“ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု လုံးဝမရှိပါဘူး။ သမ္မတကြီးလည်း ပြောဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ၁၈၂၄ မှာ ပထမအကြိမ် မြန်မာနဲ့ ဗြိတိသျှ စစ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဘက် အခြမ်းလည်းပါဝင်ပြီး ကျွန်ဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ဖို့ပဲဖြစ်စေ ကာယလုပ်သား လိုအပ်ချက်အတွက်ကြောင့် ဖြစ်စေ၊ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တရားမဝင် ဝင်ရောက်လာခဲ့တယ်။ ၁၉၈၃ က ကောက်ခဲ့တဲ့စာရင်းမှာ ရိုဟင်ဂျာဆိုတာ တရားဝင် မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာလျှင် ဖော်ပြထားတာ ရှိတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစု ရှစ်စုပဲရှိတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း စသဖြင့်ပေါ့။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာ ပါကိုမပါခဲ့ပါဘူး။ ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မြန်မာမှာ မရှိခဲ့ပါဘူး။ ၁၉၇၃၊ ၁၉၈၃ စာရင်းတွေမှာရော မရှိခဲ့တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ နိုင်ငံတကာ မီဒီယာနှင့် အွန်လိုင်း မီဒီယာအချို့တွင် ရိုဟင်ဂျာလူမျိုးဟူ၍ အမည်တပ်ကာ ဝါဒဖြန့်မှုများ ရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ နယ်ချဲ့စနစ်ကြောင့်သာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားလိုက်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
လူကြိုက်အများဆုံး
-
မိတ္ထီလာမြို့အတွင်းရှိ ကျောက်ဖြူကုန်းအုပ်စု မြင်တော်ကန်ကျေးရွာမှာ နေထိုင်တဲ့ ကိုနေလင်းပိုင် ယာမြေတွေကို မိတ္ထီ လာမြို့ စည်ပင်သာယာအမှုဆောင်အရ...
-
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်...
-
လာမည့် ဇူလိုင် ၂၈၊ ၂၀၁၂ ခုတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ ငြိမ်းချမ်းရေးကို အကြောင်းပြ၍ ဆန္ဒ ထုတ်ဖေါ်ခြင်း ပြုလုပ်သွားမည်ဟုသိရသည်။...
-
ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်နှင့် အစိုးရတွင်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တွင်လည်း ရှေးရိုးစွဲ အမြင်ရှိသူများ ရှိနေသည်ဟု စင်္က...
-
http://www.planet.com.mm/ မွတ်စလင် ကုလားတစ်ယောက် ဖျက်ဆီးသွားတာလို့ ယူဆရပါတယ်။
Wednesday, August 1, 2012
ရိုဟင်ဂျာလူမျိုးဟူ၍ မြန်မာနိုင်ငံတွင် လုံးဝမရှိကြောင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း မပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား
မြန်မာနိုင်ငံတွင်
ရိုဟင်ဂျာလူမျိုးဟူ၍ လုံးဝမရှိပါကြောင်းနှင့် တိုင်းရင်းသားလူမျိုး ၁၃၅
မျိုးတွင် မပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကုလသမဂ္ဂ
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုမားစ်ကင်တားနား အပါအဝင်
သံအမတ်များ မီဒီယာများကို ပြောကြားလိုက်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍
အင်ဒိုနီးရှား သံအမတ်ကြီးက ကြားသိရသော သတင်းမျိုးစုံအရ ရိုဟင်ဂျာ
ရှိမရှိကို ဝေခွဲမရ ဖြစ်နေရကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများက
ဖြေရှင်းပေးစေလိုကြောင်း ပြောကြားသည်ကို တွေ့ရသည်။
“ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု လုံးဝမရှိပါဘူး။ သမ္မတကြီးလည်း ပြောဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ၁၈၂၄ မှာ ပထမအကြိမ် မြန်မာနဲ့ ဗြိတိသျှ စစ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဘက် အခြမ်းလည်းပါဝင်ပြီး ကျွန်ဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ဖို့ပဲဖြစ်စေ ကာယလုပ်သား လိုအပ်ချက်အတွက်ကြောင့် ဖြစ်စေ၊ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တရားမဝင် ဝင်ရောက်လာခဲ့တယ်။ ၁၉၈၃ က ကောက်ခဲ့တဲ့စာရင်းမှာ ရိုဟင်ဂျာဆိုတာ တရားဝင် မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာလျှင် ဖော်ပြထားတာ ရှိတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစု ရှစ်စုပဲရှိတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း စသဖြင့်ပေါ့။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာ ပါကိုမပါခဲ့ပါဘူး။ ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မြန်မာမှာ မရှိခဲ့ပါဘူး။ ၁၉၇၃၊ ၁၉၈၃ စာရင်းတွေမှာရော မရှိခဲ့တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ နိုင်ငံတကာ မီဒီယာနှင့် အွန်လိုင်း မီဒီယာအချို့တွင် ရိုဟင်ဂျာလူမျိုးဟူ၍ အမည်တပ်ကာ ဝါဒဖြန့်မှုများ ရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ နယ်ချဲ့စနစ်ကြောင့်သာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားလိုက်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
“ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု လုံးဝမရှိပါဘူး။ သမ္မတကြီးလည်း ပြောဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ၁၈၂၄ မှာ ပထမအကြိမ် မြန်မာနဲ့ ဗြိတိသျှ စစ်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဘက် အခြမ်းလည်းပါဝင်ပြီး ကျွန်ဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာပဲ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ဖို့ပဲဖြစ်စေ ကာယလုပ်သား လိုအပ်ချက်အတွက်ကြောင့် ဖြစ်စေ၊ တစ်ဖက်နိုင်ငံက ဘင်္ဂါလီတွေ တရားမဝင် ဝင်ရောက်လာခဲ့တယ်။ ၁၉၈၃ က ကောက်ခဲ့တဲ့စာရင်းမှာ ရိုဟင်ဂျာဆိုတာ တရားဝင် မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာလျှင် ဖော်ပြထားတာ ရှိတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစု ရှစ်စုပဲရှိတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း စသဖြင့်ပေါ့။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာ ပါကိုမပါခဲ့ပါဘူး။ ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မြန်မာမှာ မရှိခဲ့ပါဘူး။ ၁၉၇၃၊ ၁၉၈၃ စာရင်းတွေမှာရော မရှိခဲ့တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ နိုင်ငံတကာ မီဒီယာနှင့် အွန်လိုင်း မီဒီယာအချို့တွင် ရိုဟင်ဂျာလူမျိုးဟူ၍ အမည်တပ်ကာ ဝါဒဖြန့်မှုများ ရှိနေပြီး ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ နယ်ချဲ့စနစ်ကြောင့်သာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားလိုက်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment