လူကြိုက်အများဆုံး

Wednesday, July 25, 2012

ဒီချုပ်ကိုယ်စားလှယ် ၂ ဦးဆွေးနွေးမှုကို လွှတ်တော်ဥက္ကဌ နှစ်ကြိမ်တိုင်တိုင် သတိပေးရ

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏အဆိုအား NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့ဆွေးနွေးခဲ့ရာ NLD ကိုယ်စားလှယ်နှစ်ဦး၏ ဆွေးနွေးမှုကြောင့် 
လွှတ်တော်ဥက္ကဌမှ နှစ်ကြိမ်တိုင်တိုင်သတိပေးခဲ့ရကြောင်း သတင်းရရှိသည်။

 
မဟာအောင်မြေမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ပြီးနောက်ပိုင်း နိုင်ငံရေး အခြေအနေပိုမိုကောင်းမွန်လာသည်ဟူသော ရည်ရွယ်ချက်
ပါသည့် စကားအား အဆိုတွင် ထည့်သွင်းပြောကြားခဲ့သဖြင့် ဥက္ကဌက လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၀ (င)နှင့်(စ) အရ သာမန်အားဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အကျင့်စာရိတ္တနှင့် အပြုအမူများ မပါစေရ ဟူသော အချက်ဖြင့် သတိပေးခဲ့ရကြောင်း
သိရသည်။
ဆက်လက်၍ ဥက္ကဌက ကိုယ်စားလှယ်များအား ရှေ့ဆက်လက်ဆွေးနွေးရာတွင် ဥပဒေ နည်းဥပဒေများကို ကိုယ်စားလှယ်များ လိုက်နာရန် တိုက်တွန်းပြောကြား အတည်ပြုလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
ဥတ္တရသီရိမြို့နယ်မှ ကိုယ်စားလှယ် ဦးမင်းသူ၏ ဆွေးနွေးချက်တွင်လည်း တိုင်းရင်းသားကိုယ်စားလှယ်များမှာ ရဲရဲဝံ့ဝံ့ တင်ပြရန် မ၀ံ့မရဲဖြစ်နေမှုများရှိကြောင်း ပြောကြားရာ ဥက္ကဌက အဆိုပါပြောကြားချက်အား ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ဥက္ကဌက အသစ်ရောက်ရှိလာသည့် ကိုယ်စားလှယ်များအနေဖြင့် ရောက်နှင့်ပြီးဖြစ်သော ကိုယ်စားလှယ်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ထပ်မံတိုက်တွန်းကြောင်း ပြောကြားသွားသည်ဟု သတင်းရရှိသည်။

7day News .... 

No comments:

Post a Comment