ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်နှင့် အစိုးရတွင်သာမက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ
ရှိနေသည်ဟု စင်္ကာပူအခြေစိုက် ရုပ်သံလွှင့် သတင်းဌာန တခု ဖြစ်သည့် CNA က
တွေ့ဆုံမေးမြန်းရာတွင် သမ္မတ ဦးသိန်းစိန်က ပြောဆိုသွားသည်။
ဇူလိုင်လ
နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံသို့ သမ္မတ ဦးသိန်းစိန် သွားရောက်စဉ် CNA ၏
မေးမြန်းမှုကို မြန်မာသမ္မတ ပြန်လည်ဖြေကြားခဲ့မှုအား တနင်္လာနေ့ ညနေပိုင်းတွင်
ထုတ်လွှင့်ပြသသွားခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ဘက်မှ
ရှေးရိုးစွဲ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ နောက်ပြီးတော့
တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလည်း ရှိပါတယ်။ တပ်မတော်ထဲမှာလည်း အလားတူ
ရှိမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ထဲမှာ လည်းရှိမှာ ဖြစ်ပါတယ်။”
ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသွားသည်။
ထို ရှေးရိုးစွဲများ
ရှိနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင်သာ မူတည်ပြီး
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြခြင်းဖြင့် “ဆန့်ကျင်သဘောထား
အမြင်ရှိတဲ့သူတွေ နောက်က အလိုလို လိုက်ပါလာမှာ ဖြစ်ပါတယ်။” ဟုလည်း သမ္မတ က
ထည့်သွင်း ပြောသွားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်
အစိုးရတို့ကြား အမေရိကန်နှင့်၊ ဥရောပနိုင်ငံ အချို့တို့၏ စီးပွားရေး
ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု သမ္မတ
ဦးသိန်းစိန်က ပြောကြားသွားသေးသည်။
“မတူတာကတော့ ကျနော်တို့က နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် ပိတ်ဆို့ တားဆီးထားတာတွေကို ကျနော်တို့က ဖြေလျှော့ပေးစေချင်တယ်။ လုံးဝ ရုတ်သိမ်းပေးစေချင်တယ်။
ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့ တွေ့တဲ့အထဲမှာတော့ ရင်းနှီး
မြှုပ်နှံမှုတွေကို ချက်ချင်း မလာဖို့၊ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ ဆိုတာတွေက
ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်” ဟု
ပြောကြားသွားခဲ့သည်။
တိုင်းရင်းသား
လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်ကိုလည်း
ဦးစားပေးလုပ်ဆောင်နေကြောင်း “နိုင်ငံရေး တည်ငြိမ်ဖို့အတွက်ဆိုတာမှာလည်း
ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေ ဖို့အတွက်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ
ပါဝင်ဖို့အတွက် ဒါ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ကျနော်တို့
ဦးစားပေးပြီး လုပ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောကြား သွားသည်။
အသက်အရွယ်နှင့်
ကျန်းမာရေးအရ သမ္မတ သက်တမ်းတခုသာ တာဝန်ယူမည့် ဦးသိန်းစိန်က မြန်မာ့
အနာဂတ်အတွက် “ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်
ဖြစ်အောင် လုပ်နိုင်မယ့် လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင်
လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်
ယူသွားစေချင်ပါတယ်” ဟု CNA ၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။
လူကြိုက်အများဆုံး
-
သူရဘွဲ့များရှင် ဦးအောင်သိန်းလင်း “ သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ...
-
ရခိုင်ပြည်နယ်၊ သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍ တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကျောင်သား(၃)ဦးအားသံတွဲအက...
-
ဟောလီးဝုဒ်၏ လူသိများသော ရွှေရောင်စုံတွဲ တစ်တွဲအဖြစ် အသိအမှတ် ပြုခံထားရသည့် အော်လန်ဒို ဘလွမ်းနှင့် မီရန်ဒါကားရ်တို့၏ ဆက်ဆံရေးသည် အက်ကြောင်းထ...
-
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ သစ်များ တင်ဆောင်လာသော ဘုတ်တစ်စီးကို မြန်မာ့ ရေတပ်က ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်း ဆီး ကာငွေသိန်း ၁၀၀ ...
-
by ဒီမိုဝေယံ ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအကြောင်း တိုင်ကြားစာကို ဖော်ပြလိ...
Wednesday, August 1, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment