စံခလပူရီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့
ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကို အင်္ဂါနေ့ နေ့လည်ပိုင်းတွင်
ဒေသခံ ရခိုင်တိုင်းရင်းသား ၂၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း
ကိုယ်တိုင် တွေ့မြင်ခဲ့သည့် ဆရာတော်တပါးက မိန့်သည်။
‘နိုင်ငံတော်
သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားပါ’၊ ‘မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို
လေးစားပါ’၊ ‘တိုင်းရင်းသားတို့၏ လူ့အခွင့်အရေးကို လေးစားပါ’၊ ‘မျှမျှတတ
ဆက်ဆံပါ’ ဟူသည့် တောင်းဆိုချက် အချက် လေးချက် ပါသည့် ဆိုင်းဘုတ်များကို
ကိုင်ဆောင်ကာ ဆန္ဒပြခြင်း ဖြစ်သည်။
မောင်တောမြို့ အဓိကရုဏ်းအတွင်း
ပထမဆုံး မီးရှို့ဖျက်ဆီးခံရသည့် သဇင် တည်းခိုခန်း အရောက်တွင် ဒေသခံများက
မစ္စတာ ကင်တာနာ၏ ယာဉ်တန်းအား ဝဲယာတလျှောက် ၅ မိနစ်ခန့် အေးချမ်းစွာ
ဆန္ဒပြပြီး လူစုခွဲသွားခြင်း ဖြစ်သည်ဟု
မောင်တောမြို့ အလိုတော်ပြည့်ကျောင်း ဆရာတော် အရှင်မဏိသာရ က မိန့်သည်။
“ ‘UN အလိုမရှိ အင်္ကျီ’ကို ဝတ်ပြီး ဆိုင်းဘုတ်ကို ကိုင်ပြီး အဲဒီလူတွေကလည်း ဘာအသံတခုမှ မထွက်ဘဲ၊
ပြည်ထောင်စု မြန်မာနိုင်ငံအလံကို ဝှေ့ရမ်းပြီးတော့ ဆန္ဒပြတာလောက်ပဲ ရှိပါတယ်” ဟု မဇ္ဈိမ၏ လျှောက်ထား
မေးမြန်းမှုကို ပြန်လည် မိန့်ကြားသည်။
ဆန္ဒပြသူများကို
လာရောက် ကြည့်ရှုသည့် ဒေသခံ ၅ဝ ခန့် ရှိသည်ဟုလည်း ဆရာတော်က “အဲဒီလူတွေက
ဆန္ဒပြလို့ တခြားလူတွေက လာပြီး ချောင်းကြည့်ကြတဲ့ သဘောပါ။ အဲဒီလာကြည့်တဲ့
သူတွေက များသွားတာပေါ့နော်။ အများကြီး ဘယ်ပြလို့ ရမတုန်း” ဟု ဆက်လက်
မိန့်ကြားသည်။
မောင်တောဒေသတွင် ရှိသည့် ကုလသမဂ္ဂ အဖွဲ့သည် ဒေသခံ
ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများကို မျှတစွာ
မဆက်ဆံခြင်း၊ ဘင်္ဂါလီ ရိုဟင်ဂျာများကို အထူးအခွင့်အရေး ပေးကာ
ဆက်ဆံခြင်းကြောင့် ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သိရှိရန်အတွက်
ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု သိရသည်။
ဇူလိုင်လဆန်းတွင် ကုလသမဂ္ဂ
လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) အပါအဝင် နိုင်ငံတကာ NGO
အချို့၏ အကူအညီကို မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ခုနှစ်ခုက လက်မခံဘဲ
ငြင်းပယ်ခဲ့သည်။
မစ္စတာ ကင်တားနာနှင့် အဖွဲ့ကို မောင်တောခရိုင်
အုပ်ချုပ်ရေးမှူးရုံးတွင် အခမ်းအနားဖြင့် ကြိုဆိုပြီး ရုံးတာဝန်
ရှိသူများအား ဒုက္ခသည်စခန်း အခြေအနေကို မေးမြန်းစုံစမ်းခဲ့ကြောင်း သိရသည်။
တနင်္ဂနွေနေ့က
မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည်
အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် မောင်တောမြို့နှင့် စစ်တွေမြို့သို့
သွားရောက်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေးမည်
ဖြစ်ကြောင်း သိရသည်။
လူကြိုက်အများဆုံး
-
From : မေသဇင် အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်း...
-
မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊...
-
သူရဘွဲ့များရှင် ဦးအောင်သိန်းလင်း “ သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ...
-
စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ ...
-
KIAတပ်ရင်း(၆)မှ ရော်ကာအိုင်စခန်းမှာ အလှည့်ကျတာဝန်ထမ်းဆောင်ရတဲ့ KIA တပ်ဖွဲ့ဝင် ဇော်မျိုးထွယ်ဟာ ကထန်စခန်းမှာ နေပြီး အစိုးရတပ်တစ်တပ်သို့ မနေ့...
Wednesday, August 1, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment