တုံတာမြို့နယ် (ဇူလိုင် ၂၅ မှ ၂၆) ၄ ပေခန့်
တုံတာမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်ဆင်းချောင်းရေ စီးဆင်းလာရာ တုံတာမြို့နယ်ခွဲအတွင်းရှိ ထွေ/အုပ်ရုံး၊ လ၀ကရုံး၊ မြန်မာ့ဆက်သွယ် ရေးအိပ်ချိန်းများတွင် ရေ၀င်ရောက်ခဲ့ပြီး နမ့်ဆင်းချောင်းကူးတံတား၏ အခန်း(၇)၊ အမှတ်(၁)ရေလယ်တိုင်မှာ တိမ်းစောင်း သွားခဲ့ပြီး ထွေ/အုပ်ရုံး၌ နေထိုင်သော မိသားစု ၂ စုနှင့် ပစ္စည်းများအား မနရ(တုံတာ)သို့ ရွှေ့ပြောင်းထားပြီး တပ်မတော်မှ ဦးစီးအင်အား ၃၀ ဦးခန့်ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်၊ မိုင်းယန်း (ဇူလိုင် ၂၆) ၁ ပေခန့်
မိုးအဆက်မပြတ်ရွာသွန်းပြီး နမ့်ကျန်ချောင်းရေစီးဆင်းမှုကြောင့် မိုင်းယန်းမြို့၊ ဟော်ကန်ရပ်ကွက် အတွင်းရှိ အိမ်ခြေ ၉၀ လုံးအနက် ၅၅ လုံး၊ ရေ ၁ ပေခန့် နစ်မြုပ်လျက်ရှိရာ တပ်မတော်မှဦးစီးအင်အား ၇၅ ဦးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မိုင်းခတ်ရှိ နမ့်လွေတံတားမှာ သံဘောင်နှင့် မျက်နှာပြင် ၅ ပေကွာအထိ မြင့်တက်လာကြောင်း သိရှိရသည်။
မိုင်းခတ် (ဇူလိုင် ၂၇)
မိုးအဆက်အပြတ်ရွာသွန်းပြီး နမ့်လွေတောင်ကျချောင်းရေ စီးဆင်းမှုကြောင့် မိုင်းခတ်ရှိ နမ့်လွေ တံတားသည် မျက်နှာပြင်နှင့် သံဘောင်ထိလျက်ရှိကြောင်း သိရှိရသည်။
ကျိုင်းတုံ (ဇူလိုင် ၂၇) ၄ ပေ ၆ လက်မ
မိုးသည်းထန်စွာရွာသွန်းပြီး နမ့်မလတ်ချောင်းရေလျှံမှုကြောင့် အထက(၅)ကျောင်းတွင် ၂ ပေ ၆ လက်မ၊ အထက(၅)နှင့် မြို့တော်ခန်းမကြားတွင် ၂ ပေ ၆ လက်မ၊ မြို့တော်ခန်းမနှင့် ခွာညိုလမ်းကြားတွင် ၆ လက်မ၊ အမှတ်(၃)ရပ်ကွက် မြို့ပတ်လမ်းတွင် ၄ ပေ ၆ လက်မ နှင့် လူနေအိမ်များတွင် ၁ ပေ ခန့်၊ လွယ်မွေ လမ်းပေါ်ရှိ ဘက်စုံမွေးမြူရေးခြံပေါ်တွင် အလျား ၅၀၀ပေ နှင့် အနက် ၂ ပေ ခန့်၊ ကန်နားလုံနှင့်နောင်ဖာကြားတွင် ၂ ပေ ၃ လက်မခန့် ရေနစ်မြုပ်လျက်ရှိပြီး တပ်မတော်မှအင်အား ၂၀၀ ဦးခန့်နှင့် ဌာနဆိုင်ရာအဖွဲ့များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မိုင်းယု (ဇူလိုင် ၂၆)
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းယုမြို့နယ်ခွဲအတွင်းရှိ မိုင်းဝ ရေအားလျှပ်စစ် စီမံကိန်း နေရာမှ ရေအားမထိန်းနိုင်သဖြင့် ရေကာတာဖွင့်ချခဲ့ရာ ဆွတ်လွေရွာတွင် အိမ်ခြေ ၈ လုံးခန့်နှင့် လူ ၄ ဦး၊ နမ့်မလင်း(အာခါ)ရွာ၊ ၀မ်ဟုတ်ရွာ၊ ၀မ်ရက်ရွာ၊ ၀မ်တပ်ရွာတို့တွင် နေအိမ်/လူ(စိစစ်ဆဲ) ရေမျောပါ သွားခဲ့ကြောင်း သိရှိရပြီး ဌာနဆိုင်ရာများမှ စုစုပေါင်း အင်အား ၁၅၀ ဦးခန့်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ကျိုင်းခင်း ကြိုးတံတားအနီး ဆောက်လုပ်ဆဲ ဟိုတယ်တစ်လုံး ပြိုကျပျက်စီး ခဲ့ကြောင်း သိရှိရသည်။
မြ၀တီ. . .
လူကြိုက်အများဆုံး
-
သူရဘွဲ့များရှင် ဦးအောင်သိန်းလင်း “ သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ...
-
ရခိုင်ပြည်နယ်၊ သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍ တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကျောင်သား(၃)ဦးအားသံတွဲအက...
-
ဟောလီးဝုဒ်၏ လူသိများသော ရွှေရောင်စုံတွဲ တစ်တွဲအဖြစ် အသိအမှတ် ပြုခံထားရသည့် အော်လန်ဒို ဘလွမ်းနှင့် မီရန်ဒါကားရ်တို့၏ ဆက်ဆံရေးသည် အက်ကြောင်းထ...
-
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ သစ်များ တင်ဆောင်လာသော ဘုတ်တစ်စီးကို မြန်မာ့ ရေတပ်က ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်း ဆီး ကာငွေသိန်း ၁၀၀ ...
-
by ဒီမိုဝေယံ ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ အဂတိလိုက်စားမှုတွေ ရှိနေတဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနအကြောင်း တိုင်ကြားစာကို ဖော်ပြလိ...
Monday, July 30, 2012
ကြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တုံတာ၊ မိုင်းခတ်၊ မိုင်းယန်း၊ ကျိုင်းတုံ၊ မိုင်းယုမြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေ၀င်ရောက်မှုဖြစ်စဉ်များ
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment