လူကြိုက်အများဆုံး

Monday, July 30, 2012

ကထန်စခန်းမှ KIA တပ်သားတစ်ဦး အစိုးရတပ်သို့အလင်းဝင်ရောက်

KIAတပ်ရင်း(၆)မှ ရော်ကာအိုင်စခန်းမှာ အလှည့်ကျတာဝန်ထမ်းဆောင်ရတဲ့ KIA တပ်ဖွဲ့ဝင် ဇော်မျိုးထွယ်ဟာ ကထန်စခန်းမှာ နေပြီး အစိုးရတပ်တစ်တပ်သို့ မနေ့မနက် ၁၀နာရီလောက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့သိရသည်။



            တပ်ဖွဲ့ အတွင်းမှာ စားစရာအလုံအလောက်မရှိတဲ့အပြင်ကို အစိုးရတပ်ကိုဘဲလူကြီးတွေက တိုက်ခိုင်းနေပါတယ်။ တိုက်လိုက်တိုင်းလဲ ကျွန်တော်တို့ဘက်က သေတာဘဲ သေတာနည်းတာများတာဘဲရှိတယ် ကျွန်တော်တို့ဆီက လူများပြီး အရည်အချင်းမှ မရှိတော့ သေကြတာပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ကို စစ်ပညာလဲသေချာမသင်ပေး သေနတ်ပေး ပြီးတော့ဘဲတိုက်ခိုင်းနေတာပါ။ တံတားတွေကို မိုင်းခွဲခိုင်း၊ ကချင်အချင်းချင်းကိုလဲသတ်ခိုင်းနေတာပါ။ ငြိမ်းချမ်းရေးကို ဆွေးနွေးမယ်လို့ပြောလိုက်တိုင်း ကျွန်တော်တို့ကို ဘယ်ကိုတိုက်ဖို့ ညာကိုတိုက်ဖို့အမိန့်ကတော့ထွက်လာတော့တာပါဘဲ။ ဒါကြောင့်မို့လို့ စစ်တိုက်ဖို့ စိတ်မပါတဲ့ အပြင် ကချင်လူမျိုးအချင်းချင်းကို ဒုက္ခမပေးချင်လို့ အခုလိုအလင်းဝင်ခဲ့တာလို့ ကိုဇော်မျိုးထွယ်ကပြောသည်။
KDN မှ. . .

No comments:

Post a Comment