မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအမ်ဟာ ဟိုတလောက လူမြင်ကွင်း ပွဲတက်လာတော့ သူ့ဘေးက မိန်းကလေးနဲ့ပတ်သက်ပြီး လူတွေ ဝေဖန်ခန့်မှန်းပြောဆိုမှုတွေ အခုတော့ အဆုံးသတ်သွားပါပြီ။

မြောက်ကိုရီးယား ရဲ့ နိုင်ငံပိုင် ရေဒီယိုကနေ အပန်းဖြေစခန်း တခု ဖွင့်ပွဲကို ကင်ဂျုံအမ်နဲ့ ဇနီးသည် Ri Sol-ju တို့ အတူ တက်ရောက်ပါတယ်လို့ ကြေညာခဲ့ပါပြီ။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အိမ်ထောင်ရေး နဲ့ပတ်သက်ပြီး အတိအလင်း လူသိရှင်ကြား ပြောဆိုမှုအရင် က မရှိခဲ့ပါဘူး။ ဆံပင် တိုတို သေသေသပ်သပ်နဲ့ ၀တ်စားထားတဲ့ ကင်ဂျုံအမ်ရဲ့ ဇနီးသည်ဟာ တကယ့်တော့ သူနဲ့ ငယ်ရည်းစား တယောက်လည်းဖြစ်ပါတယ်တဲ့။
ဖခင် ခေါင်းဆောင်ကြီး ရှိစဉ်က သဘောမတူ ခဲ့လို့ ဝေးခဲ့ရတာကို အခုမှ ပြန်ပေါင်းထုတ်နိုင်ကြတာလို့ သတင်းတွေ က ဆိုနေပါတယ်။
တကယ်တော့ မြောက်ကိုရီးယားဟာ အမြဲပဲ ပိတ်ဆို့ထားတဲ့နိုင်ငံဖြစ်တော့ ဘာမဆို မရှင်းမရှင်း ဖြစ်လေ့ရှိပါ တယ်။ ဒါကြောင့်ပဲ အခုလို နိုင်ငံခေါင်းဆောင်ရဲ့ အိမ်ထောင်ရေးကိစ္စဟာ သတင်းဖြစ်နေတာပါ။
မရှင်းမရှင်းတဲ့ နိုင်ငံတွေမှာ ဒါမျိုးတွေ သတင်းဖြစ်တဲ့သဘောပါဘဲ။


No comments:
Post a Comment