စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတို့ကြား
အလုပ်သမား တင်သွင်းခွင့် နားလည်မှု စာချွန်လွှာ MOU ဖြင့် ဝင်ရောက် လာကြသည့်
အလုပ်သမားများ ပွဲစား အလိမ်ခံရ၍ ရှေ့ဆက်ရေး အလားအလာမှ မရေမရာဖြစ်နေသေးကြောင်း အလုပ်သမားများက မဇ္ဈိမကို ပြောသည်။
“အခု
အချိန်ထိ ကျနော်တို့ ၃၅ ယောက်လုံး ကယ်ဆယ်ရေး စခန်းမှာပဲ ရှိနေသေးတယ်။
ပွဲစား ဒေါ်မေကျော့ရှင်း ကတော့ ကုမ္ပဏီ ပြန်ဝင်ဖို့ ကျနော်တို့ကို
တောင်းဆိုနေတယ်။ ကျနော်တို့နဲ့ စာချုပ်ချုပ်ထားတဲ့ KOSIT Business Group က
အလုပ်သမားခေါင်း ကလည်း လာခေါ်တယ်။ ကျနော်တို့ မယုံလို့ မလိုက်ရဲသေးဘူး” ဟု
အလုပ်သမား တဦး ဖြစ်သည့် ကိုညွှန့်မြိုင် က ပြောသည်။
အလုပ်သမားများ
ဘက်မှ ကိုယ်စားလှယ် လေးဦးခန့်ကို Grass Roots Human Rights Education &
Development (GRHRED) ၏ အစီအစဉ်ဖြင့် စာချုပ် ချုပ်ထားသည့် KOSIT Business
Group ကုမ္ပဏီသို့ သွားရောက် လေ့လာရန် ရှိပြီး လုပ်နိုင်/မလုပ်နိုင်
ပြန်လည် သုံးသပ်ကာ အဆင်မပြေပါက မြဝတီသို့ ပြန်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ
အလုပ်သမားများသည် ဇူလိုင်လ ၂ဝ ရက်နေ့မှ မြဝတီမြို့မှ ထွက်ခွာခဲ့ပြီး
ဖူးကက်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီသို့ အသွား၌ ပွဲစားနှင့် အချေအတင် ဖြစ်ကာ
ယခုထက်ထိ ကယ်ဆယ်ရေး စခန်း၌ သောင်တင်နေဆဲ ဖြစ်သည်။
လုပ်စဉ်အရ
ထိုင်းနိုင်ငံရှိ လုပ်သား လိုအပ်လျက် ရှိသည့် ကုမ္ပဏီများမှ လိုအပ်သည့်
လုပ်သား ပမာဏ၊ အလုပ်ကုမ္ပဏီ တည်ရှိရာနေရာ စသည့် အထောက်အထား
စာရွက်စာတမ်းများဖြင့် မြန်မာအလုပ်သမားဝန်ကြီးဌာနသို့ အေးဂျင့်များမှ တဆင့်
ပေးပို့ရပြီး အစစ်အဆေးခံရကာ ဝန်ကြီးဌာနမှ အတည်ပြုပါမှ လုပ်သားခေါ်ဆိုမှု
Demand အား ခွင့်ပြုပေးခြင်းဖြစ်သည်။
“ကျနော့် သဘောထား
တခုတည်းနဲ့ လွှတ်လို့ မရဘူးခင်ဗျ။ စာအုပ်ထုတ်ပြီး ထွက်ခွာခွင့်
အမိန့်ကိုလည်း နေပြည်တော် ကို တောင်းရတယ်။ နေပြည်တော်က ခွင့်ပြုမိန့်
ရပြီးမှ ဒီအလုပ်သမားတွေကို ထိုင်းဘက်ခြမ်းက ကိုယ်စားလှယ်၊ မြန်မာ ဘက်ခြမ်းက
ကိုယ်စားလှယ်၊ သက်ဆိုင်ရာ လူကြီးတွေ ရှေ့မှာ စည်းမျဉ်းစည်းကမ်းတွေ ပြောပြ၊
အဲလို ထွက်ခွာပွဲ အခမ်းအနားလိုမျိုး လုပ်ပေးပြီးမှ လွှတ်လို့ရတာပါ။ အဲဒီမှာ
KOSIT ကုမ္ပဏီနဲ့ ဒေါ်မေကျော့ရှင်းတို့နဲ့ ဘယ်လိုဖြစ်လဲ
တော့ မသိဘူး။ နောက်ပိုင်း မပြေလည်ဘူးလို့ ကြားရတယ်” ဟု အေးဂျင့် ဦးအောင်နိုင်စိုး က ပြောသည်။
ထိုသို့
မူလက သဘောတူထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီသို့ မဝင်ရောက် နိုင်ခဲ့လျှင်
အလုပ်သမားများ ကိုင်ဆောင်ထားသည့် နိုင်ငံကူး လက်မှတ်များမှာ တရားမဝင်
(black list) ဖြစ်သွားဖွယ် ရှိနေသည်။
အလုပ်သမားများ အလုပ်အဆင်မပြေ၍ မြဝတီသို့ ပြန်လာခဲ့လျှင်လည်း နေစရိတ် စားစရိတ်များ လျော်ပေးမည်ဖြစ်ကြောင်း ဦးအောင်နိုင်စိုး က သဘောထား ပြုထားသည်။
ပွဲစား
ဒေါ်မေကျော့ရှင်းကမူ “kosit ကုမ္ပဏီက အလုပ်သမားလေးတွေအတွက် ပိုက်ဆံ
ကြိုမထုတ် ပေးနိုင်ဘူး။ သူတို့ မှာ အလုပ်သမားတွေ ပိုနေလို့ပေါ့။ အခြား
လက်ခံတဲ့ ကုမ္ပဏီရှိရင် လွှဲပေးလိုက်ပါဆိုပြီး အင်္ဂလိပ်လို ရေးထားတဲ့ စာကိုပေးလာတယ်။
အဲဒီတော့ တခြားလိုချင်တဲ့ ကုမ္ပဏ တခုကို ကျမ ချိတ်ပေးတယ်။
အလုပ်သမားတွေကိုလည်း ဒါက KOSIT နဲ့ Branch (လက်ခွဲ) တွေပဲနော်။ Head office
(ရုံးချုပ်)က မအားဘူး ဘာညာ ကျမ ပြောတယ်။ KOSIT ကို သွားမှာ မဟုတ်ဘူး၊
တခြားကို သွားမယ်လို့ အဲလို ကျမ ပြောလိုက်မိတယ်။ အဲဒီမှာ ကလေးတွေက
သူတို့ကို ရောင်းစား မှာ ဘာညာဆိုပြီး ထပေါက်ကွဲလာတာ” ဟု ပြန်လည်
ရှင်းပြသည်။
အဆိုပါ စာအား kosit ကုမ္ပဏီမှ အတွင်းရေးမှူးနှင့် တာဝန်ခံ မစ္စတာ အာနန်၏ သမီးတို့ ကိုယ်တိုင် လက်မှတ်ထိုးပြီးပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့
ကုမ္ပဏီမှ အလုပ်သမားများအား လက်မခံလိုဟု ဆိုခဲ့ပြီးနောက် အလုပ်သမားအရေး
ပြေလည်စေချင်သည့် သဘောထားဖြင့် အခြား မိမိအသိ ထိုင်းထောက်လှမ်းရေး
ဗိုလ်မှူးဟောင်း တဦး၏ အဆက်ဖြင့် ၎င်းဆွေမျိုးများပိုင်ဆောက်လုပ်ရေး ကုမ္ပဏီ များသို့ လူများခွဲ၍ စေလွှတ်ရန် လုပ်ဆောင်ခဲ့သည်ဟု ဒေါ်မေကျော့ရှင်း က ပြောသည်။
အလုပ်ရှင်
အလုပ်သမား နှစ်ဦး သဘောတူ ချုပ်ဆိုထားသည့် စာချုပ်အရ kosit business group
ဆောက်လုပ်ရေး ကုမ္ပဏီ၌ အလုပ်သမား ၅ဝ ဦးစလုံး နှစ်နှစ် အလုပ်လုပ်ကိုင်ရန်
စာချုပ် ချုပ်ဆိုထားကြသည်။
၁၅ ဦး အဖွဲ့၌ လိုက်ပါသွားသည့် အလုပ်သမားများမှာ လုပ်ငန်းခွင်၌ အဆင်မပြေမှုများ ရှိ၍ မြဝတီမြို့သို့ ပြန်လိုကြောင်းအေးဂျင့် ဦးအောင်နိုင်စိုးအား ဖုန်းဆက်၍ တိုင်တန်း ခဲ့ကြသည်ဟု ဦးအောင်နိုင်စိုး က ပြောသည်။
ဒေါ်မေကျော့ရှင်းမှာ
ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အလုပ်သမားများ ကူညီကယ်ဆယ်ရေး ကိုယ်စားလှယ်
အဖွဲ့ဝင်ဖြစ်ပြီး ထိုင်းတက္ကသိုလ်တခု၌ အင်္ဂလိပ်စာပြ ဆရာမ တဦးလည်း ဖြစ်သည်။
အလုပ်သမားများအား
လာရောက် ခေါ်ဆိုစဉ် ထိုင်းဘက်ခြမ်းမှ KOSIT ကုမ္ပဏီ၏ တရားဝင် ခန့်အပ်ထားသည့်
ကိုယ်စားလှယ် ဒေါ်မေကျော့ရှင်း ကိုယ်တိုင် လာရောက် ခေါ်ဆိုခြင်း
ဖြစ်သည်ဟုလည်း သိရှိရသည်။
mizzima . . .
လူကြိုက်အများဆုံး
-
မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊...
-
ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်က တန့်ယန်းမြို့နယ်၊ ပါတက်ကျေးရွာအနီး ၀မ်ဟွေလုံကျေးရွာမှ ရွာသား တစ်ဦးဟာ SSA ၀မ်ဟိုင်းအဖွဲ့လို့လူသိများေ...
-
https://www.facebook.com/aungmyo.tun.52
-
ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅)ရက်နေ့က ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) တပ်မဟာ (၅)မှ ခေါင်းဆောင်တွေဟာ ၄င်းတို့ လက်အောက်ခံတပ်စခန်းတွေ...
-
ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။ ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တ...
Thursday, July 26, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment