လူကြိုက်အများဆုံး

Sunday, July 22, 2012

ငြိမ်းချမ်းရေး ယူရမည်ကို ကြောက်လန့်နေသော KIAခေါင်းဆောင်များ

လိုင်ဇာ  ဇူလိုင် ၂၂
          ကချင်ပြည်နယ်မှာရှိကြတဲ့ ဒေသခံပြည်သူတွေက အခြားပြည်နယ်လို ငြိမ်းချမ်းရေး ရချင်နေကြပါတယ်။ ငြိမ်းချမ်းရေးရရှိမှသာ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းပညာသင်ကြားနိုင်မှာဖြစ်လို့ အစိုးရနဲ့ KIAတပ်ဖွဲ့တွေ ငြိမ်းချမ်းရေးယူမယ့်သတင်းကိုမျှော်လင့် တောင့်တနေကြပါတယ်။ KIA ဗဟိုဌာနချုပ်တည်ရှိတဲ့ လိုင်ဇာမှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့လဲ ငြိမ်းချမ်းရေးကို ပိုပြီးမျှော်လင့်နေကြပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်တကြီး စောင့်စားနေကြတဲ့ သူတွေအတွက် အခုအခါမှာတော့ ငြိမ်းချမ်းရေးယူရမှာကို ကြောက်လန့်နေတဲ့ KIA ခေါင်းဆောင်တွေကြောင့် ကချင်ပြည်နယ်ကြီးမှာ ဒုက္ခတွေ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။
          လက်ရှိအခြေအနေမှာတော့ KIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သူတို့ရဲ့ လက်အောက်ခံတပ်တွေ၊ ဒေသခံတွေကို သတင်းအမှားတွေ ပြောပြနေပြီး ငြိမ်းချမ်းရေးပျက်ပြားဖို့ ကြိုးစားနေကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာနှစ်ဦးနှစ်ဘက် ရိုးသားပွင့်လင်းစွာ ပြောဆိုဆွေးနွေးကြမယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူး။ KNU တပ်ဖွဲ့တွေ SSA တပ်ဖွဲ့တွေနဲ့ တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်တော်တော်များများ အစိုးရနဲ့ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူထားတာ လက်တွေ့ဖြစ်ရပ်တွေပါပဲ။ ဒီလိုမျိုးငြိမ်းချမ်းရေး ရယူနိုင်တဲ့အပေါ်မှာ ကမ္ဘာအရပ်ရပ်က ကြိုဆိုထောက်ခံနေတာလဲ အမြင်အတွေ့ဖြစ်ပါတယ်။
          KIA အနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုငဲ့ကွက်ပြီး ငြိမ်းချမ်းရေးယူသင့်ပါလျက် မယူဘဲ နေတာဟာ KIA ခေါင်းဆောင် ပိုင်းရဲ့ အကျိုးစီးပွားတွေ လျော့နည်းသွားမှာ စိုးရိမ်လို့ဆိုတဲ့ အချက်ကလွှဲလို့ ဘာမှ မဖြစ်နိုင်ပါဘူး။ ဒါတွေကိုမှန်ကန်ကြောင်း အခုအခါမှာတော့ KIA ခေါင်းဆောင်တွေက သက်သေပြနေပါတယ်။ သူတို့ရဲ့ ဟောပြောချက်တွေထဲမှာ… ငြိမ်းချမ်းရေးဆိုတာ ဘုရားသခင်မှလွဲ၍ မည်သူမျှပေးနိုင်မည်မဟုတ်၊ ဘုရားသခင်၏တရားသောစစ်ပွဲကို မိမိတို့ဆင်နွှဲ နေရသည်ဖြစ်၍  ထာဝရငြိမ်းချမ်းရေးကို ဘုရားသခင်ထံသို့သာ ဆုတောင်းကြရန်..လို့ လှုံ့ဆော်ထားတဲ့အပြင် KIAတပ်ဖွဲ့ဝင်အားလုံး ကျောပိုးအိတ်ရိက္ခာအပြည့်အစုံဖြည့်၍ တိုက်ပွဲဝင်ရန်၊ အချက်အခြာကျတဲ့နေရာတွေမှာ ယခင်ကထက်မိုင်းများထောင်ထားရန် တပ်တွေကိုညွှန်ကြားထားပါတယ်။
          သိပ္ပံပညာရပ်တွေ အံ့သြဖွယ်ကောင်းအောင်ထွန်းကားနေတဲ့ ခေတ်ကြီးထဲမှာ ငြိမ်းချမ်းရေးဆိုသည်မှာ ဘုရား သခင်မှလွှဲ၍ မည်သူမျှပေးနိုင်မည်မဟုတ် ဆိုတဲ့ စကားနဲ့ လှည့်ဖျားနေတာကို ကြည့်ရင် KIA ခေါင်းဆောင်တွေ အနေနဲ့ ငြိမ်းချမ်းရေးဘယ်တော့မှ မယူတော့ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒါ့အပြင် KIA ခေါင်းဆောင်တွေ အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ လိုက်လျောမှုပြုပြီး ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်မယ်ဆိုပြီး သတင်းတွေ လွှင့်ထားပြန်ပါတယ်။ လိုင်ဇာမှာရှိတဲ့ KIA အရာရှိတစ်ဦးကတော့ သူတို့KIA/KIO ခေါင်းဆောင်ကြီးတွေအနေနဲ့ လူမြင်ကောင်းအောင် ဆွေးနွေးပွဲတွေ လုပ်ပေမယ့် ဘယ်တော့မှ ငြိမ်းချမ်းရေးယူမှာမဟုတ်ဘူးဆိုတဲ့ မူဝါဒ ချမှတ်ထား တဲ့အတွက် အစိုးရက ဘယ်လောက်လိုက်လျောလိုက်လျော ငြိမ်းချမ်းရေးဆိုတာ စားပွဲဝိုင်း ဆွေးနွေးပွဲမှာပဲ ရှိနေမယ် လို့ပြော ဆိုပါတယ်။
http://kachindailynews.blogspot.com မှကူးယူဖော်ပြပါသည်..

No comments:

Post a Comment