လွန်ခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် သမ္မတ
ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ
ခိုးဝင်လာတဲ့ ဘင်္ဂလီမူဆလင်များကို လက်ခံရန်ဘယ်တော့မှ မဖြစ်နိုင်ကြောင်း
ပြောလိုက်သောစကားကို ရခိုင်ပြည်သူလူထုက
တခဲနက်အားပေးထောက်ခံကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။
“ သမ္မတက ဘင်္ဂလီမူဆလင်တွေကို လက်မခံလို့ ပြောလိုက်တဲ့စကားကို
ကျနော်တို့ ရခိုင်ပြည်သူလူထုက အားရဝမ်းသာနဲ့ကြိုဆိုပါတယ်။ ဒါကြောင့်
ဒီနေ့တွင် ကျနော်တို့ စစ်တွေမြို့မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေက
အိမ်တိုင်းလိုလိုမှာ မြန်မာနိုင်ငံအလံကို လွှင့်ထူထားကြပါတယ်။
လူများသွားလာနေတဲ့ စက်ဘီး၊ ဆိုင်ကယ်၊ ကားတွေမှာလည်း
မြန်မာနိုင်ငံတော်အလံကို လွှင့်ထူပြီး ကိုင်ဆောင်သွားလာနေကြပါတယ်။ ” စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းခန့်က ယခုကဲ့သို့ ပြောသည်။
ဆက်လက်ပြီး “ ကျနော်ကတော့ သမ္မတကြီးကို အရမ်းကျေးဇူးတင်ကြောင်း
ပြောချင်ပါတယ်။ သမ္မတကြီးက အခုလို ဘင်္ဂလီမူဆလင်တွေကို
လက်မခံဘူးလို့ပြောလိုက်တဲ့အတွက် ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေသာမက
အခြားမြန်မာတိုင်းရင်းသားတွေအတွက်ပါ ဝမ်းမြောက်စရာတစ်ခု ဖြစ်ပါတယ်။ ” ဟု သူ့ရဲ့ခံစားချက်ကို အခုလို ဆိုသည်။
UNHCR ရဲ့ အကြီးအကဲဖြစ်သူ Antonio Guterres နှင့် မြန်မာနိုင်ငံတော် သမ္မတ
ဦးသိန်းစိန် တွေ့ဆုံရာမှ ထွက်ပေါ်လာသော သမ္မတ ဦးသိန်းစိန်ပြောသည့်
ဘင်္ဂလီမူဆလင်များကို ဘယ်တော့မှလက်မခံဘူးဆိုတဲ့စကားနှင့် သူတို့ကို
တတိယနိုင်ငံသို့ ပေးပို့ရန် UNHCR အကြီးအကဲထံတွင် တောင်းဆိုသောစကားကို
ရခိုင်ပြည်သူလူထုများသာမက အခြားမြန်မာတိုင်းရင်းသားများကပါ
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြောင်းကိုလည်း သိရှိရသည်။
လူကြိုက်အများဆုံး
-
ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တွေ့ဆုံလျက်ရှိနေပြီး အဆို...
-
ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့မှစတင်ပြီး သောင်းကျန်းသူများက အကြမ်းဖက်တိုက်ခိုက်မှုများကြော င့် ဒေသခံ ရခိုင်ပြည်သူများ၏ လုံခြုံရေး၊ ...
-
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဖို့ ရှိနေပြီး တိုင်းပြည်တည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ ၈၈ မျိုးဆက် ကျောင...
-
မြန်မာနိုင်ငံသည်ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေခြင်းကြောင့် သွားရောက်မည့်သူများ တိုးတက်လာရန် မျှော်မှန်းထားသောကြောင့် ထိုင်ဝမ်၏ EVA...
-
ကချင်ပြည်နယ် လွယ်ဂျယ် မျက်နှာချင်းဆိုင် တရုတ်နယ်စပ်အထဲ လားယိန်းရှိ ကချင်စစ်ပြေးဒုက္ခသည်များ။ တရုတ်-မြန်မာနယ်စပ် ဗန်းမော်ခရိုင် မန်ဝိန်းမြ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment