လူကြိုက်အများဆုံး

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, July 30, 2012

ပြည်ချစ်သား စဉ်းစားစေချင်သည် (၃)

 ( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)


၂၃-၆-၂ဝ၁၂ ရက်နေ့ကမြဝတီ သတင်းစာ မှာမြစ်ကြီး နားမှာ ရှိတဲ့ ဒုက္ခ သည်စခန်းကို ဒုက္ခ သည် ယောင် ဆောင်ပြီး လာနေတဲ့ KIA က တပ်ကြပ်အဆင့် လထော် ဘရန်ရှောင် သတင်းကို ပြည်ချစ်သား ဖတ်ရလား။ မြစ်ကြီးနား မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၂ဝ လောက်ရှိတယ်။ အဲဒီမှာ တိုက်ပွဲတွေ ဖြစ်လို့ တကယ် ဒုက္ခရောက်ပြီး ရောက်လာကြတဲ့ ရွာသားတွေ ရှိသလို KIA ရဲ့မိသားစုတွေ လည်းရှိကြ တယ်ဗျ။ ဇွန်လကုန် လောက်ကမြစ်ကြီးနား တိုင်းမှူးက အဲဒီနေရာ တွေကို သွားကြည့်ပြီး ထောက်ပံ့ တာတွေ ဘာတွေ လုပ်ပေးတယ်။ ပြီးတော့ တောင်ယာ စပါးစိုက်ချိန် ဆိုတော့ ကိုယ့်ရွာကိုယ် ပြန်နေကြ၊ လိုတာ အကူ အညီ ပေးမယ် ဆိုပြီး ပြောတယ်လို့ သိရတယ်။ အောက်ခြေမှာ ကျတော့ KIA က မပြန်ခိုင်းဘူးပြန်ရင် ဘာဖြစ် မယ် ညာဖြစ်မယ်နဲ့၊ KIA စစ်သား လုပ်ခိုင်းမယ်၊ သတ်ပစ်မယ် လို့ဖြစ်နေတော့ ဘယ်သူက ပြန်ရဲမှာ လည်းဗျာ။ ကျုပ်တို့ မြစ်ကြီးနား မြို့ပေါ်က လူတွေ ဒုက္ခသည် စခန်းဆိုတဲ့ နေရာတွေကို မသွားရဲဘူး၊ Inline  ဖြစ်ရင် ကိစ္စ မရှိဘူး၊ မဟုတ်ရင်  မိသားစု အသက်ဘေးက စိုးရိမ်ရတယ် ဆိုတာ ကျုပ်တို့ဘဲ သိတယ်။

ပြည်ချစ်သား စဉ်းစားစေချင်သည် (၂)

( KIA နဲ့ စစ်တပ်ကြား  သမိုင်းကြောင်းကို  သိချင်တဲ့ လူတွေ ဖတ်သင့်တယ် ဆောင်းပါးပါ။)
 ပြည်ချစ်သား စဉ်းစားစေချင်သည် (၂)

၂-၂-၂ဝဝ၁၂ ရက်နေ မှာလဲတာ လောကြီးက ကလေး ၁၂  ယောက်ကို ဖမ်းသွားပြီး မိန်းကလေး ၄  ယောက်ကို  အဓမ္မပြုကာပြန်လွှတ် လိုက်တယ်ဆိုတဲ့ သတင်းကို အင်တာနက်မှာ ၁၃-၂-၂ဝ၁၂ နေ့က ဖတ်လိုက် ရပြန်တယ်။ 



ဆက်ကာ ဆက်ကာနဲ့ ဖားကန့်မှာ မိုင်းခွဲလို့ လူသေ တာတွေ၊ တာပိန် က ပြန် လာတဲ့ကားကို ပစ်လို့ လူ ၇ ယောက်သေပြီး၊ ၁ ယောက် ဒဏ်ရာ ရ တာတွေ ၊မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စုကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်လို့ ၁ ယောက် သေပြီး၊ ၆ ယောက် ဒဏ်ရာ ရတာတွေ၊ အင်တာနက် မှာရော၊ သတင်း စာမှာရော မကြာခဏ တွေ့ေ တွ့ နေရတယ်။

 တစ်ခါ လားရှိုး-နမ့်ခမ်း ဘက်မှာ တာဝါတိုင် တွေမိုင်းခွဲ ခံရလို့ လျှပ်စစ်မီးတွေ ပြတ်တောက် ကုန်ပြီ ဆိုပြီး သတင်းစာ ထဲမှာ ပါလာ ပြန်တယ်။ ဒါတွေ ဘာဖြစ်လို့  ဖြစ်နေရတာ လဲဆိုပြီး အရပ်သား တစ်ယောက် အနေနဲ့စိတ်ပူ လာတယ်။
ဒီမိုကရေစီ အစိုးရ လက်ထက်မှာ  သမ္မတကြီး ကရောဘာလုပ်နေ သလဲလို့  စဉ်းစားမိလာတယ်။            ၁၄-၁၂-၂ဝ၁၁ ရက်နေ့ မြန်မာ့အလင်း သတင်းစာမှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်ကို ဖတ်လိုက် ရတယ်။ '' ကချင်ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း ၊KAI တပ်စခန်းများအား ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြား ထားရှိကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် KIA ဘက်ကလည်း လိုက်နာရန် လိုအပ်ကြောင်း '' ဆိုပြီး ပါလာတယ်။ ဒါဆိုရင် သမ္မတကြီးက ငြိမ်းချမ်းရေး အတွက် ဆောင်းပါးရှင် ပြောသလို လုပ်သင့် လုပ်ထိုက် တာတွေ လုပ်နေတာ မှန်တယ်။ ကာချုပ်ကရော ဘာတွေလုပ်မလဲ၊ ဆက်ပြီး စဉ်းစားတယ်။ စစ်တပ်ကို အုပ်ချုပ်တာက ကာချုပ်၊ ဒီမိုကရေစီ ခေတ်မတိုင်ခင် စစ်တပ်အစိုးရ လက်ထက်က တစ်နိုင်ငံ လုံးမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တာပဲ။ အခုလည်း ငြိမ်းချမ်းရေး ရယူဖို့ လုပ်နေတာပဲ၊ ငြိမ်းချမ်းရေး ယူဖို့ ကမ်းလှမ်းထားတာ ၁၁ ဖွဲ့ရှိတယ်လို့ သိရတယ်။ အဲဒီထဲမှာ ၁ဝဖွဲ့နဲ့က စကားပြောပြီးပြီ၊ သဘော တူညီချက် အတိုင်း လက်မှတ် ထိုးပြီးပြီ။ အဲဒီ ၁ဝ ဖွဲ့နဲ့ သဘောတူညီ လက်မှတ်ထိုးတာ ကလည်း ကာချုပ်ရဲ့ သဘောထား မပါဘဲ ရပါ့မလား။ ဆောင်းပါးရှင် ပြောသလိုပေါ့ စစ်တပ်ဆိုတာ အမိန့်နာခံမှု အပြည့်အဝ ရှိတယ်လေ၊ ကာချုပ် သဘောတူလို့ စစ်တပ်က ငြိမ်းချမ်းရေးမူ တွေအရ လိုက်နာပြီး မပစ်မခတ်ဘဲ နေတာ မဟုတ်လား။ ကာချုပ် သဘောမတူလို့ရှိရင် စစ်တပ်က စစ်သားတွေက ပစ်နေ ခတ်နေမှာ ပဲပေါ့။ ငြိမ်းချမ်းရေး ယူထားတဲ့ အဲဒီ ၁ဝ ဖွဲ့နဲ့မပစ်ဘဲ ငြိမ်းချမ်းရေး မယူထားတဲ့ KIA တစ်ဖွဲ့တည်းနဲ့ ပစ်ခတ် နေတာဆိုရင် ကာချုပ်က ငြိမ်းချမ်းရေး မလိုချင်လို့ ပစ်ခတ်နေ တယ်ဆိုတာ ဟုတ်ပါ့မလား၊ စဉ်းစားကြည့်ယင် မစွပ်စွဲ သင့်ဘူးလို့ ပေါ်လွင်တယ်။
          စစ်တပ်ဘက် လိုက်ပြော တာတော့ မဟုတ်ဘူး၊ အမှန်တရား ကိုချစ်လို့ အဖြေရှာ ကြည့်တာပါ။ ၂၈-၃-၂ဝ၁၂ ရက်နေ့ ထုတ်တဲ့ ကြေးမုံ သတင်းစာမှာ ကာချုပ်က ၆၇ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်း ပြောတာကို ကျွန်တော် ရှာဖတ်ခဲ့တယ် '' အသက်ခန္ဓာကို စွန့်လွှတ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် ကြရသော တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို လိုလားကြောင်း၊ဖြစ်နိုင်သမျှ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် စစ်မှန်သည့် ပြည်ထောင်စု စိတ် ဓာတ်ဖြင့် နိုင် ငံတော်နှင့်အတူ လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ပြီး ထိုမှ တစ်ဆင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို  အလေး ထား ဆောင်ရွက် သွားမည်ဟု ပြောကြားလိုကြောင်း '' လို့ ပါရှိတယ်။ ကာချုပ်ရဲ့ သဘောထားကို တစ်ကမ္ဘာ လုံးကို ရှင်းလင်း တင်ပြထားတာလို့ ကျုပ်သဘော ပေါက်တယ်။ ဒါဆိုရင် ကာချုပ်က ငြိမ်းချမ်းရေး လိုလား သူ ဖြစ်တယ်လို့ လက်ခံရမှာဘဲ။ ကချင်ပြည်နယ်မှာ ကာလရှည်ကြာ တိုက်ခိုက်နေခြင်းမှာ ကာချုပ်ကြောင့် ပင်ဖြစ်တယ်လို့ သင်ရေးလို့ မရတော့ဘူး၊ ဒါဆို KIA ကြောင့်လို့ စဉ်းစားစရာဘဲ။
          ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ Process ၃ ရပ်ရှိတယ်တဲ့၊ ကျုပ် သီရိလင်္ကာ နိုင်ငံ ငြိမ်းချမ်းရေးကို တာဝန်ခံ ဆောင်ရွက်ခဲ့တဲ့  Mr. Thomas Stangeland ပြောခဲ့တဲ့ စကားတစ်ခုကို စာအုပ် တစ်အုပ်မှာ ဖတ်ဖူး ခဲ့တယ်ဗျ၊ သူက '' ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ Cease fire, Normalise area နဲ့Monitoring တွေကို အဆင့်လိုက် လုပ်ရတယ် '' လို့ မှတ်သား ခဲ့ဘူးတယ်။ အစိုးရ ငြိမ်းချမ်းရေး လုပ်တဲ့ သူတွေကလည်း ဒီ Process  အတိုင်း ပညာရှင် တွေနဲ့တွေ့ဆုံ ဆွေးနွေးပြီး ဆွေးနွေး ပြောဆိုခဲ့တဲ့ အတွက် အဖွဲ့ ၁ဝ ဖွဲ့နဲ့ သဘောတူ လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ဖြစ်ပါတယ်တဲ့။ ခင်ဗျား ပြောသလို KIA  ဗိုလ်ချုပ်က အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်ဆိုရင် ဒီအဆင့် ၃ဆင့်အတိုင်း ဘာဖြစ်လို့ မဆွေးနွေး နိုင်ရတာလဲဗျာ။ ကျွန်တော် နားမလည်ဘူး၊ နားမလည် ချင်ဘူးလို့ဘဲ ပြောချင်တယ်။
          သူဖြစ်ဖြစ်၊ ကိုယ်ဖြစ်ဖြစ် ကိုယ့်ကို ရန်ရှာလာ ရင်တော့ လက်တုန့် ပြန်ကြမှာဘဲ။ ဘာပဲပြောပြော စစ်တပ်က ပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ရှိတယ် ဆိုတော့ ခုနက လိုမိုင်းတွေ ခွဲခံရရင်၊ လမ်း/တံတား၊ တာဝါတိုင်တွေ ချိုးခံရရင်၊ ရွာသားတွေ အသတ်ခံရရင် လိုက်ရှင်းရမှာဘဲ၊ ဒါသဘာဝ ကျတယ်။ စစ်တပ်က လိုက်ရှင်းလို့ တိုက်ပွဲ ဖြစ်တာမဆန်းဘူး။ ဆန်းတာက KIA ဘာဖြစ်လို့စစ်တပ်ကိုမတိုက်ဘဲ လမ်းတွေ ဖျက်တာ လဲ၊ လူတွေ သတ်တာလဲ၊ ဒါလဲ မေးစရာတစ်ခုလို့ ကျုပ်ထင်တယ်။ KIA  မလုပ်ဘူး ဆိုပြီး မပြောနဲ့နော်၊ ကျုပ် က မြစ်ကြီးနားမှာ နေတာ၊ တိုင်းရင်းသား တစ်ယောက်ပါဘဲ။ နာမည်ဖော် ပြောရင် ကျုပ်နဲ့ ကျုပ်မိသားစု အန္တရာယ်ရှိတယ် ဆိုတာကိုတော့ ဆောင်းပါးရှင် နားလည်ပေးပါ။      
          စစ်တိုက်တယ်ဆိုတာ အပြစ်မဲ့ အရပ်သားတွေကို မထိခိုက်ရဘူးဆိုတာ မှန်ပါတယ်၊ သင်ရေးထားတဲ့ အပြစ်မဲ့တဲ့အရပ်သားတွေ ထိခိုက်အောင် လုပ်နေတာတွေက စစ်တပ်ကဟုတ်ရဲ့လား၊ ကျုပ်ကြားဘူး သလောက် စစ်တပ်က ပြည်သူက စော်ကားရင် စော်ကားတဲ့ စစ်ဗိုလ်၊ စစ်သားတွေကို Open Court  နဲ့ ကာယ ကံ ရှင် ဆွေမျိုး အသိုင်းအဝိုင်း တွေရှေ့မှောက်မှာ စစ်ဆေး အပြစ်ပေး အရေးယူ လေ့ရှိတယ် လို့သိရတယ်။ ဗန်းမော်က ကျောက်စခန်းကိစ္စဆို လူသိရှင်ကြားဘဲ၊ ဆောင်းပါးရှင် လည်းကြားဘူး လိုက်မှာပါ။
http://myanmartharkaung.blogspot.com

Saturday, July 28, 2012

အရောင်တွေနဲ့ လွှတ်တော်

ဒီလမ်းမကြီးကတော့ မြန်မာပြည်မှာ အကျယ်ဆုံးနဲ့ အပြေပြစ်ဆုံး လမ်းမကြီးလို့ ယူဆရပါတယ်။ ကားလည်းမရှုပ်၊ ရှောင်စရာ ချိုင့်လည်း တခုတောင် မရှိသေးတဲ့ ဒီလမ်းမကြီးပေါ်မှာ လက်တဆုပ်စာ SUV နဲ့ ဆီဒင်ကားတွေပဲသွားလာကြပြီး မနက်တိုင်း ဂိတ်ဝ ကြီးတခုဆီ ရောက်လာနေကြတာပါ။ ခပ်လှမ်းလှမ်းက ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီကားတွေဟာ ဝှိုက်ဘုတ်အကြီးကြီး တချပ်ပေါ်မှာ ပုရွက်ဆိတ်တွေ ဟိုဖက်ကနေဒီဖက် အသော့နှင်နေသလိုပါပဲ။ ဒါကတော့ မြန်မာ့လွှတ်တော်ကြီးရဲ့ အဝင်လမ်းပေါ့။
လွှတ်တော်အမတ်တွေရဲ့ ကားတွေကိုပဲ ဒီလမ်းပေါ်ကနေ လွှတ်တော်အဆောက်အအုံတွေရှိရာဆီ မောင်းခွင့်ပြုတာဖြစ်ပါတယ်။

Friday, July 27, 2012

ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်

(စိတ်ဝင်စားစရာ ဆောင်းပါးတစ်ပုဒ်ပါ)

ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နကိုင် တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။




ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။

Wednesday, July 25, 2012

သီရိလင်္ကာနိုင်ငံမှ တမီလ်ကျား သင်ခန်းစာ

မြန်မာနှင့် သီရိလင်္ကာတို့က ရာစုနှစ်ပေါင်းများစွာကပင် ဘာသာတရား၊ ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံခဲ့ကြသည်။
နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာလည်း နှစ်ပေါင်း ၆ဝ ကျော် ရှိခဲ့ပြီ ဖြစ်သည်။

သီရိလင်္ကာနိုင်ငံက သူတို့နိုင်ငံရှိ တိုင်းရင်းသား သူပုန်အုပ်စုတခု ဖြစ်သည့် 'တမီလ်ကျားများ'ဟု လူသိများကြသည့် တမီလ် အီလမ် ကျားလွတ်မြောက်ရေးအဖွဲ့ (LTTE) ကို ၂ဝဝ၉ ခုနှစ်၊ မေလတွင် အဆုံးသတ် စစ်ဆင်ရေး ဆင်နွှဲကာ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သည်။ ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ် ၃ ခုကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို နိဂုံးကမ္ပတ် အဆုံးသတ်နိုင်ခဲ့ကြသည်။

Monday, July 23, 2012

လူ့အခွင့်အရေး အရေခြုံ ရိုဟင်ဂျာဆိုသူ ဘင်္ဂလီများ ကျူးကျော်သိမ်းပိုက်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်း ကြမလဲ

အရေးကြီးလာပြီ။ ဒီဘင်္ဂလီမူဆလင်ကိစ္စကို နှေးနှေးကွေးကွေးလုပ်နေလို့မရဘူး။ အပြက်အပြက်နဲ့နှာခေါင်းသွေး လျှံထွတ်တော့မည်။ တိကျတဲ့ပေါ်လစီ၊ ဗျူဟာတွေ ချမှတ်ကာ ပြည်ထောင်စုအစိုးရအပိုင်း၊ ပြည်နယ်အစိုးရအပိုင်းနှင့် ပြည်သူတွေအပိုင်းကို သတ်သတ်မှတ်မှတ် စနစ်တကျ ချမှတ် လုပ်ဆောင်ဖို့လိုလာတယ်။

လူ့အခွင့်အရေး အရေခြုံ ရိုဟင်ဂျာဆိုသူ ဘင်္ဂလီများ ကျူးကျော်သိမ်းပိုက်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်း ကြမလဲ

အရေးကြီးလာပြီ။ ဒီဘင်္ဂလီမူဆလင်ကိစ္စကို နှေးနှေးကွေးကွေးလုပ်နေလို့မရဘူး။ အပြက်အပြက်နဲ့နှာခေါင်းသွေး လျှံထွတ်တော့မည်။ တိကျတဲ့ပေါ်လစီ၊ ဗျူဟာတွေ ချမှတ်ကာ ပြည်ထောင်စုအစိုးရအပိုင်း၊ ပြည်နယ်အစိုးရအပိုင်းနှင့် ပြည်သူတွေအပိုင်းကို သတ်သတ်မှတ်မှတ် စနစ်တကျ ချမှတ် လုပ်ဆောင်ဖို့လိုလာတယ်။

အရှေ့တောင်အာရှတွင် အဓိကနေရာရယူရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံ

မိုးလွင်အောင်ဘာသာပြန်ဆိုသည်။
(ဇူလိုင်လ၁၆ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၈) အမှတ် (၂၇)မှ ထုတ်ယူဖော်ပြချက်။)
လွန်ခဲ့သည့် ရာစုနှစ်ဝက်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အနေအထားကိုကြည့်လျှင် သိသိသာသာ ကွာပာခြာနားနေသည်ကို တွေ့မြင်ရ မည်ဖြစ်သည်။
ထိုစဉ်က ထိုင်းနိုင်ငံသည် ကြီးမားသော ဒီမိုကရေစီဖွံ့ဖြိုးမှု အလားအလာကောင်းသော စီးပွားရေးတို့နှင့် အရှေ့တောင်အာရှ၏ အတောက် အကြွားဆုံး နေရာထဲမှတစ်ခု ဖြစ်နေခဲ့သည်။ မြန်မာနိုင်ငံကမူ ပိတ်ဆို့ထားသော လူ့အဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသော စီးပွားရေးနှင့် ကမ္ဘာ့ အထီးကျန်အဆန်ဆုံး နိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံ ဖြစ်နေခဲ့ပါသည်။
ယနေ့အချိန်အခါကို ကြည့်လျှင်မူထိုင်းနိုင်ငံမှာ ပြည်တွင်းဝရုန်းသုန်းကားအခြေအနေနှင့် ဆက်လက် တိုက်ပွဲဝင်နေရပြီး မြန်မာနိုင်ငံကမူ နိုင်ငံ ရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုလာမှုနှင့်အတူ ထူးခြားသော လွတ်လပ်ပွင့်လင်းမှုများကို ခင်းကျင်းပြသလျက် ရှိပါ သည်။