HFMD (Hand, Foot and Mouth Disease) ရောဂါတစ်မျိုး ထိန်းချိုပ်ရန်အတွက်
နယ်စပ်မှ ၀င်ရောက်လာသော မြန်မာနိုင်ငံ သားများကို ထိုင်းအာဏာပိုင်များ က
ယခုရက်ပိုင်းအတွင်း အထူး ကြပ်မတ် ကျန်းမာရေးစစ်ဆေးမှု တွေ
လုပ်ဆောင်နေတယ်လို့ သတင်းရရှိပါသည်။
၎င်းရောဂါလက္ခဏာသည် အသက်(၁၂)နှစ်အောက် ကိုယ်ခံ အားနည်းသောကလေးများတွင်
အဖြစ်များပြီး၊ ပါးစပ်၊ လက်နှင့် ခြေထောက်များတွင် မီးလောင်ဖု လို
အရည်ကြည်ဖုများပေါက်ကာ အသားတွေရိတတ်ကြောင်းကို ထိုင်းကျန်းမာရေး
ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မဲဆောက်- မြ၀တီ ချစ်ကြည်ရေး တံတားဂိတ် မှ
ထိုင်းနိုင်ငံတွင်းသို့ ၀င်ရောက် လာသည့် မြန်မာနိုင်ငံသားများကို
ထိုင်းကျန်းမာရေးဌာန တာဝန်ရှိ သူတွေက အပူချိန်တိုင်း၍ ရောဂါ
ဖြစ်ပွားနိုင်သည့် လက္ခဏာအခြေ အနေရှိမရှိ စစ်ဆေးဆောင်ရွက် ခြင်းများ
လုပ်ဆောင်နေကြောင်း ကို နယ်စပ်ချစ်ကြည်ရေး တံတား ဂိတ်မှ
ထိုင်းဝန်ထမ်းအမျိုးသမီး တစ်ဦးက ပြောကြားသွားခဲ့သည်။
““ဒီရောဂါပိုးဟာ ကိုယ်ခံ အားနည်းတဲ့ လူတွေကိုပဲ ကူးစက် နိုင်တယ်။ ၁၂
နှစ်အောက်ကလေး ငယ်တွေဆိုရင်တော့ ဒီရောဂါကူး စက်မှုဟာ သာမာန်ဖြစ်စဉ်တစ်ခု
ပါပဲ””ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်း မာရေး ၀န်ကြီးဌာနရောဂါထိန်း ချုပ်ရေး
ဌာနခွဲ၏ ဒါရိုက်တာ Pornthep Siriwanarangsan က ဘန်ကောက်ပို့စ် သတင်းစာသို့
ပြောကြားသွားခဲ့သည်။
ချစ်ကြည်ရေးတံတားဂိတ်တွင်HFMD ရာဂါဖြစ်နေသူဟု ထင် ရသည့် အသက်(၂)နှစ်အရွယ်
မြန်မာကလေးငယ်တစ်ဦးကိုထိုင်း အာဏာပိုင်များက မဲဆောက်
ဆေးရုံကြီးသို့ပို့ဆောင်ပြီး ယင်း ရောဂါအခြေအနေကို စောင့် ကြည့်နေကြသည်။
ယခုလဇူလိုင် (၁၃)ရက်မှစတင်၍ (၄)ရက်ကြာ ၀င်ထွက်သွားလာနေသည့်ကလေး
ငယ်စုစုပေါင်း (၁၇၀)ကိုစစ်ဆေး ခဲ့ပြီးနောက် ယင်းကလေးငယ်ကို
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘက်မှလာသော သတင်းများအ ရ
သိရှိခဲ့ရသည်။
လူကြိုက်အများဆုံး
-
မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊...
-
ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။ ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တ...
-
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana သည် ဇူလိုင် ၂၉ ရက် ညပိုင်...
-
ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူး ခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာ တစ်ခုကို ကျွန်တော်ပြန် အမှတ်ရမိပါ...
-
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ လုံးဝမရှိပါကြောင်းနှင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်...
Sunday, July 22, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment