လူကြိုက်အများဆုံး

Monday, July 23, 2012

မြန်မာနိုင်ငံအပေါ်အရေးယူထားမှု အားလုံးရုတ်သိမ်းရန် စောလွန်းသေးသည်ဟုအမေရိကန်သံအမတ်ပြော

မြန်မာနိုင်ငံဆိုင်ရာ အသစ်ခန့်အပ်လိုက်သော အမေရိကန်သံအမတ်ကြီးက မြန်မာနိုင်ငံအပေါ် ကွန်ဂရက်မှ သွင်းကုန်ပိတ်ပင်မှုသက်တမ်းတိုးရန် စဉ်းစားနေခြင်းနှင့်ပတ်သက်၍ ယမန်နေ့က ပြောကြားရာတွင် အရေးယူမှုအားလုံး ပယ်ဖျက်ရန် စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။

 
“ကျွန်တော်တို့ အရင်ကပြောသလို ကွန်ဂရက်မှာအရေးယူမှု ချမှတ်ထားတဲ့အခွင့်အာဏာကို ဆက်ထားဖို့ ထောက်ခံပါတယ်”ဟု ယခုလ အစောပိုင်းတွင် သံအမတ်ကြီးရာထူးရယူခဲ့သူ Derek Mitchell ကပြောကြားခဲ့သည်။
“တချို့အရေးယူမှုတွေကို ဆက်ထားမယ်ဆိုတာ အကယ်၍အနာဂတ်မှာ နောက်ပြန်သွားရင် အာမခံထားတဲ့ မူဝါဒပါပဲ”ဟု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ဆယ်စုနှစ်များစွာကြာသော  စစ်အုပ်ချုပ်ရေးအပြီးတွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုကိုလည်း တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်က လျင်မြန်တဲ့လုပ်ငန်းစဉ်အကြောင်း ပြောနေကြပါတယ်။ ဒါဟာ တကယ်တော့တစ်နှစ်ကျော်ပဲ ရှိပါသေးတယ်။ အနာဂါတ်အတွက် မေးခွန်းတွေ မေးစရာကျန်နေပါသေးတယ်။”ဟု ၎င်းကပြောသည်။
အကယ်၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ပါက သွင်းကုန်ပိတ်ပင်ထားမှုများကို ပြန်လည်စဉ်းစားပေးနိုင်ကြောင်း ပြောသည်။
တစ်ချိန်တည်းမှာပင် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် အရေးပေါ်အခြေအနေ ကြေညာထားသော အချိန်အတွင်း ရခိုင်ပြည်နယ်တွင် မူစလင်များအပေါ် လူ့အခွင့်အရေးများဆိုးရွားစွာ ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယမန်နေ့က စွပ်စွဲခဲ့သည်။
အများစုအမျိုးသားလူကြီးလူငယ်များပါဝင်သော ရိုဟင်ဂျာအုပ်စုမှလူများကို ဖမ်းဆီးထိန်းသိမ်းထားပြီး အချို့ကို ဆိုးရွားစွာ နှိပ်စက်ခဲ့ကြောင်း ဆိုသည်။ ဖမ်းဆီးမှုအများစုမှာ မတရားသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့ကဆိုသည်။ ဇွန်လဆန်းကဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများမှာ ငြိမ်သက်သွားမည်ဟု ဆိုရမည့်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်မှုများမှာ တိုး၍လုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment