လူကြိုက်အများဆုံး

Wednesday, August 1, 2012

ရခိုင်အရေးအခင်း၌ သံသယရှိ၍ ထိန်းသိမ်းထားသော ကုလဝန်ထမ်းများ ပြစ်မှုများတွင်အမှန်ပတ်သက်မှုရှိကြောင်းနယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ပြောကြား

မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အချို့သည် အမှန်တကယ် ပါဝင်ဆောင်ရွက်ခဲ့သည်ကို သက်သေအထောက်အထားများ ရရှိထားပြီးဖြစ်ကာ တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ 

ယင်းနှင့်စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးက “ကျွန်တော်တို့မှာ သူတို့တွေဟာ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သက်သေအထောက်အထား ရှိထားပြီးပါပြီ။ ဒီအထဲက တစ်ယောက်က ပြစ်မှုနဲ့ မပတ်သက်ဘူးဆိုတာ ထင်ရှားလို့ ပြန်လွှတ်ပေးပြီး ဖြစ်ပါတယ်” ဟု ပြောကြားသည်။ တရားဝင် သတင်းထုတ်ပြန်ချက်များအရ အဆိုပါကဲ့သို့ ရခိုင်ပြည်နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့မှုကြောင့် ထိန်းသိမ်းခံထားရသော ကုလသမဂ္ဂဝန်ထမ်းများမှ UNHCR ၃ ဦး၊ WEP မှ ၂ ဦးနှင့် အခြားသော အိုင်အန်ဂျီအိုများမှလည်း ထိန်းသိမ်းခံထားရသူများ ပါဝင်ကာ စုစုပေါင်း ၁၀ ဦးခန့် ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် UNHCR ၏ မဟာမင်းကြီး မစ္စတာအန်တိုနီ ယိုဂူတာရက်စ်က ပြောကြားခဲ့သည်။ ယင်းက “ပြောချင်တာကတော့ ဘယ်သူမှ ဥပဒေရဲ့ အထက်မှာမရှိ ဆိုတာကို လက်ခံပါတယ်” ဟု ပြောသည်။ မောင်တောဒေသတွင် အခြေစိုက်သော ကုလသမဂ္ဂဝန်ထမ်းနှင့် အိုင်အန်ဂျီအို ဝန်ထမ်းများအနက်တွင် ဘင်္ဂါလီလူမျိုးဦးရေသည် အထူးများပြားနေကြောင်း ဒေသခံများထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana ဗဟိုအကျဉ်းထောင် (အင်းစိန်)နှင့် အင်းစိန် ဆေးရုံတို့၌ လေ့လာ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana သည် ဇူလိုင် ၂၉ ရက် ညပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာန ကိုယ်စားလှယ် Mr.Ramesh M.Shrestha နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။ 

ရိုဟင်ဂျာလူမျိုးဟူ၍ မြန်မာနိုင်ငံတွင် လုံးဝမရှိကြောင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း မပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ လုံးဝမရှိပါကြောင်းနှင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုမားစ်ကင်တားနား အပါအဝင် သံအမတ်များ မီဒီယာများကို ပြောကြားလိုက်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အင်ဒိုနီးရှား သံအမတ်ကြီးက ကြားသိရသော သတင်းမျိုးစုံအရ ရိုဟင်ဂျာ ရှိမရှိကို ဝေခွဲမရ ဖြစ်နေရကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဖြေရှင်းပေးစေလိုကြောင်း ပြောကြားသည်ကို တွေ့ရသည်။ 

“ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု လုံးဝမရှိပါဘူး။ သမ္မတကြီးလည်း ပြောဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ၁၈၂၄ မှာ ပထမအကြိမ် မြန်မာနဲ့ ဗြိတိသျှ စစ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဘက် အခြမ်းလည်းပါဝင်ပြီး ကျွန်ဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ဖို့ပဲဖြစ်စေ ကာယလုပ်သား လိုအပ်ချက်အတွက်ကြောင့် ဖြစ်စေ၊ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တရားမဝင် ဝင်ရောက်လာခဲ့တယ်။ ၁၉၈၃ က ကောက်ခဲ့တဲ့စာရင်းမှာ ရိုဟင်ဂျာဆိုတာ တရားဝင် မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာလျှင် ဖော်ပြထားတာ ရှိတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစု ရှစ်စုပဲရှိတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း စသဖြင့်ပေါ့။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုး ၁၃၅  မျိုးမှာ ပါကိုမပါခဲ့ပါဘူး။ ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မြန်မာမှာ မရှိခဲ့ပါဘူး။ ၁၉၇၃၊ ၁၉၈၃ စာရင်းတွေမှာရော မရှိခဲ့တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ နိုင်ငံတကာ မီဒီယာနှင့် အွန်လိုင်း မီဒီယာအချို့တွင် ရိုဟင်ဂျာလူမျိုးဟူ၍ အမည်တပ်ကာ ဝါဒဖြန့်မှုများ ရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ နယ်ချဲ့စနစ်ကြောင့်သာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားလိုက်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအဝှမ်း တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေ စိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့် အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက် နှစ်ရပ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ 

မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက်


မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊ သူက ဘယ်လို အဓမ္မ ကျင့် တာလဲ။
သိချင်သူများ အတွက် ယခု သြဂုတ်လထုတ် ကွန်ပြူတာဂျာနယ်ကို ဖတ်ကြည့်ရင် သိသွားမှာပါ။

အစိုးရအဖွဲ့ ၀င်များ၏ ပိုင်ဆိုင်မှု့ စာရင်း ပြုစုတင်ပြရေးစာ အွန်လိုင်းပေါ်ရောက်


https://www.facebook.com/aungmyo.tun.52

မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)

ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့်အသတ်မရှိ ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်သည်။

ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာထိပါးချိုးဖော

က်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်
ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

လေးစားစွာ
လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်

ကျွန်တော်သိတဲ့ ဆရာကြီးမင်းသိင်္ခအကြောင်း တစ်ပိုင်းတစ်စ


ရှစ်လေးလုံး အရေးတော်ပုံကြီး   အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူး ခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာ  တစ်ခုကို ကျွန်တော်ပြန် အမှတ်ရမိပါ တယ်။


ဒီအချိန်မှာ တစ်တိုင်းပြည်လုံးလှည်း နေလှေအောင်း မြင်းဇောင်းမကျန် တစ် ပါတီ စစ်အာဏာရှင် စနစ်ဖြုတ်ချဖို့ သပိတ်မှောက် ဆန်္ဒပြတိုက်ပွဲဝင်နေကြပါ ပြီ။ တစ်နိုင်ငံလုံးမှာ ကျခဲ့ရတဲ့ ကျောင်း သားတွေ၊ ပြည်သူ့ သွေးတွေဟာ စုစည်း လိုက်ရင် မြစ်ကြီးအဖြစ် ချင်းချင်းနီရဲသွား မယ့် အချိန်ပါ။
ကြည်း၊ ရေ၊ လေ တပ်မတော်သား တွေ ပြည်သူလူထုနဲ့ ပူးပေါင်းလာကြပါ ပြီ။ အစိုးရ ၀န်ထမ်းတွေ ဒီမိုကရေစီ တောင်းဆိုဖို့ လမ်းမပေါ် ထွက်လာကြပါ ပြီ။ ဒီအချိန်မှာ ရန်ကုန်မြို့ပေါ်က တိုက် ပွဲဝင် ပိုစတာပေါင်းစုံ ကြားမှာ ကျွန်တော် တို့အလန့်တကြား တွေ့လိုက်ရတဲ့ ပိုစတာ တစ်ခုကတော့ ““ကျော်ဟိန်းဘာလဲ ဘယ် လဲ၊ မောင်သာရ ဘာလဲ ဘယ်လဲ””