ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ နယ်၊အထက်ဇိုင်းဂနိုင်းကျေးရွာ
အုပ်စုအတွင်းရှိသော နိုင်ငံပိုင် လယ်မြေမှနိုင်ငံသားလယ်လုပ်သူ
တောင်သူတစ်ဦး၏ နိုင်ငံတော်၏ သက်ဆိုင်ရာအဖွဲ့အစည်းဌာနမှ
တရားဝင်အထောက်အထားများ ဖြင့် လယ်မြေအဖြစ်လုပ်ကိုင်ခွင့်
ရလယ်မြေဧကအချို့ပျောက်ဆုံး နေသည်ဟုဆို၏။
ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်များတွင်မြစ်ချောင်းများ၊
မြစ်လက်တက်၊ချောင်းလက်တက်၊ ရိုး၊မြောင်းစသည့်သဘာဝအရင်း
အမြစ်များပေါကြွယ်ဝသော တိုင်း ဒေသကြီးတစ်ခုဖြစ်ပါသည်။အဆိုပါ
သဘာဝအရင်းအမြစ်များကို အ မှီပြု၍ လယ်မြေများကို ရေ၀င်/ ရေလွှဲပြု၍
လယ်မြေများပေါ်တွင် ဆန်စပါး၊မြေပဲ၊ပဲပြောင်း၊နှမ်းစ
သောသီးပင်စားပင်များကို စိုက် ပျိုးကြရပေသည်။ကာလရှည်ကြာ
သော်မြစ်ချောင်းများ၏ သဘာဝ ပထ၀ီအနေအထားများ ပြောင်း လဲလာမှုများကြောင့်
တိုင်းဒေသ ကြီးအတွင်းမြို့နယ်များအတွင်း နုန်းထွန်းမြေ၊သောင်ထွန်းမြေ၊
ကောမြေ၊အင်မြေ၊ရိုးမြေစသည့် မြေအမျိုးအစားတို့မှာ တစ်နှစ်နှင့်
တစ်နှစ်မတူ ကွဲပြားပြီးဖြစ်ပေါ် ပြောင်းလဲလျက်ရှိနေပါသည်။
အဆိုပါပေါ်ထွန်းလာသောမြေ များအား ဒေသအသီးသီး၊ကျေး ရွာအသီးသီးတို့မှ
တောင်သူတို့ မှာ သူ့ထက်ငါဆောလျင်စွာ ဦး ယူမြေကွက် ယာမြေကွက်စသည့်
အမည်နာမများသုံး၍ ထွန်ယက် စိုက်ပျိုးလျက်ရှိနေကြပါသည်။
နှစ်ကာလများရှည်ကြာလာသော အခါ သက်ဆိုင်ရာမြေစာရင်းဌာန သို့
မြေယာပိုင်ဆိုင်ခွင့်လျှောက်ထား ကြရသည်ဆို၏။
နုန်းထွန်းမြေ၊အင်မြေ၊ရိုးမြေ၊ နုန်းကောမြေများမှာ နှစ်စဉ်နှစ်
တိုင်းဆိုသလို ထွန်းပေါ်လို့လာနေ သည်မှာ အများအပြားပင်ရှိနေ
ပေသည်။လယ်စိုက်တောင်သူတစ် ချို့မှာလည်း လယ်မြေများလျော့
နည်းသွားခြင်းမရှိပဲ လယ်မြေသစ် များပင် ပိုမိုရရှိကြပေသည်။ယခု ဖြစ်စဉ်မှာ
လွန်ခဲ့သောနှစ်ပေါင်း (၂၀)ကျော်ခန့်မှ ဦးပိုင်လယ်မြေ လည်းဖြစ်
အခွန်ထမ်းပြေစာ ပေါက်လယ်မြေလည်းဖြစ်သော အဆိုပါလယ်မြေမှာပျောက်ဆုံး
လျက်ရှိပြီး ပျောက်ဆုံးလယ်ဧရိယာ အား စိုက်ထည့်အခွန်ထမ်းဆောင် နေရပြီး
လယ်မြေအစားထိုးရရှိ ခြင်း မရှိသေးပါသောကြောင့် ပျောက်ဆုံးသွားသော လယ်မြေ
ဧကအတွက် ၎င်းမြေကိုမြေစာရင်း များတိကျခိုင်လုံမှုရှိနိုင်စေရန်ရည် ရွယ်၍
လယ်မြေဧက အပြည့်အ၀ ပြန်လည်ရရှိနိုင်စေရေးအတွက် ၎င်း၊မြေပုံပါ မြေစာရင်းအမည်
ပေါက်နှင့်လယ်မြေနယ်နိမိတ်တိတိ ကျကျသတ်သတ်မှတ်မှတ်ဖော်
ထုတ်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းမိမိပိုင်ဆိုင်သော လုပ်ကိုင်ခွင့် ရလယ်မြေ
ဒါးဝယ်အင်းကျေးရွာ အပိုင် ကွင်းအမှတ်(၆၁၇)၊ဦးပိုင်
အမှတ်(၇၁/၃)၊ဧရိယာ(၄.၀၂)ဧက ဖြစ်သည်ဆို၏။ အဆိုပါလယ်မြေ ဧကအမှန်ကို
ဖော်ထုတ်ရရှိလုပ် ကိုင်နိုင်စေရေးအတွက် ဦးမျိုးမြင့်
(ကန်တော်ကျေးရွာ)၊အထက် ဇိုင်ဝန်ဂနိုင်ကြီးကျေးရွအုပ်စု၊ပဲခူး
မြို့နယ်၊ပဲခူးမြို့နယ်နေသူမှ နိုင်ငံ တော်အစိုးရဆင့် အဖွဲ့အစည်းအ
သီးသီးသို့ ၎င်း၏နစ်နာမှုအတွက် ရရှိပိုင်ခွင့်၊အကျိုးခံစားခွင့်များအ
တွက်တောင်းခံမှုများ သိရှိလက်ခံ နိုင်စေရန် ဖြစ်စဉ်ဖြစ်ရပ်အမှန်
အချက်အလက်တို့အားပြည့်စုံစွာ ဖော်ပြပါရှိပြီး အသနားခံစာတင်
သွင်းလျှောက်ထားခဲ့သည်ဆို၏။
လူကြိုက်အများဆုံး
-
မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊...
-
ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းအရေးယူမှုအပေါ် ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခြင်း။ ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တ...
-
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana သည် ဇူလိုင် ၂၉ ရက် ညပိုင်...
-
ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက ရန်ကုန်မြို့မှာ ထူးထူး ခြားခြား ထွက်ပေါ်လာတဲ့ နံရံကပ်ပိုစတာ တစ်ခုကို ကျွန်တော်ပြန် အမှတ်ရမိပါ...
-
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ လုံးဝမရှိပါကြောင်းနှင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် မပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်...
Sunday, July 22, 2012
Subscribe to:
Post Comments (Atom)

No comments:
Post a Comment