ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ TE
SEL ပီနန်အိတ် စက်ရုံမှ လုပ်သားများသည် လစာ တိုးမြှင့်ပေးမှု နှုန်းထားများ
မညီမျှမှုကို မကျေနပ်၍ အင်္ဂါနေ့ နံနက် ၁ဝ နာရီခန့်မှ စတင် ဆန္ဒပြလျက်ရှိသည်။
အဆိုပါ
စက်ရုံက ဝန်ထမ်းအသစ်များကို FEC ၁၅ ဒေါ်လာ (ငွေကျပ် ၁၃,ဝဝဝ နီးပါး)ခန့်
တိုးမြှင့်ပေးလိုက်သော်လည်း လုပ်သက်ရင့် ဝန်ထမ်းများကိုမူ
လုံးဝတိုးမပေးသည်ရှိသလို အများဆုံး FEC ၄ ဒေါ်လာ (ငွေကျပ် ၃,၅ဝဝ)ခန့်သာ
တိုးမြှင့်ပေးသဖြင့် မကျေနပ်ကြခြင်း ဖြစ်သည်။ လုပ်သက်ရင့် ဝန်ထမ်းများက
ကျပ်ငွေ ၁၅,ဝဝဝ ခန့် တိုးမြှင့်ရရှိလို ကြသည်။
“ဒီလ လစာကတည်းက တိုးလိုချင်တယ်” ဟု ဆန္ဒပြ အလုပ်သမားတဦးက ပြောသည်။
ထို့ပြင်
“ကျနော်တို့ကိုတော့ လစာကို မြန်မာငွေ ထောင်ဂဏန်း လောက်ပဲ တိုးပေးတော့
ကျနော်တို့ ဒီစက်ရုံမှာ လုပ်သက်အများကြီး ရင်းထားရတာ အလကားပဲပေါ့” ဟု
လုပ်သက် ၁ဝ နှစ်နီးပါး ရှိသည့် လုပ်သားတဦးက ပြောသည်။
ဆန္ဒပြမှုကို တောင်ဒဂုံမြို့နယ် အလုပ်သမားဦးစီးဌာနမှ အရာရှိများက ဝင်ရောက် ညှိနှိုင်း ဖြန်ဖြေမှုများ ပြုလုပ်ပေး
နေသော်လည်း ညနေ ၄ နာရီ အချိန်အထိ ပြေလည်မှု မရရှိသေးပေ။
ထိုစက်ရုံမှ
အလုပ်သင် ဝန်ထမ်းတဦးသည် ပုံမှန်အားဖြင့် လစာငွေ ကျပ် ၃၂,ဝဝဝ ရရှိပြီး
လုပ်သက် ကိုးနှစ်ရှိ ဝန်ထမ်းတဦးလျှင် အချိန်ပိုလုပ်ခများနှင့် လစာရင်း
နှစ်ခုပေါင်း ငွေကျပ် ခြောက်သောင်းခန့် ရရှိသည်ဟု သိရသည်။
ဝန်ထမ်း
၎ဝဝ ကျော် ရှိသည့် အဆိုပါစက်ရုံသည် ၈ နာရီဆိုင်း သုံးဆိုင်းဖြင့် ၂၄ နာရီ
လည်ပတ်နေသည်။ လုပ်သက် အရင့်ဆုံးဝန်ထမ်းမှာ ၁၆ နှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး
လုပ်သက် ၄ နှစ်၊ ၈ နှစ် နှင့် ၁ဝ နှစ်ရှိ ဝန်ထမ်းများလည်း ရှိသည်။
လစာများ ညီမျှစွာ တိုးမြှင့်မပေးမချင်း ဆန္ဒပြခြင်းကို ရပ်တန့်မည်မဟုတ်ဟုလည်း အလုပ်သမားများက ဆိုသည်။
ဤကဲ့သို့ စက်ရုံလုပ်သားများ ဆန္ဒပြမှုအပေါ် စက်ရုံ စီမံမန်နေဂျာ ကိုကျော်နိုင်ဦး က တစုံတရာ မှတ်ချက်မပြုလိုဟု ဆိုသည်။
လူကြိုက်အများဆုံး
-
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင...
-
မိုးလွင်အောင်ဘာသာပြန်ဆိုသည်။ (ဇူလိုင်လ၁၆ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၈) အမှတ် (၂၇)မှ ထုတ်ယူဖော်ပြချက်။) လွန်ခဲ့သည့် ရာစုနှစ်ဝက်...
-
ရွှေတိဂုံဘုရားအောက်ပစ္စယံတွင် ရှိသော ခွေးလေခွေးလွင့်များအားရွှေပြည်သာမြို့နယ် လှော်ကားဘေးမဲ့တောထဲသို့ ပို့လွှတ်ရန်ရန်ကုန်မြို့တော်စည်ပင်သာယာ...
-
နယူးဒေလီ (မဇ္ဈိမ)။ ။ မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ...
-
မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အခ...
Wednesday, August 1, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment