိုက်ရတဲ့ ပိုစတာ တစ်ခုကတော့ ““ကျော်ဟိန်းဘာလဲ ဘယ် လဲ၊ မောင်သာရ ဘာလဲ ဘယ်လဲ””

မီးလောင်သွားသော ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ၀ါတွင်းသုံးလ သီတင်သုံးဆောင်နိုင်ရန် ယာယီကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း


2 ရခိုင်တွင် ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ၀ါတွင်းသုံးလ သီးတင်သုံးနိုင်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်များက ယာယီကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်တွင် ဆူပူအကြမ်းဖက်မှုကြောင့် စစ်တွေနှင့် မောင်တောတွင် ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်း မီးလောင်ပျက်စီးသွားရာ သံဃာတော် ၄၅ ပါးမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ဘေးလွတ်ရာသို့ ရှောင်တိမ်း သီးတင်းသုံးနေရခြင်းဖြစ်ပြီး အဆိုပါသံဃာတော်များ ၀ါဆိုဝါကပ်အမှီ ယာယီသီတင်းသုံးနိုင်ရန် တပ်မတော်မှ သီတင်းတစ်ပတ်နှင့် အပြီးဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်တွင်း အဓိကရုဏ်းများ ငြိမ်းချမ်းနေပြီပြောသော်လည်း ပြဿနာများ ဆက်လက်ဖြစ်ပွားနေဆဲ


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေခဲ့တဲ့ အဓိကရုဏ်းတွေကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဒေသခံရခိုင် တိုင်းရင်းသားများက တည်ငြိမ်အေးချမ်းပြီလို့ ပြောနေသော်လည်း ရိုင်ဟင်ဂျာအမည်ခံ အကြမ်းဖက် ဘင်္ဂလီမူဆလင်များမှာ ဆက်လက်ပြီး တစ်မျိုးမဟုတ်တစ်မျိုး ကြံစည်နေခြင်းကြောင်း ပြဿနာများ ဆက်လက်ဖြစ်ပွားနေသည်ကို သတင်းရရှိသည်။
“ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာတွင် အကြမ်းဖက်ဘင်္ဂလီမူဆလင်တစ်ဦးက သောက်ရေကန်ကို အဆိပ်ခပ်ရန်လုပ်ကြံတဲ့အတွက် စစ်တပ်က ဖမ်းဆီးသွားပါတယ်။ စစ်တွေတက္ကသိုလ်မှာ လုံခြုံရေးများနေထိုင်တဲ့ အဆောက်အဦးများကိုလည်း ဘုမရွာက ဘင်္ဂလီမူဆလင်ကုလားတွေ ဖျက်ဆီးသွားပါတယ်။ မင်းဂံရပ်ကွက်မှ စခန်းမှူးနဲ့ ရဲသားငါးယောက်ကို သဲချောင်းရွာကို စားနပ်ရိုက္ခပို့ဖို့သွားပါတယ်။ စခန်းမှူးနဲ့ ရဲမှာပါလာတဲ့ လက်နက်တွေကို သဲချောင်းရွာနှင့် သက္ကေပြင်ရွာက ကုလားသုံးထောင်လောက်ဝိုင်းပြီး လက်နက်များကို လုဖို့ကြိုးစားကြပါတယ်။

ကေအိုင်အေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်ရောက်ဖို့ ပြင်ဆင်နေ

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅)ရက်နေ့က ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) တပ်မဟာ (၅)မှ ခေါင်းဆောင်တွေဟာ ၄င်းတို့ လက်အောက်ခံတပ်စခန်းတွေမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ပြည်သူ့စစ် ခေါင်းဆောင်(၅)ဦးကို တပ်မဟာ (၅)သို့ ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

ကေအိုင်အေ တပ်ဖွဲ့များ ညအချိန်မှာ ၀င်ရောက်ပြီးလူသစ်စု

ကချင်ပြည်နယ်မှာ ဇူလိုင်လကုန်ပိုင်းလောက်အထိ မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွား လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့က ကေအိုင်အေတပ်ရင်း (၁၂၁) နဲ့ တပ်ရင်း(၂၇)မှ တန်ဂွန်းနဲ့ လော်ဆန်းခေါင်းဆောင်တဲ့ ကေအိုင်အေ(၃၀)ဦးခန့်ဟာ ကေအိုင်အေ နယ်ဘက်အုပ်ချုပ်ရေး တာဝန်ခံတွေနဲ့ ပူးပေါင်းပြီး အဖွဲ့ငယ်တွေဖွဲ့စည်းကာ လောင်လွင်ကျေးရွာ၊ မိုင်းနောင်၊ နမ့်လင်းပါရွာတွေမှာ ညအချိန် တိတ်တဆိတ် ၀င်ရောက်လူသစ်စုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလူသစ်စုဆောင်းမှုကြောင့် ကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ယောင်္ကျားလေး(၉)ဦးနဲ့ မိန်းကလေး(၂)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။

သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ထောင်ထားသော မြေမြှုပ်မိုင်းအား အပြစ်မဲ့ရွာသားတစ်ဦးနင်းမိသေဆုံး

ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်က တန့်ယန်းမြို့နယ်၊ ပါတက်ကျေးရွာအနီး ၀မ်ဟွေလုံကျေးရွာမှ ရွာသား တစ်ဦးဟာ SSA ၀မ်ဟိုင်းအဖွဲ့လို့လူသိများသော သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့မှထောင်ထားတဲ့ မြေမြှုပ်မိုင်းအား နင်းမိပြီးနေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း အဆိုပါရွာသားများထံမှ သိရှိရပါတယ်။

          မိုင်းနင်းသေဆုံးခဲ့သော ရွာသားအမည်မှာ ပေါ်အောင်ဆိုသူ ပလောင်တိုင်းရင်းသားတစ်ဦး ဖြစ်ပြီး ၎င်း၏ ဇနီးနှင့် လူမမယ်အရွယ်ကလေးငယ် ၄ ယောက်ကျန်ရှိခဲ့ကြောင်း သိရပါတယ်။ ဒေသခံ တောင်သူ တွေရဲ့ ပြောစကားအရ ပေါ်အောင်ဟာ ၀မ်ဟွေလုံမှ ၎င်းရဲ့တောင်ယာသို့အသွားလူသွားလမ်းပေါ် မှာပဲ SSPP/SSA အဖွဲ့မှထောင်ထားသော မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ဒု သမ္မတသစ် ခန့်ရေး ကြန့်ကြာမှု ဝေဖန်ပြောဆိုနေ

တပ်မတော်သား ကိုယ်စားလှယ်များက ဒု သမ္မတအဖြစ် အမည်စာရင်း တင်သွင်းထားသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ (ဓာတ်ပုံ – ဧရာဝတီ)
လစ်လပ်နေသည့် ဒု သမ္မတ ရာထူးအတွက် အတည်ပြုခန့်အပ်ရန် ကြန့်ကြာနေခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အကြား ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်နေသည်။
အမျိုးသား ဒီမိုကရေစီသစ် ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“ဒု သမ္မတလောင်း တယောက်တည်း ကို ဒီလောက်ကြာအောင်သုံးသပ် စိစစ်စရာ မလိုဘူးထင်တယ်၊ ပထမအကြိမ်တုန်းက သုံးရက်လောက်ပဲကြာတယ်”ဟု ဆိုသည်။

ဂျာနယ် ၂ စောင်ကို အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်း

ရန်ကုန် အခြေစိုက် The Voice ဂျာနယ်နှင့် Envoy ဂျာနယ် တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးက ယနေ့မှစ၍ ထုတ်ဝေခွင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေ (ဓာတ်ပုံ – ဧရာဝတီ)
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ၂၀၁၁ ခုနှစ် ညွှန်ကြားချက် ၄၄ ကို ဖောက်ဖျက်မှုနှင့် ယင်း ဂျာနယ်များကို ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း ယနေ့ ရန်ကုန် စာပေစိစစ်ရေးဌာနတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။
“နောက်ကြောင်း ပြန်လှည့်တယ်လို့ မယူဆ စေချင်ပါဘူး။ The Voice ဂျာနယ်က စာပေစိစစ်ရေးကို မတင်ပြဘဲ သတင်း ၈ ပုဒ် ထည့်သွင်းခဲ့သလို၊ Envoy ဂျာနယ်က သတင်း ၇ ပုဒ်ကို ခွင့်ပြုချက်မရှိဘဲ ဖော်ပြပါတယ်။ ကျန်တဲ့ စည်းကမ်း ချိုးဖောက်မှု တွေ ကလည်း အများကြီးပါ။ ဒါတွေတော့ ကျနော် မပြောတော့ပါဘူး” ဟု ဦးတင့်ဆွေက ပြောသည်။

မောင်တောမှာ ကင်တာနာကို ဆန္ဒပြ

ဇူလိုင် ၃၀ ရန်ကုန်သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ မစ္စတာ ကင်တာနာ (ဓာတ်ပုံ- ဧရာဝတီ)
ရခိုင်ပြည်နယ် မောင်တောမြို့သို့ ယနေ့နေ့လယ်က ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့် အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာကို ဒေသခံ ရခိုင် တိုင်းရင်းသား ၂၀၀ ခန့် က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသခဲ့ကြောင်း သတင်းရရှိသည်။
“နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားပါ”၊ “မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို လေးစားပါ”၊ “တိုင်း ရင်းသားတို့၏ လူ့အခွင့်အရေးကို လေးစားပါ”၊ “မျှမျှတတ ဆက် ဆံပါ” ဟူသော တောင်းဆိုချက် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသူများက ကင်တာနာ၏ ယဉ်တန်း ဘေးဝဲယာမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

စစ်ရေးနည်း တခုတည်းဖြင့် ရေရှည်လုံခြုံမှု မတည်ဆောက်နိုင်

ပါကစ္စတန်အခြေစိုက် အစွန်းရောက် တာလီဘန်အဖွဲ့က မြန်မာကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုကြောင်းနှင့် လုံခြုံရေး အပြည့်ရှိကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သော်လည်း ရခိုင်ပြည်နယ် ပဋိပက္ခများအပေါ် အခြေပြုပြီး အစ္စလမ်မစ် စစ်သွေးကြွ လှုပ်ရှားမှုများ ကျယ်ပြန့်လာနေသည်မှာ အမှန်ဖြစ်သည်၊ မြန်မာ အစိုးရအနေဖြင့် ပေါ်ထွန်းစ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး အလားအလာများကို ဖျက်ဆီးနိုင်သော ပေါ်လစီနှင့် လုပ်ဆောင်ချက် ခြေလှမ်းမမှားရန် ကြီးစွာ သတိပေးနေ သလိုလည်း ဖြစ်သည်။
ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်စလင် ဘာသာဝင်များအရေးကို အကြောင်းပြုပြီး မွတ်စလင်ကမ္ဘာမှ အစ္စလမ်ဘာသာရေး အစွန်းရောက် ဂျီဟဒ်ဝါဒီများက ယခင် နာမည်ပင် မကြားဖူးခဲ့သည့် မြန်မာနိုင်ငံကို ယခုအခါ ပစ်မှတ်ထားမှု ရုတ်တရက် ကျယ်ပြန့် ကြီးထွား လာနေခဲ့ကြောင်း သတင်းပေးပို့ချက်များက ဖော်ပြနေသည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်

ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။

“ သူတို့က လူ့အခွင့်ရေး ကိုယ်စားလှယ် ကားတန်းနဲ့ မောင်တောမြို့ထဲကို လာရောက်ကြည့်ရှု့တဲ့ အခါ မြို့ထဲမှာ ပိုစတာတွေ ကိုယ်စီကိုင်ပြီး ဆန္ဒဖေါ်ထုတ်ကြတာကို တွေ့ရပါတယ်။ လူပေါင်းက ၂၀၀ ခန့်ရှိပါမယ်။ ဘေးပတ်ဝန်းကျင်က လာကြည့်တဲ့သူတွေကလည်း ၃၀၀- ၄၀၀ လောက်ရှိတာ ကို တွေ့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖေါ်ထုတ်ကြတာပါ” ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေ သူ ကိုကျော်အေးမောင်က ပြောသည်။

ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား

ရန်ကုန် (မဇ္ဈိမ) ။        ။ လစ်ဟာနေသော ဒုတိယ သမ္မတနေရာသို့ အစားထိုး ခန့်ထားနိုင်မည့်သူနှင့် ပတ်သက်၍ ခန့်မှန်းချက် အမျိုးမျိုး ပေါ်ထွက်နေချိန်တွင် ယခုနောက်ဆုံး ရေပန်းစား  လာသူမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်သည်။

စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၆ ကျောင်းဆင်း ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းရန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်များက သဘောတူပြီးဖြစ်သည်ဟုနေပြည်တော်ရှိ ထိပ်တန်း သတင်းရပ်ကွက်တခုက ပြောသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း ဝန်ကြီး ထပ်လောင်းပြောဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံရှိ တိုင်းရင်းလူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ထပ်လောင်း ပြောကြားလိုက်သည်။

ကိုလိုနီခေတ်အပြင် လွတ်လပ်ရေးရပြီးနောက် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းများကို ကိုးကား၍ ဝန်ကြီး ဦးခင်ရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသွားခြင်း ဖြစ်သည်။

“ကျနော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျနော်တို့ လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး” ဟု ဆိုသည်။

အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင် ယာယီ ရပ်ဆိုင်းခံရ

ချင်းမိုင်၊ ရန်ကုန် (မဇ္စျိမ) ။        ။ အပတ်စဉ်ထုတ်ဝေနေသော The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို
ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

သတ်မှတ် စည်းကမ်းချက်များ ချိုးဖောက်သည်ဟု ဆိုကာ အင်္ဂါနေ့ နံနက်ပိုင်းက ယင်းဂျာနယ်တိုက်များမှ တာဝန် ရှိသူများကို စာပေစိစစ်ရေးက ခေါ်ယူတွေ့ဆုံကာ လာမည့်အပတ်မှစတင်၍ ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

“လောလောဆယ်တော့ အကန့်အသတ်မရှိ ယာယီထုတ်ဝေခွင့် ရပ်နားတယ်။ ဒီနေ့မနက်ပဲ ခေါ်ပြောတယ်။ အကြောင်း ကတော့ စိစစ်ရေးက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာလို့၊ ဘယ်အကြောင်း အရာကြောင့်ဆိုပြီး မပြောဘူး” ဟု The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က မဇ္ဈိမကို ပြောသည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ရခိုင်အချို့ ဆန္ဒပြ

စံခလပူရီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကို အင်္ဂါနေ့ နေ့လည်ပိုင်းတွင် ဒေသခံ ရခိုင်တိုင်းရင်းသား ၂၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း ကိုယ်တိုင် တွေ့မြင်ခဲ့သည့် ဆရာတော်တပါးက မိန့်သည်။

‘နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားပါ’၊ ‘မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပါ’၊ ‘တိုင်းရင်းသားတို့၏ လူ့အခွင့်အရေးကို လေးစားပါ’၊ ‘မျှမျှတတ ဆက်ဆံပါ’ ဟူသည့် တောင်းဆိုချက် အချက် လေးချက် ပါသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခြင်း ဖြစ်သည်။

စစ်တပ်၊ အစိုးရနှင့် NLD တွင်ပါ ရှေးရိုးစွဲများရှိဟု သမ္မတပြော

ရန်ကုန် (မဇ္ဈိမ) ။      ။ တပ်မတော်နှင့် အစိုးရတွင်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ ရှိနေသည်ဟု စင်္ကာပူအခြေစိုက် ရုပ်သံလွှင့် သတင်းဌာန တခု ဖြစ်သည့် CNA က တွေ့ဆုံမေးမြန်းရာတွင် သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသည်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံသို့ သမ္မတ ဦးသိန်းစိန် သွားရောက်စဉ် CNA ၏ မေးမြန်းမှုကို မြန်မာသမ္မတ ပြန်လည်ဖြေကြားခဲ့မှုအား တနင်္လာနေ့ ညနေပိုင်းတွင် ထုတ်လွှင့်ပြသသွားခြင်း ဖြစ်သည်။

တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ ပီနန်အိတ်စက်ရုံ လုပ်သားများ ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ TE SEL ပီနန်အိတ် စက်ရုံမှ လုပ်သားများသည် လစာ တိုးမြှင့်ပေးမှု နှုန်းထားများ မညီမျှမှုကို မကျေနပ်၍ အင်္ဂါနေ့ နံနက် ၁ဝ နာရီခန့်မှ စတင် ဆန္ဒပြလျက်ရှိသည်။

အဆိုပါ စက်ရုံက ဝန်ထမ်းအသစ်များကို FEC ၁၅ ဒေါ်လာ (ငွေကျပ် ၁၃,ဝဝဝ နီးပါး)ခန့် တိုးမြှင့်ပေးလိုက်သော်လည်း လုပ်သက်ရင့် ဝန်ထမ်းများကိုမူ လုံးဝတိုးမပေးသည်ရှိသလို အများဆုံး FEC ၄ ဒေါ်လာ (ငွေကျပ် ၃,၅ဝဝ)ခန့်သာ တိုးမြှင့်ပေးသဖြင့် မကျေနပ်ကြခြင်း ဖြစ်သည်။ လုပ်သက်ရင့် ဝန်ထမ်းများက ကျပ်ငွေ ၁၅,ဝဝဝ ခန့် တိုးမြှင့်ရရှိလို ကြသည်။

“ဒီလ လစာကတည်းက တိုးလိုချင်တယ်” ဟု ဆန္ဒပြ အလုပ်သမားတဦးက ပြောသည်။

ထို့ပြင် “ကျနော်တို့ကိုတော့ လစာကို မြန်မာငွေ ထောင်ဂဏန်း လောက်ပဲ တိုးပေးတော့ ကျနော်တို့ ဒီစက်ရုံမှာ လုပ်သက်အများကြီး ရင်းထားရတာ အလကားပဲပေါ့” ဟု လုပ်သက် ၁ဝ နှစ်နီးပါး ရှိသည့် လုပ်သားတဦးက ပြောသည်။

ဆန္ဒပြမှုကို တောင်ဒဂုံမြို့နယ် အလုပ်သမားဦးစီးဌာနမှ အရာရှိများက ဝင်ရောက် ညှိနှိုင်း ဖြန်ဖြေမှုများ ပြုလုပ်ပေး
နေသော်လည်း ညနေ ၄ နာရီ အချိန်အထိ ပြေလည်မှု မရရှိသေးပေ။

ထိုစက်ရုံမှ အလုပ်သင် ဝန်ထမ်းတဦးသည် ပုံမှန်အားဖြင့် လစာငွေ ကျပ် ၃၂,ဝဝဝ ရရှိပြီး လုပ်သက် ကိုးနှစ်ရှိ ဝန်ထမ်းတဦးလျှင် အချိန်ပိုလုပ်ခများနှင့် လစာရင်း နှစ်ခုပေါင်း ငွေကျပ် ခြောက်သောင်းခန့် ရရှိသည်ဟု သိရသည်။

ဝန်ထမ်း ၄ဝဝ ကျော် ရှိသည့် အဆိုပါစက်ရုံသည် ၈ နာရီဆိုင်း သုံးဆိုင်းဖြင့် ၂၄ နာရီ လည်ပတ်နေသည်။ လုပ်သက် အရင့်ဆုံးဝန်ထမ်းမှာ ၁၆ နှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး လုပ်သက် ၄ နှစ်၊ ၈ နှစ် နှင့် ၁ဝ နှစ်ရှိ ဝန်ထမ်းများလည်း ရှိသည်။

လစာများ ညီမျှစွာ တိုးမြှင့်မပေးမချင်း ဆန္ဒပြခြင်းကို ရပ်တန့်မည်မဟုတ်ဟုလည်း အလုပ်သမားများက ဆိုသည်။

ဤကဲ့သို့ စက်ရုံလုပ်သားများ ဆန္ဒပြမှုအပေါ် စက်ရုံ စီမံမန်နေဂျာ ကိုကျော်နိုင်ဦး က တစုံတရာ မှတ်ချက်မပြုလိုဟု ဆိုသည်။

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ သမ္မတထံ တင်ပြရမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။

“ဟုတ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၁၀၁ အရ စာရင်းပြုစုပြီး ပေးပို့ပေးဖို့ ညွှန်ကြားတာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။

Monday, July 30, 2012

အလုပ်သမားသမဂ္ဂဖွဲ့လို့ အလုပ်ထုတ်ခံရ

ADK အထည်ချုပ်ရဲ့ ခုံသမာဓိကောင်စီ ကြားနာမှု မင်္ဂလာဒုံမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင်လ ၂၇ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။ အထုပ်ခံရတဲ့ အလုပ်သမားအခြေခံအဖွဲ့ အလုပ်အမှုဆောင် ၇ ဦး အဖွဲ့ဝင်နှစ်ဦးနှင့် အလုပ်ရှင်တွေ ကို အလှည့်ကျ တံခါးပိတ်စစ်ဆေးခဲ့ကြသည်။ ဒီကြားနာပွဲသို့ ဖွဲ့စည်းခွင့်ရပြီးတဲ့ သမဂ္ဂအချို့နှင့် လွတ်လပ်သော အလုပ် သမားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီဝင်များ အကျိုးဆောင်ရှေ့နေများမှ အလုပ်အထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေ ဆီကို သွားရောက်အားပေးခဲ့ပါတယ်။

မိတ္ထီလာ စည်ပင်အရာရှိ မြေသိမ်း


မိတ္ထီလာမြို့အတွင်းရှိ ကျောက်ဖြူကုန်းအုပ်စု မြင်တော်ကန်ကျေးရွာမှာ နေထိုင်တဲ့ ကိုနေလင်းပိုင် ယာမြေတွေကို မိတ္ထီ လာမြို့ စည်ပင်သာယာအမှုဆောင်အရာရှိ ဦးသန်းအေး က မကျူးကျော်ရ စည်ပင်ပိုင်နယ်မြေအဖြစ်သတ်မှတ်၊ အဓမ္မ သိမ်းယူခဲ့ပါတယ်။
ယခု စည်ပင်သာယာက သိမ်းယူထားတဲ့ ယာမြေတွေဟာ နှစ်ပေါင်း (၈၀) ကျော် ဓါးမဦးချ လုပ်ကိုင်စိုက်ပျိုးလာခဲ့တဲ့ဘိုးဘွားပိုင်မြေတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တောင်သူလယ်သမားတွေဟာ မိမိတို့ စိုက်ပျိုးလာခဲ့တဲ့ လယ် ယာမြေတွေကို ပိုင်ဆိုင်ကြောင်း REGISTER မလုပ်ထားတာကို အာဏာပိုင်အဖွဲ့စည်းအမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ အခွင့် ကောင်းယူကာ နေရာတိုင်း၊ ဒေသတိုင်းမှာ အဓမ္မသိမ်းယူနေကြပါတယ်။
အခုလို လယ်ယာမြေများ အဓမ္မအသိမ်းခံရမှုတွေထဲမှာ မြင်တော်ကန်ကျေးရွာက ကိုနေလင်း ရဲ့ ယာမြေတွေလဲ အပါအ ဝင် ဖြစ်ပါတယ်။ ကိုနေလင်း ရဲ့ ယာမြေတွေကို စည်ပင်သာယာက မကျူးကျော်ရဆိုင်းဘုတ်များ၊ ကျောက်တိုင်တွေစိုက် နေတဲ့အပြင် မြေတူးစက်ကြီးတွေနဲ့ ယာမြေတွေကို တူးယူဖျက်ဆီးနေကြပါတယ်။
ဓါးမဦးချ လုပ်ကိုင်စားသောက်လာခဲ့တဲ့ လယ်ယာမြေတွေကို နည်းအမျိုးမျိုးနဲ့ အတင်ကာရောလုယက်နေတာနဲ့ ပတ် သက်လို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ယက်က ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကွန်ယက်အနေနဲ့ လယ်ယာမြေသိမ်းယူတာတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ အခုလို့ ရှုံ့ချထားပါတယ်။
“လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ ရိုးသားပြီး မသိနားမလည်တဲ့ တောင်သူလယ်သမားပိုင် လယ်ယာမြေတွေကို အ တင်းအဓမ္မ သိမ်းယူနေတာကို ကျွန်ုပ်တို့ ကွန်ယက်က အပြင်းအထန်ရှုံ့ချပါတယ်။ ကျွန်ုပ်တို့ ကွန်ယက်ဟာ အဖိနှိပ်ခံ တောင်သူလယ်သမားတွေဘက်က ရပ်တည်ကာ ဆုံးရှုံးနေတာတွေကို ဆက်လက်ရင်ဆိုင်တောင်းဆိုသွားမှာ ဖြစ်ပါ တယ်”



ကြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တုံတာ၊ မိုင်းခတ်၊ မိုင်းယန်း၊ ကျိုင်းတုံ၊ မိုင်းယုမြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေ၀င်ရောက်မှုဖြစ်စဉ်များ

တုံတာမြို့နယ် (ဇူလိုင် ၂၅ မှ ၂၆) ၄ ပေခန့်

တုံတာမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်ဆင်းချောင်းရေ စီးဆင်းလာရာ တုံတာမြို့နယ်ခွဲအတွင်းရှိ ထွေ/အုပ်ရုံး၊ လ၀ကရုံး၊ မြန်မာ့ဆက်သွယ် ရေးအိပ်ချိန်းများတွင် ရေ၀င်ရောက်ခဲ့ပြီး နမ့်ဆင်းချောင်းကူးတံတား၏ အခန်း(၇)၊ အမှတ်(၁)ရေလယ်တိုင်မှာ တိမ်းစောင်း သွားခဲ့ပြီး ထွေ/အုပ်ရုံး၌ နေထိုင်သော မိသားစု ၂ စုနှင့် ပစ္စည်းများအား မနရ(တုံတာ)သို့ ရွှေ့ပြောင်းထားပြီး တပ်မတော်မှ ဦးစီးအင်အား ၃၀ ဦးခန့်ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခတ်၊ မိုင်းယန်း (ဇူလိုင် ၂၆) ၁ ပေခန့်

မိုးအဆက်မပြတ်ရွာသွန်းပြီး နမ့်ကျန်ချောင်းရေစီးဆင်းမှုကြောင့် မိုင်းယန်းမြို့၊ ဟော်ကန်ရပ်ကွက် အတွင်းရှိ အိမ်ခြေ ၉၀ လုံးအနက် ၅၅ လုံး၊ ရေ ၁ ပေခန့် နစ်မြုပ်လျက်ရှိရာ တပ်မတော်မှဦးစီးအင်အား ၇၅ ဦးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မိုင်းခတ်ရှိ နမ့်လွေတံတားမှာ သံဘောင်နှင့် မျက်နှာပြင် ၅ ပေကွာအထိ မြင့်တက်လာကြောင်း သိရှိရသည်။

ဒေါက်တာ ထင်လို့ပါ ! !

ဧရာဝတီဘလော့.....

လျှပ်စစ် (၁) ၀န်ကြး ဦးဇော်မင်းရဲ့ ကိုယ်ကျိုးရှာမှု ကွန်ယက်ကြီးအကြောင်း ပေးစာများ


နင်းပြားဝန်ထမ်း ပြည်သူများ၊ ဇူလိုင် ၃၀၊ ၂၀၁၂
ပေးစာ (၁) – ၀န်ကြီးဌာနတခုလုံး အမျိုးနဲ့ ခရိုနီတွေချည်းပဲ
ကျနော်ဟာ လျှပ်စစ်(၁) ၀န်ကြီးဌါနက အရာထမ်းတဦး ဖြစ်ပါတယ်။ ကျနော်တို့ ဌါနက ၀န်ထမ်းရေးရာ ရာထူးတိုး အပြောင်းအရွေ့ မသမာမှုတွေ အကြောင်း ပြောချင်ပါတယ်။ ၀န်ကြီး(ဦးဇော်မင်း)၊ ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှုးတို့ဟာ ၄င်းတို့နဲ့ နီးစပ်ရာ ဆွေမျိုး တပည့်သားမြေးတွေနဲ့ ငွေပေးနိုင်သူတွေကိုသာ ရာထူးတိုး မြှင့်ပေးလျှက်ရှိပြီး ရာထူးအလိုက် သိန်း ၂၀၀ -၃၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

ပြည်ချစ်သား စဉ်းစားစေချင်သည် (၃)

 ( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)


၂၃-၆-၂ဝ၁၂ ရက်နေ့ကမြဝတီ သတင်းစာ မှာမြစ်ကြီး နားမှာ ရှိတဲ့ ဒုက္ခ သည်စခန်းကို ဒုက္ခ သည် ယောင် ဆောင်ပြီး လာနေတဲ့ KIA က တပ်ကြပ်အဆင့် လထော် ဘရန်ရှောင် သတင်းကို ပြည်ချစ်သား ဖတ်ရလား။ မြစ်ကြီးနား မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၂ဝ လောက်ရှိတယ်။ အဲဒီမှာ တိုက်ပွဲတွေ ဖြစ်လို့ တကယ် ဒုက္ခရောက်ပြီး ရောက်လာကြတဲ့ ရွာသားတွေ ရှိသလို KIA ရဲ့မိသားစုတွေ လည်းရှိကြ တယ်ဗျ။ ဇွန်လကုန် လောက်ကမြစ်ကြီးနား တိုင်းမှူးက အဲဒီနေရာ တွေကို သွားကြည့်ပြီး ထောက်ပံ့ တာတွေ ဘာတွေ လုပ်ပေးတယ်။ ပြီးတော့ တောင်ယာ စပါးစိုက်ချိန် ဆိုတော့ ကိုယ့်ရွာကိုယ် ပြန်နေကြ၊ လိုတာ အကူ အညီ ပေးမယ် ဆိုပြီး ပြောတယ်လို့ သိရတယ်။ အောက်ခြေမှာ ကျတော့ KIA က မပြန်ခိုင်းဘူးပြန်ရင် ဘာဖြစ် မယ် ညာဖြစ်မယ်နဲ့၊ KIA စစ်သား လုပ်ခိုင်းမယ်၊ သတ်ပစ်မယ် လို့ဖြစ်နေတော့ ဘယ်သူက ပြန်ရဲမှာ လည်းဗျာ။ ကျုပ်တို့ မြစ်ကြီးနား မြို့ပေါ်က လူတွေ ဒုက္ခသည် စခန်းဆိုတဲ့ နေရာတွေကို မသွားရဲဘူး၊ Inline  ဖြစ်ရင် ကိစ္စ မရှိဘူး၊ မဟုတ်ရင်  မိသားစု အသက်ဘေးက စိုးရိမ်ရတယ် ဆိုတာ ကျုပ်တို့ဘဲ သိတယ်။

ပြည်ချစ်သား စဉ်းစားစေချင်သည် (၂)

( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)
 ပြည်ချစ်သား စဉ်းစားစေချင်သည် (၂)

၂-၂-၂ဝဝ၁၂ ရက်နေ မှာလဲတာ လောကြီးက ကလေး ၁၂  ယောက်ကို ဖမ်းသွားပြီး မိန်းကလေး ၄  ယောက်ကို  အဓမ္မပြုကာပြန်လွှတ် လိုက်တယ်ဆိုတဲ့ သတင်းကို အင်တာနက်မှာ ၁၃-၂-၂ဝ၁၂ နေ့က ဖတ်လိုက် ရပြန်တယ်။ 



ဆက်ကာ ဆက်ကာနဲ့ ဖားကန့်မှာ မိုင်းခွဲလို့ လူသေ တာတွေ၊ တာပိန် က ပြန် လာတဲ့ကားကို ပစ်လို့ လူ ၇ ယောက်သေပြီး၊ ၁ ယောက် ဒဏ်ရာ ရ တာတွေ ၊မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စုကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်လို့ ၁ ယောက် သေပြီး၊ ၆ ယောက် ဒဏ်ရာ ရတာတွေ၊ အင်တာနက် မှာရော၊ သတင်း စာမှာရော မကြာခဏ တွေ့ေ တွ့ နေရတယ်။

 တစ်ခါ လားရှိုး-နမ့်ခမ်း ဘက်မှာ တာဝါတိုင် တွေမိုင်းခွဲ ခံရလို့ လျှပ်စစ်မီးတွေ ပြတ်တောက် ကုန်ပြီ ဆိုပြီး သတင်းစာ ထဲမှာ ပါလာ ပြန်တယ်။ ဒါတွေ ဘာဖြစ်လို့  ဖြစ်နေရတာ လဲဆိုပြီး အရပ်သား တစ်ယောက် အနေနဲ့စိတ်ပူ လာတယ်။
ဒီမိုကရေစီ အစိုးရ လက်ထက်မှာ  သမ္မတကြီး ကရောဘာလုပ်နေ သလဲလို့  စဉ်းစားမိလာတယ်။            ၁၄-၁၂-၂ဝ၁၁ ရက်နေ့ မြန်မာ့အလင်း သတင်းစာမှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်ကို ဖတ်လိုက် ရတယ်။ '' ကချင်ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း ၊KAI တပ်စခန်းများအား ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြား ထားရှိကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် KIA ဘက်ကလည်း လိုက်နာရန် လိုအပ်ကြောင်း '' ဆိုပြီး ပါလာတယ်။ ဒါဆိုရင် သမ္မတကြီးက ငြိမ်းချမ်းရေး အတွက် ဆောင်းပါးရှင် ပြောသလို လုပ်သင့် လုပ်ထိုက် တာတွေ လုပ်နေတာ မှန်တယ်။ ကာချုပ်ကရော ဘာတွေလုပ်မလဲ၊ ဆက်ပြီး စဉ်းစားတယ်။ စစ်တပ်ကို အုပ်ချုပ်တာက ကာချုပ်၊ ဒီမိုကရေစီ ခေတ်မတိုင်ခင် စစ်တပ်အစိုးရ လက်ထက်က တစ်နိုင်ငံ လုံးမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တာပဲ။ အခုလည်း ငြိမ်းချမ်းရေး ရယူဖို့ လုပ်နေတာပဲ၊ ငြိမ်းချမ်းရေး ယူဖို့ ကမ်းလှမ်းထားတာ ၁၁ ဖွဲ့ရှိတယ်လို့ သိရတယ်။ အဲဒီထဲမှာ ၁ဝဖွဲ့နဲ့က စကားပြောပြီးပြီ၊ သဘော တူညီချက် အတိုင်း လက်မှတ် ထိုးပြီးပြီ။ အဲဒီ ၁ဝ ဖွဲ့နဲ့ သဘောတူညီ လက်မှတ်ထိုးတာ ကလည်း ကာချုပ်ရဲ့ သဘောထား မပါဘဲ ရပါ့မလား။ ဆောင်းပါးရှင် ပြောသလိုပေါ့ စစ်တပ်ဆိုတာ အမိန့်နာခံမှု အပြည့်အဝ ရှိတယ်လေ၊ ကာချုပ် သဘောတူလို့ စစ်တပ်က ငြိမ်းချမ်းရေးမူ တွေအရ လိုက်နာပြီး မပစ်မခတ်ဘဲ နေတာ မဟုတ်လား။ ကာချုပ် သဘောမတူလို့ရှိရင် စစ်တပ်က စစ်သားတွေက ပစ်နေ ခတ်နေမှာ ပဲပေါ့။ ငြိမ်းချမ်းရေး ယူထားတဲ့ အဲဒီ ၁ဝ ဖွဲ့နဲ့မပစ်ဘဲ ငြိမ်းချမ်းရေး မယူထားတဲ့ KIA တစ်ဖွဲ့တည်းနဲ့ ပစ်ခတ် နေတာဆိုရင် ကာချုပ်က ငြိမ်းချမ်းရေး မလိုချင်လို့ ပစ်ခတ်နေ တယ်ဆိုတာ ဟုတ်ပါ့မလား၊ စဉ်းစားကြည့်ယင် မစွပ်စွဲ သင့်ဘူးလို့ ပေါ်လွင်တယ်။
          စစ်တပ်ဘက် လိုက်ပြော တာတော့ မဟုတ်ဘူး၊ အမှန်တရား ကိုချစ်လို့ အဖြေရှာ ကြည့်တာပါ။ ၂၈-၃-၂ဝ၁၂ ရက်နေ့ ထုတ်တဲ့ ကြေးမုံ သတင်းစာမှာ ကာချုပ်က ၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း ပြောတာကို ကျွန်တော် ရှာဖတ်ခဲ့တယ် '' အသက်ခန္ဓာကို စွန့်လွှတ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် ကြရသော တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို လိုလားကြောင်း၊ဖြစ်နိုင်သမျှ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် စစ်မှန်သည့် ပြည်ထောင်စု စိတ် ဓာတ်ဖြင့် နိုင် ငံတော်နှင့်အတူ လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ပြီး ထိုမှ တစ်ဆင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို  အလေး ထား ဆောင်ရွက် သွားမည်ဟု ပြောကြားလိုကြောင်း '' လို့ ပါရှိတယ်။ ကာချုပ်ရဲ့ သဘောထားကို တစ်ကမ္ဘာ လုံးကို ရှင်းလင်း တင်ပြထားတာလို့ ကျုပ်သဘော ပေါက်တယ်။ ဒါဆိုရင် ကာချုပ်က ငြိမ်းချမ်းရေး လိုလား သူ ဖြစ်တယ်လို့ လက်ခံရမှာဘဲ။ ကချင်ပြည်နယ်မှာ ကာလရှည်ကြာ တိုက်ခိုက်နေခြင်းမှာ ကာချုပ်ကြောင့် ပင်ဖြစ်တယ်လို့ သင်ရေးလို့ မရတော့ဘူး၊ ဒါဆို KIA ကြောင့်လို့ စဉ်းစားစရာဘဲ။
          ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ Process ၃ ရပ်ရှိတယ်တဲ့၊ ကျုပ် သီရိလင်္ကာ နိုင်ငံ ငြိမ်းချမ်းရေးကို တာဝန်ခံ ဆောင်ရွက်ခဲ့တဲ့  Mr. Thomas Stangeland ပြောခဲ့တဲ့ စကားတစ်ခုကို စာအုပ် တစ်အုပ်မှာ ဖတ်ဖူး ခဲ့တယ်ဗျ၊ သူက '' ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ Cease fire, Normalise area နဲ့Monitoring တွေကို အဆင့်လိုက် လုပ်ရတယ် '' လို့ မှတ်သား ခဲ့ဘူးတယ်။ အစိုးရ ငြိမ်းချမ်းရေး လုပ်တဲ့ သူတွေကလည်း ဒီ Process  အတိုင်း ပညာရှင် တွေနဲ့တွေ့ဆုံ ဆွေးနွေးပြီး ဆွေးနွေး ပြောဆိုခဲ့တဲ့ အတွက် အဖွဲ့ ၁ဝ ဖွဲ့နဲ့ သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ဖြစ်ပါတယ်တဲ့။ ခင်ဗျား ပြောသလို KIA  ဗိုလ်ချုပ်က အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်ဆိုရင် ဒီအဆင့် ၃ဆင့်အတိုင်း ဘာဖြစ်လို့ မဆွေးနွေး နိုင်ရတာလဲဗျာ။ ကျွန်တော် နားမလည်ဘူး၊ နားမလည် ချင်ဘူးလို့ဘဲ ပြောချင်တယ်။
          သူဖြစ်ဖြစ်၊ ကိုယ်ဖြစ်ဖြစ် ကိုယ့်ကို ရန်ရှာလာ ရင်တော့ လက်တုန့် ပြန်ကြမှာဘဲ။ ဘာပဲပြောပြော စစ်တပ်က ပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ရှိတယ် ဆိုတော့ ခုနက လိုမိုင်းတွေ ခွဲခံရရင်၊ လမ်း/တံတား၊ တာဝါတိုင်တွေ ချိုးခံရရင်၊ ရွာသားတွေ အသတ်ခံရရင် လိုက်ရှင်းရမှာဘဲ၊ ဒါသဘာဝ ကျတယ်။ စစ်တပ်က လိုက်ရှင်းလို့ တိုက်ပွဲ ဖြစ်တာမဆန်းဘူး။ ဆန်းတာက KIA ဘာဖြစ်လို့စစ်တပ်ကိုမတိုက်ဘဲ လမ်းတွေ ဖျက်တာ လဲ၊ လူတွေ သတ်တာလဲ၊ ဒါလဲ မေးစရာတစ်ခုလို့ ကျုပ်ထင်တယ်။ KIA  မလုပ်ဘူး ဆိုပြီး မပြောနဲ့နော်၊ ကျုပ် က မြစ်ကြီးနားမှာ နေတာ၊ တိုင်းရင်းသား တစ်ယောက်ပါဘဲ။ နာမည်ဖော် ပြောရင် ကျုပ်နဲ့ ကျုပ်မိသားစု အန္တရာယ်ရှိတယ် ဆိုတာကိုတော့ ဆောင်းပါးရှင် နားလည်ပေးပါ။      
          စစ်တိုက်တယ်ဆိုတာ အပြစ်မဲ့ အရပ်သားတွေကို မထိခိုက်ရဘူးဆိုတာ မှန်ပါတယ်၊ သင်ရေးထားတဲ့ အပြစ်မဲ့တဲ့အရပ်သားတွေ ထိခိုက်အောင် လုပ်နေတာတွေက စစ်တပ်ကဟုတ်ရဲ့လား၊ ကျုပ်ကြားဘူး သလောက် စစ်တပ်က ပြည်သူက စော်ကားရင် စော်ကားတဲ့ စစ်ဗိုလ်၊ စစ်သားတွေကို Open Court  နဲ့ ကာယ ကံ ရှင် ဆွေမျိုး အသိုင်းအဝိုင်း တွေရှေ့မှောက်မှာ စစ်ဆေး အပြစ်ပေး အရေးယူ လေ့ရှိတယ် လို့သိရတယ်။ ဗန်းမော်က ကျောက်စခန်းကိစ္စဆို လူသိရှင်ကြားဘဲ၊ ဆောင်းပါးရှင် လည်းကြားဘူး လိုက်မှာပါ။
http://myanmartharkaung.blogspot.com

ပြည်ချစ်သား စဉ်းစားစေချင်သည် (၁)

Tuesday,July 17,2012 ရက်စွဲဖြင့် အင်တာနက် ပေါ်တွင် ပြည်ချစ်သား ရေးသားထား သော ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ကျွန်တော် ကိုယ်တိုင် ငြိမ်းချမ်းရေး ကိစ္စကို စိတ်ဝင် စားတာက တစ်ကြောင်း၊ ကျွန်တော် မသိသေးတဲ့ အကြောင်း တရားတွေရှိနိုင် သလို ဆောင်းပါးရှင် မသိသေးတဲ့ အကြောင်း တရားတွေ လဲ ရှိနိုင်မယ် လို့ယူဆပြီး ဒီဆောင်းပါးကို ရေးကြည့် လိုက်ပါတယ်။

မန္တလေးလူမှုရေးလုပ်ငန်း ၈၈ ကျောင်းသားများ သွားရောက် လှူဒါန်း

မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တွေဟာ ဒေသခံ လူမှုရေးလုပ်ငန်းတွေ အတွက် ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ အနေနဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မူလုပ်ငန်းစဉ်အရ
ရောက်ရှိတဲ့ဒေသတွေမှာ သွားရောက် လှူဒါန်းတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။

လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ

30.07.2012 
ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ
၃၀ ရက်နေ့ မှာ စတင်ကြားနာမဲ့ အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။


သာစည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် ဓာတ်ဆီဆိုင် ရွှေ့ပြောင်းရေး ဆန္ဒပြထုတ်ဖော်ပွဲ.


မိတ္ထီလာခရိုင်သာစည်မြို့တွင်(၃၀.၇.၂၀၁၂)
ရက်နေ့တွင်သာစည်မြို့သူ/သားများဘဝမီးဘေး
အန္တရာယ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် သာစည်မြို့နေပြည်သူများမှသာစည်မြို့ပေါ်တွင်
စီတန်းလှည့်လည်ကြွေးကြော်သံများဖြင့်



ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သည့် အဓိကရည်ရွယ်ချက်မှာ
သာစည်မြို့ လယ်ခေါင် (ထိန်ကန်ရပ် အမှတ်-၄)တွင်ရှိသော ကောင်းဇော်ဟိန်း
ဓာတ်ဆီဆိုင်ကို မီးဘေးအန္တရာယ် ကင်းလွတ်ရာ သင့်တော်သည့်နေရာသို့ ရွှေ့ပေးရေးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ သတင်းစာပါ ကြော်ငြာ ၂ ခု


30.07.2012 နိုင်ငံပိုင် ကြေးမှုံသတင်းစာတွင် ဖော်ပြပါရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော် ပြိုင်ပွဲ ၀င်ခေါ်ဆိုမှုကြော်ငြာ ၂ ခုပါ။ ပထမ တခုကတော့ ပြိုင်ပွဲဝင် ဗိုလ်ချုပ်အောင်ဆန်း သီချင်းပေး ဖို့ကြရန်ဖြစ်ပြီး နောက်တခုကတော့ ပြိုင်ပွဲဝင် ရုပ်ရှင်ကားများ ပေးပို့ကြရန် နှိုးဆော်ထားခြင်းပါ။

ရွှေမှော်များသို့ပြေးဆွဲနေသော စက်လှေများကို တိုက်နယ်မှူးမှ အခွန်ကောက်

တဗျီးချောင်းရွှေမှော်၊ အောင်လော့ဒ်ရွှေမှော်နဲ့ ကတွဒ်ရွှေမှော်တို့မှာ ပြေးဆွဲနေသော စက်လှေများကို တနိုင်း တိုက်နယ် မှူးရုံးမှ တန်ဂျီး မှ တစ်နှစ်စာအတွက် စက်လှေအသေးကို ၁၀၀၀၀၀ကျပ်နဲ့ စက်လှေအကြီးကို ၁၅၀၀၀၀ကျပ် ကို သြဂုတ်လ နောက်ဆုံးထားပြီး ပေးရန်ပြောကြားခဲ့တယ်လို့ စက်လှေသမားများက ပြောကြပါတယ်။   

တပ်ဖွဲ့ဝင်များ ဘယ်လောက်ဘဲသေသေ၊ ငတေမာရင်ပြီးရော

အစိုးရတပ်နဲ့ KIO/KIA တို့ကြားစစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာ လွန်ခဲ့တဲ့နှစ် ဇွန်လ(၉)ရက်နေ့မှ အခုထိတိုက် နေတုန်းပါဘဲ။ ဒီလကုန်ဆိုရင် ၁၃လတောင်ကြာမြင့်ခဲ့ပါပြီး နှစ်ဖက်အကျအဆုံးဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရပေမယ့် နှစ်ဖက်စလုံးမှာတော့ အကျအဆုံးရှိမှာအမှန်ပါဘဲ။ တိုက်ပွဲအရေအတွက်တော့ တွေကိုတော့ အတိအကျ မမှတ်ထားပေမယ့် တိုက်ပွဲပေါင်း ၂၀၀၀ နီးပါးလောက်ရှိနေပြီးဖြစ်တယ်လို့သိရှိရပါတယ်။ တိုက်ပွဲတိုင်းကို တစ်ဖက်တစ်ယောက် ဆီဘဲကျဆုံးအုံး နှစ်ဖက်ပေါင်း ၄၀၀၀တော့သေကုန်ပါပြီး။ ဒါတောင် ဒဏ်ရရတဲ့သူမပါသေးပါဘူး။ ဒါပေမယ့်လဲ တိုက်ပွဲတိုင်းမှာ ၂ဖက်အကျအဆုံး အညီဆိုတာတော့မဖြစ်နိုင်ပါဘူး။ နေ့စဉ်နဲ့အမျှ အင်တာနက် သတင်းတွေမှာတော့ KIA/KIO လူကြီးတွေရဲ့ စေခိုင်းချက်နဲ့ ရေးသားပြီး တိုက်ပွဲဖြစ်ရင် အစိုးရတပ်သားတွေ ဘယ်လောက်သေတယ် KIA မျိုးချစ်တပ်မတော်က အကျအဆုံး မရှိဆိုပြီးရေးသားဖတ်ရှုနေကြရပေမယ့် တကယ်တမ်းမှာတော့ KIA ဘက်ကကြီးဘဲ တိုက်ပွဲဖြစ်တိုင်း ၃ယောက် ၄ယောက် လောက်ကို ကျဆုံးနေတာပါ။ ဒဏ်ရာရသူတွေလဲမနည်းတော့ပါဘူး။