လူကြိုက်အများဆုံး
-
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင...
-
မိုးလွင်အောင်ဘာသာပြန်ဆိုသည်။ (ဇူလိုင်လ၁၆ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၈) အမှတ် (၂၇)မှ ထုတ်ယူဖော်ပြချက်။) လွန်ခဲ့သည့် ရာစုနှစ်ဝက်...
-
ရွှေတိဂုံဘုရားအောက်ပစ္စယံတွင် ရှိသော ခွေးလေခွေးလွင့်များအားရွှေပြည်သာမြို့နယ် လှော်ကားဘေးမဲ့တောထဲသို့ ပို့လွှတ်ရန်ရန်ကုန်မြို့တော်စည်ပင်သာယာ...
-
နယူးဒေလီ (မဇ္ဈိမ)။ ။ မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ...
-
မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အခ...
Thursday, July 26, 2012
ကိုယ်ကျိုးစီးပွားအတွက် ထိုးစစ်ဆင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းသည် လွှတ်တော်ကျင်းပနေချိန်အတွင်း ပန်ဝါမြို့ တွင် နေထိုင်ကာ ထိုးစစ်ဆင်ရေးကို စနစ်တကျ ညွှန်ကြားနေလျက်ရှိကြောင်း သိရှိရသည်။
ဦးဇခုန်တိန့်ယိန်း နှင့် ဗိုလ်ချုပ် အချို့ပူးပေါင်း၍ တရားမ၀င် သတ္တုတူးဖေါ်ရေးလုပ်ငန်းသည် ပန်ဝါဒေသ တိုက်ပွဲအတွင်း ရပ်တန့်လိုက်ရသည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီများ အထိနာဖြစ်ရသဖြင့် ဇူလိုင်လအတွင်း ဦးဇခုန်တိန့်ယိန်းကို တရုတ်လုပ်ငန်းရှင်များက ပန်ဝါမြို့တွင် လာရောက်ကာ ဆုံးရှုံးမှု အတွက် လျော်ကြေးတောင်းဆိုခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ၎င်းသတ္တုတူးဖေါ်ရေးလုပ်ငန်း ပြန်၍စတင်နိုင်ရန် ဦးဇခုန်တိန့်ယိန်းသည် ဒေသခံလူငယ် များကို တနေ့လုပ်အားခ တရုတ်ငွေ ယွမ် ၂၀၀ မှ ၃၀၀ အတွင်းပေးကာ KIA ကို တိုက်ခိုက်ရန် စည်းရုံး နေကြောင်း သိရှိရသည်။
ခလရ(၃၇)တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးတင်ထွေး ဦးစီးစစ်ကြောင်းနှင့် ဦးဇခုန်တိန့်ယိန်း၏ ကြေးစား လက်နက်ကိုင်လူငယ်များ အင်အား(၉၀)ခန့်သည် ၎င်း၏ တရားမ၀င်သတ္တုတူးဖေါ်ရေး လုပ်ငန်းခွင်အတွက် KIA ကို ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ကိုယ်ကျိုးစီးပွားရေးလုပ်ငန်းအတွက် စစ်ဆင်ရေး ပြုလုပ်ရန် ခွင့်ပြုသော အမျိုးသားလွှတ်တော် ကိုလည်း မည်သို့သတ်မှတ်ရမည်ကို မပြောတတ်တော့ ကြောင်း ပန်ဝါမြို့နေ NDA(K) အရာရှိဟောင်းမှ ညည်းငြူပြောဆိုလျက် ရှိသည်။
ဇူလိုင်လ(၁၉)ရက်နေ့တွင်လည်း ဦးဇခုန်တိန့်ယိန်းသည် တရုတ်နယ်စပ်တွင် ခိုလှုံနေသော ဒုက္ခသည် များကို ပန်ဝါမြို့သို့ ပြောင်းရွေ့ရန် ချောမော့ခြိမ်းခြောက် စည်းရုံးခဲ့သေးသည်။
myitkyina.blog မှ. . .
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment