ကိုမိုးသီးဇွန် အပါအဝင် ၆ ဦးကို အာဏာပိုင်များ ပြည်တွင်းဝင်ရောက် လေ့လာခွင့်ပေး
ပြည်တွင်းနိုင်ငံရေးအခြေအနေ
လေ့လာဖို့ အမေရိကန်နိုင်ငံမှ ကိုမိုးသီးဇွန် အပါအဝင် ကိုကိုလေး၊ ကိုမူ သား၊
ကိုရင်အေး၊ ကိုကိုအောင်၊ ကိုထွန်းအောင်ကျော် စတဲ့ ၆ ဦးကို
မြန်မာ အာဏာ ပိုင်တွေ က ပြည် ဝင်ခွင့် ပေးလိုက် တယ်၊ ပြည်တွင်းမှာ
တိုင်းပြည်ပြုပြင်ပြောင်းလဲရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အာဏာ ပိုင်တွေနဲ့ ဆွေးနွေးဖို့ အစီ အစဉ် ရှိပြီး၊ သြဂုတ်လကုန် ပိုင်းလောက် မှာ ခရီးစဉ်စမယ်လို့ သိရ တယ်။
ကိုမိုးသီးဇွန် ဟာ ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့
နောက်ပိုင်း စစ်အုစ်စု အစိုးရ အဆက်ဆက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ
ဖြစ်ပါတယ်။ ယခုလက်ရှိ သန့်ရှင်း စင်ကြယ်သော ဦးသိန်းစိန် ဒီမိုကရေစီ
အစိုးရအုပ်စိုးနေတဲ့ ကာလမှာပင် အဲဒီ ပစ်ဒဏ်ကို အာဏာ ပိုင်တွေ ဘက်က
ပယ် ဖျက်ပေး ခဲ့ခြင်း မရှိသေးဘူး ဖြစ်ပါတယ်။
No comments:
Post a Comment