စစ်တွေ (မဇ္ဈိမ)။ ။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အနေဖြင့်
ရခိုင်ပါတီများ ပူးပေါင်းရေး ညှိနှိုင်းနိုင်ရန် အသင့်ပြင်ဆင်ထားပြီး
ဖြစ်ကြောင်း ဇူလိုင် ၂၇ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ပါတီဌာနချုပ်
ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ပါတီ် ထိပ်ပိုင်းခေါင်းဆောင်တဦးက သတင်းထောက်များ အား ပြောကြားလိုက်သည်။
ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)တို့ ပူးပေါင်းရေးကိစ္စကို ရခိုင်ပြည်သူများ
မျှော်လင့်နေချိန်တွင် ALD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦထွန်းညို က ယခုကဲ့သို့ ထုတ်ဖော်
ပြောဆိုလိုက်ခင်း ဖြစ်သည်။
“ရိုးသား မှန်ကန်မယ်ဆိုရင် အမြဲတမ်း ဆွေးနွေးနိုင်ပါတယ်။ ကျနော်တို့ရဲ့မူ သဘောထားကို လက်ခံမယ်ဆိုရင်
ပေါင်းစည်းဖို
့ဝန်မလေးပါဘူး။ ပါတီတရပ်အနေနဲ့ ကျနော်တို့က မူနဲ့အညီ ရပ်တည်နေရတာမို့လို့
မူသဘောထား မကိုက်ညီဘူးဆိုရင်တော့ ပေါင်းစည်းဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
မူသဘောထားတွေကို လက်ခံမယ်ဆိုရင် အမြဲတမ်း ဆွေးနွေးပြီးတော့
ပူးပေါင်းသွားဖို့ အဆင်သင့် ရှိပါတယ်” ဟု ဦးထွန်းညို က ပြောသည်။
ဒီမိုကရေစီရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသည့် ပြည်နယ် ပေါ်ပေါက်ရေး၊ အရာရာတွင်
ပြည်နယ်အစိုးရက
ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး ဟူသော
မူ ငါးရပ်ကို ဆက်လက်စွဲကိုင်ထားကြောင်း သူက ရှင်းပြသည်။
“ပထမပိုင်းမှာတော့
ကျနော်တို့ပါတီ မှတ်ပုံတင်မကျခင်မှာ RNDP က ညှိနှိုင်းဆွေးနွေးဖို့
ကမ်းလှမ်းတာ ရှိခဲ့ပါတယ်။ မှတ်ပုံတင်ကျပြီး ဒီဘက်ကာလမှာ ဆွေးနွေးနိုင်ဖို့
ကျနော်တို့ပါတီက ဗဟိုကော်မတီ ငါးဦး အသင့်ပြင်
ထားတယ်။ ဆွေးနွေးဖို့လည်း
ကမ်းလှမ်းထားတာ ရှိတယ်။ ဒီကနေ့အထိ သူတို့ဘက်က ဆက်သွယ် လာတာမျိုး
မရှိသေးပါဘူး။ ရိုးသားမှန်ကန်တဲ့ ဆွေးနွေးမှုမျိုး အမှန်တကယ် လက်တွေ့
လုပ်ချင်တယ် ဆိုရင်တော့ ပါတီကိုယ်စားပြု
လေးငါးယောက်လောက် တွေ့ပြီးတော့ ဆွေးနွေးမှုကို စလို့ ရတာပဲ။ ပါတီကို ကိုယ်စားပြုတဲ့
ဆွေးနွေးမှုမျိုးတော့ ဖြစ်ရမှာပေါ့ဗျာ” ဟု ဦထွန်းညိုက ALD ၏ သဘောထားကို ပြောသည်။
ပါတီနှစ်ခု ပူးပေါင်းရေးအစီအစဉ်နှင့် စပ်လျဉ်း၍ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုး အား မေးမြန်းရာ ၎င်းတို့
ပါတီအနေဖြင့် ALD ပါတီ ထပ်မံမှတ်ပုံမတင်မီ ကတည်းကပင် ပူးပေါင်းရေးအတွက် ညှိနှိုင်း ဆွေးနွေးရေး
ကော်မတီတရပ်
ဖွဲ့စည်းပြီး ALD နှင့် ဆွေးနွေးရန် ကမ်းလှမ်းထားခဲ့ကြောင်း၊ ယခုလည်း
ယင်းမူအတိုင်းပင် ဆက်လက် ရပ်တည်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊
ပူးပေါင်းရေး ဆိုသည်မှာ ပါးစပ်က ပြောနေရုံနှင့် ပြီးပြည့်စုံမှာ မဟုတ်ဘဲ
လက်တွေ့ကျကျ လုပ်ဆောင်မှသာ ပြီးမြောက်အောင်မြင်နိုင်မှာဖြစ်ကြောင်း
ပြန်လည်ဖြေကြားသွားခဲ့သည်။
RNDP မှာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၃၅ နေရာ အနိုင်ရရှိခဲ့သော
နိုင်ငံရေးပါတီဖြစ်သလို
ALD မှာလည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၁၁ ဖြင့်
အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး စစ်အစိုးရ၏ တဖက်သတ်
ပါတီဖျက်သိမ်းခြင်းကို ခံရကာ ၂၀၁၂ ခုနှစ်၊ မေလတွင်မှ ပါတီ
ပြန်မှတ်ပုံတင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်သူ အများစုက
ထိုနှစ်ပါတီအား ရခိုင်လူမျိုးများ၏ အကျိုးစီပွားကို ပိုမိုထိရောက်စွာ
ဆောင်ရွက်နိုင်မည့် ရခိုင်အမျိုးသား ပါတီကြီးတရပ်အဖြစ် အတူတကွ
ပူးပေါင်းဆောင်ရွက်ကြရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
လူကြိုက်အများဆုံး
-
https://www.facebook.com/aungmyo.tun.52
-
ကချင်ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာနှင့် အဖွဲ့ဝင်တွေဟာ မနေ့ကမြစ်ကြီးနားကနေ ဗန်းမော်ကို ရောက်လာခဲ့ပါတယ်။ ၎င်းအဖွဲ့ဟာ မနေ့ညနေပိုင်းက ဗန်းမော်မြို့၊...
-
အစိုးရတပ်နဲ့ KIO/KIA တို့ကြားစစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့တာ လွန်ခဲ့တဲ့နှစ် ဇွန်လ(၉)ရက်နေ့မှ အခုထိတိုက် နေတုန်းပါဘဲ။ ဒီလကုန်ဆိုရင် ၁၃လတေ...
-
ဝါရှောင်-ဆဒုံး-ကန်ပိုက်တီး ကားလမ်းပေါ်မှာရှိတဲ့ လနချောင်းကြိုးတံတားကို KIA ကချင်လက်နက်ကိုင် အဖွဲ့က နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲပြီး လူ/ယ...
-
ကချင်ပြည်နယ်မှာ ဇူလိုင်လကုန်ပိုင်းလောက်အထိ မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွား လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့က...
Monday, July 30, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment