

သျှမ်းအရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်ပူဒအွန်ကျေးရွာ အုပ်စု၌
သျှမ်းတပ်မတော် တောင်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ
အပြင်းအထန် ဖြစ်ပွါးနေသည်ဟု ဒေသခံ သတင်းရပ်ကွက်က ဆိုသည်။
" အစိုးရတပ်က ကျနော်တို့ စခန်းကို ဒီမနက် ၁၀ နာရီကစပြီး တက်တိုက်တယ်၊ ညနေ
၎း၃၀ နာရီအထိ တိုက်ပွဲက မပြီးသေးဘူး၊ ဘာညာ မပြောဘဲနဲ့ ဒီအတိုင်း တက်ပြီး
လာတိုက်တာ" ဟု အမည်မဖေါ်လိုသည့် RCSS အရာရှိ တဦးက ပြောပါသည်။
ဂျူလိုင်လ ၂၂ ရက် နံနက် ၁၀ နာရီက သံလွင် အရှေ့ခြမ်း မိုင်းပြင်း အခြေစိုက်
ခမရ ၃၆၀ က မိုင်းပူးအွန် ကျေးရွာအုပ်စု ဘက်အခြေချ လှုပ်ရှားနေသည့်
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA အား
တက်တိုက် ခဲ့ကြောင်း ၊ မွန်းလွဲပိုင်း၌ RCSS/SSA ဘက် စစ်ကူပို့ကာ
အပြင်စည်းဝိုင်းမှ ၀ိုင်းပိတ် တိုက်ခိုက်သောကြောင့် တိုက်ပွဲ အရှိန်
ပိုမြင့်လာကာ ညနေပိုင်းအထိ ညနေပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း
အမည်မဖေါ်လိုသည့် ရုံးထိုင် ကိုယ်စားလှယ် တဦးကလည်း ပြောပါသည်။
" အသေအကျ စာရင်းမသိဘူး။ ဒီတိုက်ပွဲကြောင့် လူထုက ပိုပြီး
ဇဝေဇ၀ါဖြစ်မှာပေါ့။ အကြောင်းမကြားဘဲ နယ်ကျွံ ၀င်လာရင်တော့ ကိုယ့်ကိုယ်ကို
ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ရမှာဘဲ။ အစိုးရ တပ်ဘက်က ရန်ရှာ တိုက်ခိုက်တာကိုး"
ဟု အဆိုပါ အရာရှိက ဆက်ပြောပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတပ်တို့ ထာဝရ ငြိမ်းချမ်းရေး
တည်ဆောက်ရန် နှစ်ဦးနှစ်ဘက် သဘောတူပြီးနောက် ယခုတကြိမ် ထပ်မှန်ဖြစ်ပွါးသော
တိုက်ပွဲသည် ၂၅ ကြိမ်မြောက် ဖြစ်သည်။

No comments:
Post a Comment