လူကြိုက်အများဆုံး

Thursday, July 26, 2012

ခချယ်တွင်စုဆောင်းထား လူသစ်များအား KIA ရင်း(၁)သို့ ခေါ်ဆောင်


 ကေအိုင်အေ ရင်း(၂၇)ခွဲ(၁)ခွဲမှူးနောင်အောင်နဲ့အဖွဲ့ဟာ အူလန်ပါမြို့နယ်မှူး ဘရန်အောင်ဟာ မနေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ ခချယ်တွင်းအတင်းအဓမ္မ ဖမ်းဆီးစုဆောင်းထားတဲ့ လူသစ်(၃၅)ဦးကို ရင်း(၁) ဂျာမိုင် စခန်းကို ဖမ်းဆီး ခေါ်ဆောင်ဖို့ နန့်ယားရွာသို့ရောက်ရှိနေပါသည်။

            
     ခချယ်ရွာမှလူငယ်လေးတွေကတော့ သူတို့ကို လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားမှာစိုးလို့ တောတွေ တောင်တွေ ထဲမှာသွားရောက် ပုန်းအောင်းနေကြပါတယ်။ ရွာမှာ ယောကျာင်္းသားဆိုလို့ မသွားနိုင်မလှုပ်နိုင်တဲ့ အဖိုးအိုတွေသာ ကျန်ခဲ့ ပါတယ်လို့ ခချယ်ရွာမှ အမျိုးသမီးတစ်ဦးက KDN သတင်းထောက်တစ်ဦး အားပြောပြခဲ့ပါသည်။
kachindailynews.blogspot.com မှ . . . .  

No comments:

Post a Comment