စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ
CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ
မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမားမှ ဇူလိုင်လ ၂၄ ရက်နေ့ ညက လာရောက်
ပစ်ခတ်ခဲ့သည်၍ အလုပ်သမား နှစ်ဦး သေဆုံးခဲ့ရသည်ဟု စက်ရုံ အလုပ်သမားတဦး
ဖြစ်သည့် ကိုထွန်း က ပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် မြဝတီမြို့ ဇာတိဖြစ်သူ မစံပယ်ဖြူ (၂၆ နှစ်)မှာ အနောက်ဘက်မှ အပစ်ခံရသဖြင့် ကျောကုန်းပေါက်ကာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ကိုခင်မောင်သန်း (မန္တလေး) နှင့် ကိုအောင်သက်ဖြိုး (ပဲခူး)တို့မှာ ဒဏ်ရာ အပြင်းအထန် ရ၍ အရေးပေါ်လူနာအဖြစ်
ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင် ကုသခဲ့ရပြီး ဗုဒ္ဓဟူးနေ့ နံနက်၌ ကိုအောင်သက်ဖြိုး ထပ်မံ ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။
ထို့ပြင်
ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် မစံပယ်ဖြူ၏ အသုဘ ချ၍ ပြန်လာကြသည့် မြန်မာ
အလုပ်သမား ၄ဝ ကျော်အား ထိုင်းယာဉ်လမ်းကြောင်း ထိန်းသိမ်းရေး ရဲမှ စစ်ဆေးကာ
အားလုံးကို ပတ်စ်ပို့ မရှိသဖြင့် ရဲစခန်းသို့ ခေါ်ယူသွားခဲ့ပြန် သည်။
“ကိုအောင်သက်ဖြိုး ဆေးရုံမှာ ဆုံးပြီလို့ သိရပေမယ့် သွားလို့ မရသေးဘူး။ ပတ်စ်ပို့တွေကို အေးဂျင့်က ပြန်မပေးသေး
တော့ ကျနော်တို့ကို ဖမ်းထားတုန်းပဲ” ဟု အဖမ်းခံရသည့် ကိုထွန်း က မဇ္ဈိမကို ပြောသည်။
မစံပယ်ဖြူ၊
ကိုအောင်သက်ဖြိုးနှင့် ကိုခင်မောင်သန်း တို့မှာ အင်္ဂါနေ့ ည ထိုင်းဒေသ
စံတော်ချိန် ည ၃ နာရီ ၄၅ မိနစ် ခန့်တွင် အချိန်ပိုဆင်းပြီး
အိမ်ခြံဝင်းအတွင်းရှိ ကုလားထိုင်၌ စကားပြောနေကြစဉ် မျက်နှာဖုံး စွပ်ထားသည့်
ဆိုင်ကယ်စီး
သေနတ်သမား နှစ်ဦးအနက် တဦးမှ လက်နက်အတိုဖြင့် အနီးကပ် လာရောက် ပစ်ခတ်ခံခဲ့ခြင်း ဖြစ်သည်။
mizzima . . .
လူကြိုက်အများဆုံး
-
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင...
-
မိုးလွင်အောင်ဘာသာပြန်ဆိုသည်။ (ဇူလိုင်လ၁၆ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၈) အမှတ် (၂၇)မှ ထုတ်ယူဖော်ပြချက်။) လွန်ခဲ့သည့် ရာစုနှစ်ဝက်...
-
ရွှေတိဂုံဘုရားအောက်ပစ္စယံတွင် ရှိသော ခွေးလေခွေးလွင့်များအားရွှေပြည်သာမြို့နယ် လှော်ကားဘေးမဲ့တောထဲသို့ ပို့လွှတ်ရန်ရန်ကုန်မြို့တော်စည်ပင်သာယာ...
-
နယူးဒေလီ (မဇ္ဈိမ)။ ။ မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ...
-
မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အခ...
Thursday, July 26, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment