လူကြိုက်အများဆုံး

Thursday, July 26, 2012

ဗန်းမော် နစ်မြုပ် ရှပ်ပြေးရေယာဉ် အလောင်း၆ လောင်းနှင့်အတူ ဆယ်ယူရရှိ


တိမ်းမှောက်သွားသော ဗန်းမော်-ကသာ ရှပ်ပြေးရေယာဉ်အား ၆ ရက်မြောက်နေ့ ယနေ့ မွန်းလွဲ ၂ နာရီတွင် အပြီးသတ် ဆယ်ယူနိုင်ခဲ့ပြီး အလောင်း ၆ လောင်း သင်္ဘောအတွင်းမှ တွေ့ရှိခဲ့ကြောင်း သိရသည်။

"သင်္ဘောထဲကနေ အမျိုးသမီးအလောင်း ၄ လောင်း နှင့် အမျိုးသား အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ပါတယ် အရင်က အလောင်း ၉ လောင်း တွေ့ရှိထားတာနဲ့ဆိုရင် စုစုပေါင်း ၁၅ လောင်း ပဲတွေ့ပါတယ် " ဟု ဗန်းမော် မြို့ခံဦးသန်းဇော်လတ်က သတင်းပေးပို့သည်။

မြန်မာတွေ အကြည့်များသည့် planet ၀ဘ်ဆိုက် ဖျက်ဆီးခံရ


 http://www.planet.com.mm/

 မွတ်စလင် ကုလားတစ်ယောက် ဖျက်ဆီးသွားတာလို့ ယူဆရပါတယ်။



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana လာမည့်ရက်သတ္တပတ်၌ လာရောက်မည်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ လာမည့်ရက်သတ္တပတ်၌ လာရောက်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှု တိုးတက်မှုများကို လေ့လာအကဲခတ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

 Tomás Ojea Quintana သည် မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အပါအ၀င် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံသွားရန် ရှိကြောင်း သိရသည်။

ရခိုင်တွင် ဖျက်ဆီးခံလိုက်ရသော လူနေအိမ်များကို အစိုးရ၊ UN နှင့် Care Myanmar တို့မှ တာဝန်ယူ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရသော ရခိုင်ကျေးရွာများကို နိုင်ငံတော် အစိုးရ၊ UN နှင့် Care Myanmar တို့မှ တာဝန်ယူ တည်ဆောက်ပေးနေကြောင်း သတင်း ရရှိသည်။
မွတ်ဆလင် အကြမ်းဖက် ဆူပူသူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသော ကင်းချောင်း၊ ခရေမြိုင်၊ ကိုင်းကြီး၊ ဗောဓိကုန်း၊ ကန်သာယာ၊ ဝေသာလီ ရွှေရင်အေး၊ ကန်ပြင်သာစည်ကျေးရွာနှင့် မြို့ပေါ် ရပ်ကွက် များတွင် အိမ်ရာ ၂၀၂ လုံးကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်ပေးနေသလို မောရ၀တီ၊ ခရေမြိုင်၊ ကိုင်းကြီး၊ ဗောဓိကုန်းနှင့် ကန်သာ ကျေးရွာများတွင် အိမ်ရာ ၂၂၂ လုံးကို UN လက်အောက်ခံ UNHCR မှ တာဝန်ယူ တည်ဆောက်ပေးနေသည်ဟု သိရသည်။


အလားတူ CARE Myamar မှလည်း သရေကုန်ဘောင်နှင့် ကင်းချောင်း ကျေးရွာများတွင် မီးရှို့ဖျက်ဆီး ခံလိုက်ရသော အိမ်ရာ ၁၂၈ လုံးကို တည်ဆောက်ပေးသွားမည်ဟု သိရသည်။

မြန်မာပြည်ရဲ့ ကားပြပွဲ.....



အယ်လ်ဆိုင်းစီရဲ့ အလှ



ဖားကန့်ဒေသမှ ကချင်တိုင်းရင်းသားတစ်ဦး၏ ပေးစာ


မြန်မာသားကောင်းသတင်းဌာနမှကူးယူဖော်ပြသည်။ 
(ဖားကန့်နေ ပြည်သူ တစ်ဦး အမည်နဲ့ ရောက်လာတဲ့ မေလ်ဖြစ်ပါတယ်၊ ကျွန်တော် ကိုယ်ပိုင် အမြင် မဟုတ်ပါ. ကျွန်တော် ဆီ  ပို့လာတဲ့ ပေးစာ မှန်သမျှဖေါ်ပြမှာပါ.)
          ကျွန်တော်ကတော့ ကချင်ပြည်နယ်ဖားကန့်ဒေသမှာ နေထိုင်တဲ့ဒေသခံ တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ဖားကန့်ဒေသဆိုတာ ကချင်ပြည်နယ်မှာ အလွန်ပဲ သာယာပျော်ရွှင်စရာကောင်းတဲ့ဒေသတစ်ခုဖြစ်သလို ဖားကန့်ကျောက်စိမ်းကြောင့်လည်း ကမ္ဘာကျော်ဒေသတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်အခုအခါမှာတော့ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)ကြောင့် ကျွန်တော်တို့ဒေသရဲ့ အလှအပတွေ သယံဇာတတွေ ပျက်စီးပြီးလူမှုဒုက္ခ တွေနဲ့ ပင်လယ်ဝေနေရပါပြီ။ 
     
    အရင်တုန်းက ဖားကန့်ဒေသမှာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့

အင်းတော်ကြီးဒေသတွင် ငလျင်လှုပ်ခတ်၍ အဆောက်အဦးပျက်စီး



အင်တော်ကြီးအိုင် ဒေသ၊ ကချင်ပြည်နယ်။

မိုးကောင်းမြို့နယ် အနောက်ဖက်ရှိ အင်းတော်ကြီးဒေသတွင် ဇူလိုင်လ (၂၂)ရက် တနင်္ဂနွေ မနက် ၈ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် ဖျက်စီးအားပြင်းသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် အင်းတော်ကြီးဒေသရှိ အဆောက်အဦးတချို့ ပြိုကျပျက်စီးသွားရာတွင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတစ်ခုလုံး  ပြိုပျက်သွားခဲ့ကြောင်းသိရသည်။

ကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ကျပ် သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ ဇူလိုင် ၂၁ ရက် မနက်ပိုင်းလောက်မှာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သောင်းမြင့် ခေါ် မေလီဟို မောင်းနှင်လာ သော ကားပေါ်မှ အလေးချိန် ၃၀ ကီလို ဂရမ်ခန့်ရှိ စိတ်ကြွဆေးပြား ၃ သိန်းကို မြစ်ကြီးနား မူးယစ် အထူးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်သတင်းအရ ဖမ်းဆီး ရမိခဲ့ပါသည်။

ခချယ်တွင်စုဆောင်းထား လူသစ်များအား KIA ရင်း(၁)သို့ ခေါ်ဆောင်


 ကေအိုင်အေ ရင်း(၂၇)ခွဲ(၁)ခွဲမှူးနောင်အောင်နဲ့အဖွဲ့ဟာ အူလန်ပါမြို့နယ်မှူး ဘရန်အောင်ဟာ မနေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ ခချယ်တွင်းအတင်းအဓမ္မ ဖမ်းဆီးစုဆောင်းထားတဲ့ လူသစ်(၃၅)ဦးကို ရင်း(၁) ဂျာမိုင် စခန်းကို ဖမ်းဆီး ခေါ်ဆောင်ဖို့ နန့်ယားရွာသို့ရောက်ရှိနေပါသည်။

            
     ခချယ်ရွာမှလူငယ်လေးတွေကတော့ သူတို့ကို လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားမှာစိုးလို့ တောတွေ တောင်တွေ ထဲမှာသွားရောက် ပုန်းအောင်းနေကြပါတယ်။ ရွာမှာ ယောကျာင်္းသားဆိုလို့ မသွားနိုင်မလှုပ်နိုင်တဲ့ အဖိုးအိုတွေသာ ကျန်ခဲ့ ပါတယ်လို့ ခချယ်ရွာမှ အမျိုးသမီးတစ်ဦးက KDN သတင်းထောက်တစ်ဦး အားပြောပြခဲ့ပါသည်။
kachindailynews.blogspot.com မှ . . . .  

KIA ဗုံးခွဲတိုက်ခိုက်မှုကြောင့် အစိုးရစစ်သား ၅ ဦး ကျ



ကေအိုင်အေ စစ်သား တဦး။

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ နှစ်ဖက်တပ်များ လှုပ်ရှားနယ်မြေ ဘန်ကောင်မူ (Bankawng Mu) တွင် ဇူလိုင်၂၄၊ အင်္ဂါနေ့က မြန်မာအစိုးရ တပ်ဖွဲ့များကို ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့ စည်ပင်ဈေးတွင် KIA မှ အခွန်ငွေလာရောက်ပေးရန်အကြောင်းကြား


ကာမိုင်းမြို့၊ မြို့မရပ်ကွက်နဲ့ စည်ပင်ဈေးအတွင်း ရောင်းချ လျက်ရှိသော ဈေးဆိုင်များအား ၂၃ရက်နေ့ မနက် ၇နာရီလောက်မှာ KIA တပ်မဟာ(၂)ရင်း(၆)မှ ၄ဦးရောက်လာပြီး ဈေးရောင်းနေသည့်အတွက်အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ခြိမ်းခြောက်ပြောခဲ့ပါသည်။ ၎င်းဈေးရောင်းခွန်ကို ကားမိုင်းမြို့နယ်ခွဲရှိ နန့်စီးအင်ရပ်ကွက်မှ အိမ်တစ်အိမ်တွင် ရှိသော KIA တပ်ဖွဲ့ဝင်တစ်ဦးထံသို့  အဲဒီနေ့ မနက်၈နာရီမှ ညနေ ၄နာရီအတွင်းအပြီးပေးဆောင်ခဲ့ရပါသည်။ ကုန်စုံဆိုင် စားသောက်ဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုင်၊ မီးဖိုချောင်းသုံးပစ္စည်းဆိုင်နဲ့ ဆိုင်ကယ်ဝပ်ရှော့နဲ့ အပိုပစ္စည်းတစ်ဆိုင်တစ်ဆိုင်လျှင် ၃၀၀၀၀ကျပ်နှုန်း၊ အအေးဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်လျှင် ၅၀၀၀၀ကျပ် နှုန်း ပေးဆောင်ရပါတယ်။ ကာမိုင်းမြို့နယ်ခွဲ အတွင်းမှာရှိတဲ့ ဈေးဆိုင်အားလုံးမှ အခွန်ငွေ ၆၅ သိန်းကို သွားရောက်ပေးသွင်းခဲ့ရပါတယ်။

             မိုးရာသီဖြစ်လို့ ဈေးရောင်းမကောင်းတဲ့အပြင် KIA တပ်ဖွဲ့တွေရဲ့မိုင်းခွဲမိုင်းထောင်မှုကြောင့် ဘာအလုပ်မှထွက်မလုပ်ရဲ ကြလို့ စီးပွားရေးမကောင်းတဲ့အထဲ အခုလိုအခွန်ငွေကိုအဆမတန် အတင်းအဓမ္မကောက်ခံနေတဲ့အတွက် ကာမိုင်းမြို့နယ် အတွင်းမှဈေးသည်များနဲ့ ဒေသခံများက ဒုက္ခသည်ရောက်နေကြပြီး ကချင်ပြည်နယ်ကို ကာကွယ်မယ်ဆိုပြီး ကချင်ပြည်နယ် အတွင်းမှာ အခွန်ငွေတွေအဆမတန်မတရားကောက်၊ ဒေသခံတွေကို ညှင်းပန်းနှိပ်စက်၊ မိုင်းခွဲမိုင်းထောင်လုပ်နေတဲ့ KIA အဖွဲ့ကို ရွံ့မုန်းနေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါသည်။
kachindailynews မှ . . . . . 

KIA တပ်မဟာ(၃)မှ တပ်ဖွဲ့ဝင်အရာရှိစစ်သည်အချို့ အလင်းဝင်ရန်ကြိုးစားလျက်ရှိ


  ကေအိုင်အေ တပ်မဟာ(၃) မှ လှုပ်ရှားနေတဲ့ အဖွဲ့တွေ၊ တပ်ခွဲစခန်းကုန်းမှာအဖွဲ့ဝင်တွေနဲ့ ရင်း(၁) စခန်းတွေမှ တပ်ဖွဲ့ဝင် အရာရှိများနဲ့ တပ်ဖွဲ့ဝင်အများစုတွေ၊ ပြည်သူ့အမှုထမ်းအဖွဲ့ဝင်တွေဟာ စိတ်ဆန္ဒမပါဘဲနဲ့ လက်နက်ကိုင်တိုက်ပွဲဝင် အသင့်အမြဲလုပ်နေရပါသည်။ လစာက တစ်လကို ၁၀၀၀၀ကျပ်ဘဲရပြီး ၄လတစ်ကြိမ်သာ လစာထုတ်ပေးတာဖြစ်ပြီး အဲဒီ လစာနဲ့ မိသားစု ဘယ်လိုစားကြမှာလဲ။ မိသားစုးကိုဘာမှရှာဖွေကျွေးမွေးမှုမပြုနိုင်တဲ့ အပြင် ကိုယ့်ကချင်လူမျိုးအချင်းချင်း ကို ဒုက္ခပေးတဲ့အလုပ်တွေဘဲလုပ်နေရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ကျဆင်းလျက်ရှိပြီး အစိုးရတပ်နဲ့တွေ့ရင် တိုက်ချင် စိတ်မရှိဘဲ အလင်းဝင်ဖို့စီစဉ်မှုများပြလုပ်နေကြပါတယ်။


            ဗဟိုက အတင်းတိုက်ခိုင်းလို့ အစိုးရတပ်ကိုတိုက်ပြန်ရင်လဲ စိတ်မပါလတ်မပါနဲ့ တိုက်ရတဲ့အပြင် အဟာရ မပြည့်စုံဘဲတိုက်ရတော့ ကျန်းမာသန်းစွမ်းမှုမရှိဘဲ ထိခိုက်သေဆုံးမှုတွေ များကြောင့် အလင်းဝင်ရောက်ဖို့ ကြိုးစား စီစဉ်လျက်ရှိနေကြပါတယ်။ ဒါပေမယ့်လဲ သူတို့တွေရဲ့မိသားစုဝင်တွေက KIA အဖွဲ့က ထိန်းချုပ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့အတွက်ကြောင့် မိသားစုတွေကိုပါခေါ်ဖို့စီစဉ်နေတာပါ။ ဒါပေမယ့်လဲ KIA ဗဟိုက သိပြီး အလင်းဝင် ရောက်ရန် ဦးဆောင်စီစဉ်နေတဲ့သူတွေကို ဖမ်းဆီးပြီး သေသတ်ပေးဖို့လုပ်နေတာကြောင့် ပေါ်ပေါ် တင်တင် မလုပ်ရဲဘဲ ဖြစ်နေရပါတယ်။ KIA ဗဟိုက ဒုက္ခသည်စခန်းတွေမှာ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေကို ထိန်းသိမ်းဖမ်းဆီးထားတဲ့ပုံစံမျိုးနဲ့ထားပြီး တပ်ဖွဲ့ဝင်တွေကို အကျပ်ကိုင်ပြီး အစိုးရတပ်တွေကို အတင်း တိုက်ခိုင်းနေ တယ်လို့ ရင်း(၁)မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောပါသည်။
kachindailynews.blogspot.com မှ . . . . 

ကိုယ်ကျိုးစီးပွားအတွက် ထိုးစစ်ဆင်


အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းသည် လွှတ်တော်ကျင်းပနေချိန်အတွင်း ပန်ဝါမြို့ တွင် နေထိုင်ကာ ထိုးစစ်ဆင်ရေးကို စနစ်တကျ ညွှန်ကြားနေလျက်ရှိကြောင်း သိရှိရသည်။
ဦးဇခုန်တိန့်ယိန်း နှင့် ဗိုလ်ချုပ် အချို့ပူးပေါင်း၍ တရားမ၀င် သတ္တုတူးဖေါ်ရေးလုပ်ငန်းသည် ပန်ဝါဒေသ တိုက်ပွဲအတွင်း ရပ်တန့်လိုက်ရသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီများ အထိနာဖြစ်ရသဖြင့် ဇူလိုင်လအတွင်း ဦးဇခုန်တိန့်ယိန်းကို တရုတ်လုပ်ငန်းရှင်များက ပန်ဝါမြို့တွင် လာရောက်ကာ ဆုံးရှုံးမှု အတွက် လျော်ကြေးတောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော ဦးသိန်းစိန်အား ဖိတ်ကြားထားမှု ဗြိတိန် ပြန်ရုတ်သိမ်းသင့်ဟု BC (UK) ပြော


Burma Campaign (UK) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ် (ဓါတ်ပုံ :: Facebook) 

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော လူမျိုးရေး အကြမ်းဖက် တိုက်ခိုက်မှုများသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း ထိုက်သင့်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိခဲ့ကြောင်း Burma Campaign (UK) ၏ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု ၀န်ကြီး ငါးဦး ဌာန ပြောင်းရွှေ့ရန် သတင်းထွက်ပေါ်


From : The Voice
နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို အပြောင်းအရွှေ့ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိပြီး မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းကာ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း အစိုးရ အဖွဲ့ထံမှ သိရသည်။

ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ငြင်းချက်ထုတ်နေချိန်မှာ တရုတ်ဝက်ဘ်ဆိုက် တချို့မှာတော့ ပြောဆိုချက်တွေကို မျဉ်းကြောင်းတားပြီး အတည်ယူနေပါပြီ..

ဒီမိုဝေယံ
ညောင်မြစ်တူးတော့ ဖွတ်ဥပေါ်ဆိုသလို တရုတ်ဆိုဒ်တွေမှာတော့ ဝိတ်ပြားရှင် ဦးအောင်သိန်းလင်း ပြောတဲ့ အင်တာဗျူးထဲက အချက်တွေ မျဉ်းတားပြီး ဖော်ပြနေကြပါပြီ.. နားလည်တဲ့သူတွေ မျဉ်းတားထားတဲ့ အကြောင်းအရာတွေကို ဘာသာပြန် ပေးကြပါ..။ ဒီလင့်ခ်မှာ အပြည့်အစုံ သွားကြည့်နိုင်ပါတယ်..။

လယ်သမား ၁၅ ဦးကို စစ်တပ်က ဝိုင်းထား


ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ် အဓမ္မ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ လယ်သမား (၁၅) ဦးခန့်ကို စစ်တပ်က အခု တပ်စိတ်တစ်စိတ်နဲ့ ၀ိုင်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရန် မရေရာသေး

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတို့ကြား အလုပ်သမား တင်သွင်းခွင့် နားလည်မှု စာချွန်လွှာ MOU ဖြင့် ဝင်ရောက် လာကြသည့် အလုပ်သမားများ ပွဲစား အလိမ်ခံရ၍ ရှေ့ဆက်ရေး အလားအလာမှ မရေမရာဖြစ်နေသေးကြောင်း အလုပ်သမားများက မဇ္ဈိမကို ပြောသည်။

“အခု အချိန်ထိ ကျနော်တို့ ၃၅ ယောက်လုံး ကယ်ဆယ်ရေး စခန်းမှာပဲ ရှိနေသေးတယ်။ ပွဲစား ဒေါ်မေကျော့ရှင်း ကတော့ ကုမ္ပဏီ ပြန်ဝင်ဖို့ ကျနော်တို့ကို တောင်းဆိုနေတယ်။ ကျနော်တို့နဲ့ စာချုပ်ချုပ်ထားတဲ့ KOSIT Business Group က အလုပ်သမားခေါင်း ကလည်း လာခေါ်တယ်။ ကျနော်တို့ မယုံလို့ မလိုက်ရဲသေးဘူး” ဟု အလုပ်သမား တဦး ဖြစ်သည့် ကိုညွှန့်မြိုင် က ပြောသည်။

အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ


မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ် သမန်းရင်း ရွာသား ဦးရဲဝင်းဟာ ရွာဘုန်းတော်ကြီးကျောင်းမှာ ရပ်ရွာ သာရေး နာရေး ကိစ္စတွေ တိုင်ပင်ပြီးနောက် မော်တော်ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် လမ်းခုလတ်မှာ ဓားနဲ့ ၀ိုင်းခုတ် သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ သက်သေတစ်ဦးက RFA ကို ပြောပါတယ်။

ပစ်သတ်ခံရသည့် အလုပ်သမား အသုဘပို့အပြန် ထိုင်းရဲက ထပ်မံဖမ်းဆီး

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမားမှ ဇူလိုင်လ ၂၄ ရက်နေ့ ညက လာရောက် ပစ်ခတ်ခဲ့သည်၍ အလုပ်သမား နှစ်ဦး သေဆုံးခဲ့ရသည်ဟု စက်ရုံ အလုပ်သမားတဦး ဖြစ်သည့် ကိုထွန်း က ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် မြဝတီမြို့ ဇာတိဖြစ်သူ မစံပယ်ဖြူ (၂၆ နှစ်)မှာ အနောက်ဘက်မှ အပစ်ခံရသဖြင့် ကျောကုန်းပေါက်ကာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ရှပ်ပြေးယာဉ်မြုပ်မှု ၁၄ ဦး ပျောက်ဆုံးနေဆဲ


ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အခုလ ၂၀ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကမ်းပေါ်ကို ၀န်ချီစက်နဲ့ ဆွဲတင်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် လူ (၁၄) ဦး ပျောက်ဆုံးနေဆဲလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
လောလောဆယ်အထိ ကယ်ဆယ်ရရှိသူ (၇၉) ဦးရှိပြီး ဘုန်းကြီးအလောင်း (၁) လောင်း အပါအ၀င်၊ စုစုပေါင်း ရုပ်အလောင်း (၁၅) လောင်းကို ဆယ်ယူရရှိထားပြီ ဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြန်မာဆရာတော် ကျောင်းထိုင်ရေး ထိုင်းဝန်ကြီးချုပ် ကတိပေး


သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချူပ် မစ္စစ် ရင့်လတ် ရှီနာဝပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က မြန်မာ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေကြတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ မြန်မာသံဃာတော်ကို ကျောင်းထိုင် ဆရာတော်အဖြစ် သတင်းသုံးစေဖို့ ထိုင်းဝန်ကြီးချုပ်က ကတိပေး ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ကချင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကော်မရှင် စတင်စစ်ဆေးနေ

ချင်းမိုင်(မဇ္ဈိမ) ။        ။ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲများ
ပြန်လည်ဖြစ်ပွားခဲ့စဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေသည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

ဦးစစ်မြိုင် အပါအဝင် ကော်မရှင် အဖွဲ့ဝင် နှစ်ဦးက ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်၍ ကော်မရှင်သို့ တိုင်တမ်းထားသော အစိုးရတပ်မှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှု နှစ်မှု၊ KIO မှ တပ်သားသစ် စုဆောင်းမှုနှင့် အမျိုးသမီးများ စော်ကားမှု စသည့် အမှုလေးမှုအား အင်္ဂါနေ့က စတင်စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

KNPP ပင်မ ဆက်ဆံရေးရုံး လွိုင်ကော်တွင် ပြန်လည်ဖွင့်လှစ်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၅ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။       ။ အပစ်ရပ် သဘောတူချက် ပျက်ပြားချိန်မှ ၁၇ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ပင်မ ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗုဒ္ဓဟူးနေ့ နံနက်က ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း ရုံးတာဝန်ခံ ခူဒယ်နီယာ က ပြောသည်။

“ကျနော်တို့ ဘဏ္ဍာရေးအရ စကားတွေ ဘာတွေ မပြောပါဘူး။ ဆရာတော်တပါးကနေ အဖွင့် ဆုတောင်းပေးတယ်။

ဒယ်အိုးဆရာတော်၏ ဘာပဲကြုံကြုံ ရောက်အောင်သွား . . . . . .