လူကြိုက်အများဆုံး

Friday, July 27, 2012

ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်

(စိတ်ဝင်စားစရာ ဆောင်းပါးတစ်ပုဒ်ပါ)

ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နကိုင် တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။




ဒါပေမယ့် အခြားတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ လုံးဝမတူပဲ တရုတ်ကြီးအားကိုးနဲ့ ဘယ်လောက်ညှိညှိ လက်မခံတဲ့ အဖွဲ့ကတော့ ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပဲဖြစ်ပါတယ်..။

"မိန်းကလေးများ သထိထားနိုင်ရန် အတွက် ကူးယူ တင်ပြလိုက်သည်"

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာ ကဒ်ကို ပေးခဲ့တယ်။

 
သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဦးအောင်သိန်းလင်းကို ပခုက္ကူလူထု ဆန္ဒပြရန်ပြင်


တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာနှင့် မေးမြန်းခန်းတွင် ပါရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များကို ရှုတ်ချသည့် အနေဖြင့် ဆန္ဒဖော်ထုတ်ရန် မကွေးတိုင်း ပခုက္ကူမြို့မှ ပြည်သူများက ပြင်ဆင်နေသည်။
ဖေ့စ်ဘုတ်မှာ စိတ်ဝင်စားဖွယ် တွေ့နေရတဲ့ ဦးအောင်သိန်းလင်းရဲ့ မဲဆွယ်စည်းရုံးပုံ 
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး ပြည်သူတွေ ရူးနေတာပါလို့ စော်ကားတာ တချက်၊ ဧရာဝတီ မြစ်ဆုံဆည်ကို ပြန်စမယ်လို့ ပြောတာတချက်ကြောင့် ဧရာဝတီကို ကာကွယ်ဖို့ လာမယ့် ၃၁ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်မယ် ဆိုပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် တင်ထားပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုအတွက် စီစဉ်နေသူ ဦးဇော်ဝင်းထွန်းက ဧရာဝတီသို့ ပြောသည်။

လုံခြုံရေးတပ် စစ်ဆေးမှုဒဏ်ဖြင့် မြောက်ဦး ဒေသခံတဦး သေဆုံး


မြောက်ဦးမြို့ဝင် တနေရာ (ဓာတ်ပုံ – နိရဉ္ဇရာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဒေသခံတဦးကို လုံခြုံရေးတာဝန် ယူထားသည့် စစ်တပ်က ခေါ်ယူ စစ်ဆေးရာမှ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့  ၀သဲရပ်ကွက်မှ ဦးမောင်သာနု (၅၈ နှစ်) သည် ဇူလိုင် ၂၂ ရက် ညနေတွင် ၎င်းနေထိုင်ရာ အနီးရှိ ပျက်စီးနေသည့် နေအိမ်တခုမှ လျှပ်စစ် ၀ါယာကြိုးကို ဖြုတ်နေစဉ် လုံခြုံရေးယူထားသည့် ခြေမြန်တပ်ရင်း (ခမရ-၅၄၀) မှ စစ်သားများက ခေါ်ယူ စစ်ဆေးစဉ် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာ ပြင်းထန်သည့် အတွက် မြောက်ဦးမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ဇူလိုင် ၂၄ ရက် ညနေတွင် ကွယ်လွန် သွားကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။

ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ ပိုများလာဖွယ်ရှိ


လှေစီးပြီး ခိုးဝင်လာသော ရိုဟင်ဂျာများကို ထိုင်းရေတပ်က ဖမ်းဆီးထားစဉ် (ဓာတ်ပုံ – Phuket Gazette)
လွန်ခဲ့တဲ့ နှစ်တွေအတွင်း အထူးသဖြင့် ပင်လယ်မှာ မိုးလေငြိမ်တဲ့ ဆောင်းနဲ့ နွေကာလတွေဆို ဘင်္ဂလားဒေ့ရှ် က လူသယ်သူတွေရဲ့ လှေတွေနဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်ရှာဖွေဖို့နဲ့  ရတဲ့ငွေကို အိမ်ကမိသားစုတွေဆီ ပြန်ပို့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းတို့၊ မလေးရှားတို့ကို ခိုးဝင်တတ်ကြတယ်။
အခုတော့ မိန်းမနဲ့ ကလေးတွေပါ လှေပေါ်တင်ခေါ်လာဖို့ ကြံရွယ်နေကြပါပြီ။ “ကျနော့် ညီတွေရော၊ ကျနော့် မိန်းမရော၊ ကလေး ၅ ယောက်စလုံးပါ ထိုင်းကို လှေနဲ့ထွက်ဖို့ ပြင်နေတယ်။ နောက်ဆုံး မလေးရှားမှာတော့ နေစရာတခု ရှာတွေ့မယ်လို့  မျှော်လင့်တာပဲ” လို့ ရခိုင်ပြည် မောင်တောက အထည်ကုန်သည်  ကိုဖိုင်ဇူလာက ဂျာမန်သတင်းဌာန Deutsche Welle ကို တယ်လီဖုန်းက တဆင့် ပြောပါတယ်။

NLD အမတ် ၂ ဦး လွှတ်တော်တွင် သတိပေးခံရ


အစိုးရသစ် လက်ထက် ကျင်းပနေတဲ့ လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ၂ ဦး၏ ဆွေးနွေးချက်များကို ထောက်ပြ၍ လွှတ်တော်တွင်း သက်ဆိုင်ရာကိုသာ ဆွေးနွေးကြရန် ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့သည်။
NLD ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်နှင့် ဦးမင်းသူတို့က ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုကို ထောက်ခံ ဆွေးနွေးရာ မဆိုင်သည့် အချက်များ မဆွေးနွေးရန် ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌက သတိပေးခြင်း ဖြစ်သည်။

အခုတော့ ရှင်းသွားပြီ


ဓာတ်ပုံ- The Telegraph 

မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအမ်ဟာ ဟိုတလောက လူမြင်ကွင်း ပွဲတက်လာတော့ သူ့ဘေးက မိန်းကလေးနဲ့ပတ်သက်ပြီး လူတွေ ဝေဖန်ခန့်မှန်းပြောဆိုမှုတွေ အခုတော့ အဆုံးသတ်သွားပါပြီ။

သူကြွယ်ကြီး George Soros ရဲ့ အတွေးအမြင်



George Soros ဆိုတဲ့ ပုဂ္ဂိုလ်ကိုတော့ သိကြမှာပါ။ မကြာသေးမီ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က သူ့မိသားစုနဲ့ အတူ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့တယ်။ ကမ္ဘာ့နိုင်ငံရေးလောကမှာတော့ သူ့ကို ဒီမိုကရေစီ ထွန်းကားရေး အားပေးအားမြှောက် လုပ်ပေးသူလို့ သိထားကြတယ်။

ဒါပေမယ့် သူတကယ် ကျွမ်းကျွမ်းကျင်ကျင် ကျင်လည်ကျက်စားတဲ့ နယ်ပယ်က ငွေကြေး ဘဏ္ဍာလောက ဖြစ်ပါတယ်။ သူ့ကို ရင်းနှီး မြှုပ်နှံသူရဲ့ ရင်းနှီးမြှုပ်နှံသူ Investor's Investor လို့တောင် ခေါ်ကြတယ်။ ဒီလိုခေါ်ကြတဲ့ အကြောင်းကလဲရှိတယ်။

ကချင် ငြိမ်းချမ်းရေး ဆန္ဒပြမည့် အစီအစဉ် ရပ်ဆိုင်းလိုက်ရ

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ်၊ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးများ ဦးဆောင်၍ မြစ်ကြီးနားမြို့တွင်
ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး လိုလား
ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့မှာ အဆိုပါ ကချင် အမျိုးသမီးများက လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည်မှု စီစဉ်ထားခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“တကယ့် မိခင်ရင်း စိတ်ဓါတ်နဲ့ ဘာပဲဖြစ်ဖြစ် ကျမတို့ ထွက်မလို့ပဲ။ သိတဲ့အတိုင်း ကျမတို့ကို သတင်းအမျိုးမျိုး ပြောနေ
ကြလို့။ ကျမတို့က မျိုးချစ်စိတ်ဓါတ် မရှိလို့ ပြောင်းပြန် လုပ်သလိုလို ပြောနေကြတယ်။ ကျမတို့က ပင်လုံကတိ တည်ပါစေဆိုတာမျိုးတွေ ထပ်တောင်းဆိုဖို့ စီစဉ်ထားတာကို ခုတော့ သတင်းဗြောင်းပြန်ဖြစ်လို့ ရပ်ထားလိုက်တာ” ဟု ဒေါ်ဂျာခေါန်က ပြောသည်။

“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး

ရန်ကုန် (မဇ္ဈိမ) ။       ။ တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေးစဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။

ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် တောင်သူလယ်သမားအရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက
ဆွေးနွေးမှုအတွင်း ထိုသို့ ပြောသွားခြင်း ဖြစ်သည်။

တွေ့ဆုံ ဆွေးနွေးရန် အစိုးရအား KIO ထပ်မံ အဆိုပြု

ရွှေဟင်္သာ သတင်းဌာန
ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO/KIA သည် အပစ်အခတ် ရပ်စဲရေး ကိစ္စကို တရုတ်ပြည် ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေး သင့်သည်ဟု အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့အား ထပ်မံ အဆိုပြုထားကြောင်း ပြောရေးဆို ခွင့်ရှိ ဆလန်လဘာလနန်း (ဦးလာနန်း) က ယနေ့ မနက်ပိုင်းတွင် ရွှေဟင်္သာ သတင်းဌာနအား ထုတ်ဖော် ပြောကြားခဲ့ပါ သည်။
အစိုးရနှင့် KIA တွေ့ဆုံစဉ် (ဓါတ်ပုံ - အင်တာနက်)
အစိုးရနှင့် KIA တွေ့ဆုံစဉ် (ဓါတ်ပုံ - အင်တာနက်)

မြန်မာ အနောက်ဘက် နယ်စပ်ရှိ ရခိုင်ကျေးရွာများ အရေးပေါ် အကူအညီလိုအပ်နေ


ဘင်္ဂလား မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ကမ်းခြေတလျှောက်ရှိ ရခိုင်ကျေးရွာတချို့တွင် စားဝတ် နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။
ယခုကဲ့သို့ အရေးပေါ်အကူအညီလိုအပ်နေသည့်အကြောင်းကို မောင်တောမြို့မှ စေတနာ့ဝန်ထမ်း လုပ်ဆောင် နေသည့် ကိုနိုင်အောင်က ယခုကဲ့သို့ ပြောသည်။

Bangladesh Website ၂၀ ခန့်ကို ယနေ့ည ၉နာရီ၅၈မိနစ်က တိုက်ခိုက် ရရှိခဲ့ကြောင်း Blink Hacker Group (http://www.blinkhackergroup.org/ မှ ထုတ်ပြန်လိုက်သည်။


Paypack as we promised!

You may hack one of Myanmar site (which server is weak, got many time hacked already and abandoned by admin), but following is just a payback from Myanmar Hackers, just 20 sites... Oh yes! 20 BD sites for payback of 1 site hacked! 
http://www.cabinet.gov.bd/
http://www.zone-hack.com/mirror/id/86556

လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနဲ့ မေးမြန်းချက်




မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် တန်းတူ အခွင့်အရေး အပြည့်အ၀ရရှိဖို့ လိုနေသေးတယ်လို့ နေပြည်တော် ပုပ္ဗသီရီ မဲဆန္ဒနယ်မြေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိလွှတ်တော်မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေဟာ အရင်ကလို အာဏာပိုင်တွေက တင်မြှောက်တဲ့ သူတွေမဟုတ်ဘဲ လူထုကိုယ်တိုင် မဲဆန္ဒတွေနဲ့ ရွေးချယ် တင်မြှောက်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ ဆိုရင် ကျွမ်းကျင်မှု အလိုက် ဆွေးနွေးတင်ပြနိုင်တယ်လို့ ဆိုပါတယ်။

အထက်ပေါင်းလောင်ဆည် ရေကာတာစီမံကိန်းကြောင့် နစ်နာသူ များပြား...





အထက်ပေါင်းလောင်းဆည် စီမံကိန်းပြီးစီးတော့မှာဖြစ်ပေမယ့် ဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမယ့် ရွာပေါင်း ၂၃ ရွာက
ဒေသခံပြည်သူ ၈၀၀၀ (ရှစ်ထောင်) ကျော်ကတော့ လုပ်ကိုင် စားစရာမြေနေရာတွေ မရရှိသေးသလို ဆုံးရှုံးရမည့် သူတို့ရဲ့ ဥယာဉ်ခြံမြေတွေ အတွက်လည်း နစ်နာကြေးတွေ မရရှိကြဘူးလို့ သိရပါတယ်။

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ 

အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan (TTP) အဖွဲ့မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။