
မိတ္ထီလာခရိုင်သာစည်မြို့တွင်(၃၀.၇.၂၀၁၂)
ရက်နေ့တွင်သာစည်မြို့သူ/သားများဘဝမီးဘေး
အန္တရာယ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် သာစည်မြို့နေပြည်သူများမှသာစည်မြို့ပေါ်တွင်
စီတန်းလှည့်လည်ကြွေးကြော်သံများဖြင့်
ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သည့် အဓိကရည်ရွယ်ချက်မှာ
သာစည်မြို့ လယ်ခေါင် (ထိန်ကန်ရပ် အမှတ်-၄)တွင်ရှိသော ကောင်းဇော်ဟိန်း
ဓာတ်ဆီဆိုင်ကို မီးဘေးအန္တရာယ် ကင်းလွတ်ရာ သင့်တော်သည့်နေရာသို့ ရွှေ့ပေးရေးဖြစ်သည်။
ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ လမ်းမကြီးပေါ်တွင်ရှိသည်။
မြို့လည်ခေါင်ရှိ
ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်သည် ဂါလံ(၁၀၀၀၀)ဆန့် ဆီသိုလှောင်ကန်
တစ်ခုရှိပြီး ဆီဆိုင်အနောက်ဘက် ပေ(၂၀) အကွာတွင်လည်း ဂါလံ(၁၅၀၀) ဆန့်
တိုင်ကီ(၆)လုံးဖြင့် လှောင်ကန်များကို ပိုက်ဖြင့် သွယ်တန်းထားသည်။
ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်၏
ဆီသိုလှောင်မှု များပြားလွန်းသောကြောင့် မီးဘေး အန္တရာယ်မှာ မြို့နေ
ပြည်သူများအတွက် အလွန်စိုးရိမ်ဖွယ်ဖြစ်သည်။
ကောင်းဇော်ဟိန်း
ဓာတ်ဆီဆိုင်၏ တောင်ဘက် (၁၅)ပေအကွာတွင် မူလတန်းကြို ကျောင်းတစ်ကျောင်း၊
ဆီဆိုင်အရှေ့ဘက် ပေ(၃၀)အကွာတွင် မြန်မာ့ စီးပွားရေးဘဏ်၊
လူဝင်မှုကြီးကြပ်ရေးရုံး၊ သမဦးစီးမှူးရုံး၊
ဆီဆိုင်အရှေ့မြောက်ဘက်ပေ(၁၀၀)ခန့်အကွာတွင်(၃၃/၁၁)KV(5)MVA
လျှက်စစ်ဓာတ်အားခွဲရုံး၊ဆီဆိုင်အရှေ့ဘက် ပေ(၃၀၀)ခန့် အကွာတွင် သာစည်မြို့ အထက်တန်းကျောင်းတို့ ရှိနေသည်။
လျှက်စစ်ဓာတ်အားခွဲရုံး၊ဆီဆိုင်အရှေ့ဘက် ပေ(၃၀၀)ခန့် အကွာတွင် သာစည်မြို့ အထက်တန်းကျောင်းတို့ ရှိနေသည်။
သာစည်မြို့
လယ်ခေါင်တွင် ဓာတ်ဆီဆိုင် ရှိနေခြင်းသည် မြို့လူထုနှင့် ကျောင်းသားများ၊
ဝန်ထမ်းများ၊ ကလေးသူငယ်များ ဘဝလုံခြုံမှု မရှိသောကြောင့်
ဆီဆိုင်ကိုမြို့ပြင်သို့ ရွှေပေးရေးအတွက် ဒေါ်နွဲ့ယဉ်(ဘ)ဦးချစ်ရင်မှ
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ကို
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့
ဥပဒေနှင့်အညီ တင်ပြလျှောက်ထားခဲ့ရာ ခွင့်ပြုချက်ကို ရရှိခဲ့သည်။
(၃၀.၇.၂၀၁၂)ရက်နေ့
နံနက် (၉း၀၀)မှ(၁၀း၀၀) တွင်လူဦးရေ(၁၀၀) ထက်မပိုဘဲ ပြုလုပ်ရမည်ဖြစ်ပြီး
စတင်စုဝေး လှည့်လည်မည့်နေရာမှာ ဘဏ်ရုံးလမ်းဖြစ်သည်။
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း၌
ကြွေကြော်မည့် ကြွေးကြော်သံများမှာ---
(၁)သာစည်မြို့ သာယာလှပရေး '' ဒို့အရေး ''
(၂)ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ရွှေ့ပြောင်းရေး '' ဒို့အရေး ''
(၃)သာစည်မြို့ ပြာမကျရေး '' ဒို့အရေး ''
(၄)လူထုဆန္ဒ ဖြည့်ဆည်းပေးရေး '' ဒို့အရေး ''
(၅)ကောင်းဇော်ဟိန်း ဆီဆိုင်ရွှေ့ပြောင်းရေး လှုပ်ရှားမှု '' အောင်ရမည် အောင်ရမည် ''
တို့ဖြစ်သည်။
(၃၀.၇.၂၀၁၂)ရက်နေ့ နံနက်(၉း၀၀)တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်မည်ဟု သိရှိရသည်။
(၃၀.၇.၂၀၁၂)ရက်နေ့ နံနက်(၉း၀၀)တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်မည်ဟု သိရှိရသည်။
မှတ်ချက်။ ။ သာစည်မြို့
ပြည်သူ့အကျိုးဆောင် ကွန်ယက် မိသားစုများနှင့် ပြည်သူလူထုကြီးက ပေးပို့လာသော
သတင်းများကို တစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ
(၂၉.၇.၂၀၁၂)
(ဒီမိုဝေယံ)
No comments:
Post a Comment