လူကြိုက်အများဆုံး

Wednesday, July 25, 2012

တိုင်းရင်းသားဒေသများ၏ ဆင်းရဲမွဲတေမှုအခြေအနေ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

တိုင်းရင်းသားများ နေထိုင်သည့် ပြည်နယ်များသည် ဆင်းရဲမွဲတေမှု အဆိုးဝါးဆုံးဖြစ်နေကြောင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကွတ်
ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ရေးဆွဲပြဋ္ဌာန်းရေးအဆိုအားပြန်လည်ဆွေးနွေးရာတွင် ပြောကြားသွားသည်။

ပြည်နယ်များ၏ ဆင်းရဲမွဲတေမှုများမှာ ချင်းပြည်နယ်တွင် ၇၃.၃ ရာခိုင်နှုန်း၊ရှမ်းအရှေ့တွင် ၄၃.၄ ရာခိုင်နှုန်း၊ရှမ်းမြောက်တွင် ၃၇.၁ ရာခိုင်နှုန်း၊ရှမ်းတောင်တွင် ၂၅ ရာခိုင်နှုန်းကျော်၊ရခိုင်တွင် ၄၃.၅ ရာခိုင်နှုန်း၊ကချင်တွင် ၂၈.၆ ရာခိုင်နှုန်း အသီး
သီးရှိပြီး မွန်၊ကယားနှင့် ကရင် ပြည်နယ်များတွင် ပိုမိုနိမ့်ကျမှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင်ထည့်သွင်းပြောကြားခဲ့သည်ဟု 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
ထို့အပြင် တိုင်းရင်းသားများအတွက် ပင်လုံစိတ်ဓါတ်အရ တန်းတူညီမျှရေး ငြိမ်းချမ်းရေးအတွက် ဥပဒေများအား လိုအပ်သလို ပြင်ဆင်ရန်၊ပြဌာန်းပေးရန်အတွက်လည်း ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
7day News.... 

No comments:

Post a Comment