လူကြိုက်အများဆုံး

Monday, July 30, 2012

အလုပ်သမားသမဂ္ဂဖွဲ့လို့ အလုပ်ထုတ်ခံရ

ADK အထည်ချုပ်ရဲ့ ခုံသမာဓိကောင်စီ ကြားနာမှု မင်္ဂလာဒုံမြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင်လ ၂၇ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။ အထုပ်ခံရတဲ့ အလုပ်သမားအခြေခံအဖွဲ့ အလုပ်အမှုဆောင် ၇ ဦး အဖွဲ့ဝင်နှစ်ဦးနှင့် အလုပ်ရှင်တွေ ကို အလှည့်ကျ တံခါးပိတ်စစ်ဆေးခဲ့ကြသည်။ ဒီကြားနာပွဲသို့ ဖွဲ့စည်းခွင့်ရပြီးတဲ့ သမဂ္ဂအချို့နှင့် လွတ်လပ်သော အလုပ် သမားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီဝင်များ အကျိုးဆောင်ရှေ့နေများမှ အလုပ်အထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေ ဆီကို သွားရောက်အားပေးခဲ့ပါတယ်။

အလုပ်သမားအဖွဲ့ဖွဲ့လို့ အလုပ်အထုတ်ခံရတဲ့ အလုပ်အမှုဆောင်တွေးဟာ အလုပ်သမ မိန်းလေးတွေ ဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ မြို့နယ်ကြားနာစစ်ဆေးတုန်းက အလုပ်သမားအဖွဲ့ဖွဲ့လို့ အလုပ်ထုတ်ပစ်တယ်ဆိုတာ ဟုတ်ပါသလားဟု အလုပ်သ မားကိုယ်စားလှယ် မခိုင်ခိုင်နွယ် (တိုင်ရီ) မှ မေးမြန်းရာ အလုပ်ရှင်ကိုယ်တိုင် အလုပ်သမားအဖွဲ့ဖွဲ့လို့ အလုပ်ထုတ်တာ မှန်ပါသည်ဟု ပြောခဲ့ပေမယ့် ခုံသမာဓိအဖွဲ့က အရေးယူဆုံးဖြတ်ချက်ချတာ မလုပ်တဲ့အတွက်၊ အလုပ်သမားတွေဘက်က ခုံသမာဓိကောင်စီသို့ ထပ်ဆင့်အရေးဆိုလိုက်ကြပါတယ်။
ADK အလုပ်အမှုဆောင်များရဲ့ အခြေအနေမှာ လာမယ့် တနလာင်္ာနေ့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည် နေပါတယ်။
အလုပ်သမား သမဂ္ဂဖွဲ့လို့ အလုပ်ထုတ်ပစ်တဲ့ ADK စက်ရုံးရဲ့ အခြေအနေကို လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီမှ တာဝန်ရှိသူတဦး ပြောပြတာကတော့ …
“ADK အလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့အမှုဟာ သာမန်မဟုတ်ဘူး၊ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာ ပေါ်ထွက်လာနိုင်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်တဲ့အတွက် တရုတ်လူမျိုးပိုင် အဲဒီစက်ရုံပိုင်ရှင်ကို အထူးသတိ ပေးဖို့ လိုပါတယ်။ ဒီစက်ရုံဟာ နှစ်ကြိမ်တိတိ ဖယ်ရီကားမှောက်ခဲ့ဖူးတယ်။ ဒုတိယအကြိမ်ကားမှောက်တုန်းက သွား ပြီးကူညီပေးခဲ့တယ်။ အလုပ်သမားအခွင့်အရေးကို အင်မတန်ချိုးဖောက်တဲ့ မတရားမှုတွေနဲ့ ပြည့်နှက်နေတဲ့ စက်ရုံဖြစ်ပါ တယ်။ ဟုတ်မဟုတ်ကို အစိုးရဘက်က တာဝန်ရှိသူတွေအနေနဲ့ စက်ရုံဆင်းချိန် ကားဖယ်ရီနဲ့ အလုပ်သမားတွေကို ဘယ် လို ဘယ်ပုံ သယ်ယူပို့ဆောင်နေတယ်ဆိုတာ လေ့လာကြည့်ကြပါ။”
ADK အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အလုပ်သမားအဖွဲ့ဖွဲ့လို့ အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံရတယ်ဆိုတဲ့အ တွက် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို အလုပ်သမားအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ စုရုံးရောက်ရှိခဲ့ပြီး အလုပ်သမားများကို အားပေးခဲ့ကြတယ်။
NayThit. . . . . 

No comments:

Post a Comment