Mr.Tomas Ojea Quintana သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာနေကိုယ်စားလှယ် Mr.Ramesh M.Shrestha နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဗဟိုအကျဉ်းထောင်(အင်းစိန်) သို့ ရောက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက သိလိုသည်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသည်။ ထို့နောက် Mr.Tomas Ojea Quintana သည် ဗဟိုအကျဉ်းထောင်(အင်းစိန်)ရှိ အချုပ်ကျနေသူ မြနန္ဒာအောင်၊ အကျဉ်းသား ဦးခေမာစာရ(ခ) ချမ်းသာနှင့် မောင်အောင်နိုင်တို့အား လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံမေးမြန်းသည်။ ထို့နောက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် အကျဉ်းသား ဖြိုးဝေအောင်အား တွေ့ဆုံမေးမြန်းကာ အမျိုးသမီး ဆေးကုသဆောင်ကို လှည့်လည်ကြည့်ရှု လေ့လာသည်။ ယင်းနောက် Mr.Tomas Ojea Quintana သည် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ဧရာဝတီခန်းမ၌ နိုင်ငံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တွေ့ဆုံခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
လူကြိုက်အများဆုံး
-
မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊...
-
From : မေသဇင် အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်း...
-
သူရဘွဲ့များရှင် ဦးအောင်သိန်းလင်း “ သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ...
-
မိန်းကလေးတွေ လှချင်ပချင်တာနဲ့ ပတ်သက်ပြီး ဒီခေတ်ကလေးမလေးတွေဟာ အလှဗေဒကို နည်းနည်းတော့ စဉ်းစားကြစေချင်တယ်လို့ ပြောရင် မိန...
-
မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အခ...
Wednesday, August 1, 2012
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana ဗဟိုအကျဉ်းထောင် (အင်းစိန်)နှင့် အင်းစိန် ဆေးရုံတို့၌ လေ့လာ
မြန်မာနိုင်ငံ
လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ
အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana သည် ဇူလိုင် ၂၉ ရက် ညပိုင်းက
လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံရှိ
ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာန ကိုယ်စားလှယ် Mr.Ramesh M.Shrestha
နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

Mr.Tomas Ojea Quintana သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာနေကိုယ်စားလှယ် Mr.Ramesh M.Shrestha နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဗဟိုအကျဉ်းထောင်(အင်းစိန်) သို့ ရောက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက သိလိုသည်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသည်။ ထို့နောက် Mr.Tomas Ojea Quintana သည် ဗဟိုအကျဉ်းထောင်(အင်းစိန်)ရှိ အချုပ်ကျနေသူ မြနန္ဒာအောင်၊ အကျဉ်းသား ဦးခေမာစာရ(ခ) ချမ်းသာနှင့် မောင်အောင်နိုင်တို့အား လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံမေးမြန်းသည်။ ထို့နောက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် အကျဉ်းသား ဖြိုးဝေအောင်အား တွေ့ဆုံမေးမြန်းကာ အမျိုးသမီး ဆေးကုသဆောင်ကို လှည့်လည်ကြည့်ရှု လေ့လာသည်။ ယင်းနောက် Mr.Tomas Ojea Quintana သည် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ဧရာဝတီခန်းမ၌ နိုင်ငံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တွေ့ဆုံခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Mr.Tomas Ojea Quintana သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများဆိုင်ရာ ခေတ္တဌာနေကိုယ်စားလှယ် Mr.Ramesh M.Shrestha နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဗဟိုအကျဉ်းထောင်(အင်းစိန်) သို့ ရောက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက သိလိုသည်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသည်။ ထို့နောက် Mr.Tomas Ojea Quintana သည် ဗဟိုအကျဉ်းထောင်(အင်းစိန်)ရှိ အချုပ်ကျနေသူ မြနန္ဒာအောင်၊ အကျဉ်းသား ဦးခေမာစာရ(ခ) ချမ်းသာနှင့် မောင်အောင်နိုင်တို့အား လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံမေးမြန်းသည်။ ထို့နောက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် အကျဉ်းသား ဖြိုးဝေအောင်အား တွေ့ဆုံမေးမြန်းကာ အမျိုးသမီး ဆေးကုသဆောင်ကို လှည့်လည်ကြည့်ရှု လေ့လာသည်။ ယင်းနောက် Mr.Tomas Ojea Quintana သည် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ဧရာဝတီခန်းမ၌ နိုင်ငံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တွေ့ဆုံခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment