လူကြိုက်အများဆုံး

Sunday, July 22, 2012

ကချင်ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာ မှ ရှပ်ပြေးယာဉ်ပြန်လည်ဆယ်ယူမှုကြည့်ရှုအားပေး

ကချင်ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာနှင့် အဖွဲ့ဝင်တွေဟာ မနေ့ကမြစ်ကြီးနားကနေ ဗန်းမော်ကို ရောက်လာခဲ့ပါတယ်။ ၎င်းအဖွဲ့ဟာ မနေ့ညနေပိုင်းက ဗန်းမော်မြို့၊ ရှပ်ပြေးရေယာဉ်ဆိပ်ကမ်းမှာ မြမင်းအောင်(၁)ရှပ်ပြေးယာဉ် ပြန်လည်ဆယ်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာများ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
 

ဌာနဆိုင်ရာ အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး ဒီကနေ့ ဆက်လုပ်နေကြပါတယ်။ ပျောက်ဆုံးနေသူ ၂၄ ယောက်လောက် ရှိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ ကြိုးစား လုပ်နေရတဲ့အကြောင်း ဒေသခံတချို့က ပြောပြပါတယ်။  
အစိုးရ ဌာနပိုင်းဆိုင်ရာတွေကရော၊ အရပ်ဘက် အကူအညီပေးရေး အဖွဲ့တွေပါ ပူးပေါင်းပြီး ရှပ်ပြေးရေယာဉ်ကို ရေထဲကနေ ဆွဲတင်နိုင်ဖို့ ကြိုးစားနေသလို စက်လှေ၊ ရှပ်ပြေး၊ အင်းလေး ဘုတ်စသည့် ရေယာဉ်အစင်း ၃၀ ကျော်အပါအ၀င် ဗန်းမော်ဆိပ်ကမ်း အောက်ဘက်ရှိ ခွန်သာ၊ တပ်ကလေး ဆိပ်တို့မှ စက်လှေများပါ ၀ိုင်းဝန်းရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မီးသတ်တွေရော၊ ပြည်ခိုင်ဖြိုး၊ NLD၊ ဒီပါတီတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ မယက အကုန်လုံး ပါပါတယ်။ ဌာနဆိုင်ရာတွေ အားလုံးကနေပြီးတော့ ရဲတပ်ဖွဲ့တွေရောပါတယ်။ အားလုံးကတော့ စုပြီးတော့ လုပ်နေကြပါတယ်။ လောလောဆယ် ပျောက်ဆုံးသူ စာရင်းကတော့ ၂၄ ယောက် ရှိတယ်လို့ ပြောတယ်။ ၇၅ ယောက်ကတော့ ကယ်ထားပြီ ဒါပေမဲ့ အဲဒီအထဲမှာ သေတဲ့သူ တယောက်ပါတယ်။”    



လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေချိန်မှာ ရာသီဥတု မဆိုးလှပေမဲ့ ရေစီးကတော့ ပြင်းထန်နေပါတယ်။ စက်ချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရေယာဉ် နစ်ချိန်မှာ မိုးရွာနေတာကြောင့် မိုးကာ အုပ်ထားတဲ့အတွက် အထဲက မထွက်နိုင်သူတွေ ရှိသလို တချို့ကတော့ ကမ်းနားမှာ တန်းစီရပ်ထားတဲ့ တခြား ရှပ်ပြေးရေယာဉ်တွေ အောက်ကိုလည်း ၀င်သွားနိုင်တယ်လို့ ပြောကြပါတယ်။ နစ်မြှုပ်ချိန်မှာ ရေယာဉ်ပေါ် လိုက်ပါလာသူ ၁၀၀ ကျော်လောက် ရှိမယ်လို့လည်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ အဲဒီအထဲမှာ မြစ်ကြီးနားမြို့ ကျောင်းသား အားကစားပွဲတော်ကို ကသာ နဘားရထားလမ်းကနေ သွားကြမယ့် ကျောင်းသားတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ဒီနေ့ ဇူလိုင်လ၂၂ရက် နေ့မှာတော့ ပျောက်ဆုံးနေတဲ့အထဲက နောက်ထပ်လေးယောက်ကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ဗန်မော်တက္ကသိုလ်က ဆရာဇော်ဇော်နိုင်နှင့် အမည်စုံစမ်းဆဲ ယောက်ျားအလာင်းတစ်ဦးကို တွေ့ရှိခဲ့ပြီး ဗန်မော်မြို့ ၊ကြက်ပေါင်းခြံသင်္ချိုင်းမှာ သင်္ဂြိလ်ခဲ့တယ်လို သိရပါတယ်။ ညနေပိုင်းမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေရာ ကိုမျိုးဂျက်အောင်နှင့် ကိုနေမိုးလွင် တို့နှစ်ဦး၏ အလောင်းအား ထပ်မံတွေ့ရှိခြဲု့ပီး ဗန်မော်ဆေးရုံကို ဆက်လက်ပိုဆောင်ခဲ့တယ်လို့ သိရပါတယ်။
http://kachindailynews.blogspot.com/ မှကူးယူဖော်ပြပါသည်...

No comments:

Post a Comment