လူကြိုက်အများဆုံး

Monday, July 23, 2012

ရခိုင်အရေးနှင့်ပတ်သက်၍ Hot Newsကမေး ဦးသိန်းညွန့် ကဖြေ


မေး-ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့  အန်ကယ်တို့ လွှတ်တော်ကိုယ်စားလှယ်  တွေတင်ပြသွားတာကိုလည်းတွေ့ရပါ တယ်။ရခိုင်ပြည်သူတွေအနေနဲ့လည်း တော်တော့်ကို နှစ်ထောင်းအားရ ကျေ နပ်တယ်ဆိုတဲ့ Pablic Voice အသံတွေ ကိုလည်းကြားနေရပါတယ်။ပြည်ထောင်စု တိုင်းရင်းသားလူမျိုးတွေအနေနဲ့တရုတ်ပဲ ဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ လူမျိုးရေးနဲ့ ကြည့်ရင် ဒီလိုမျိုးတွေကိုထိန်းသိမ်းကာ ကွယ်ရမှာပဲလေ။ ဒါနဲ့ပတ်သက်ပြီး အန်ကယ်အနေနဲ့ဆက်လုပ်ဖို့ အစီအစဉ်  ရော ဘာလေးတွေထပ်ရှိပါသေးသလဲ။


ဖြေ- ဒီပြဿနာက လူမျိုးရေးပြဿနာ လည်း မဟုတ်ဘူး၊ဘာသာရေးပြဿနာ လည်းမဟုတ်ဘူး။ရခိုင်မှာ ကမန်အမျိုးသား တွေရှိတာပဲ မြန်မာ မွတ်စလင်တွေအနေ နဲ့ သူတို့ကြောင့်ဘယ်တုန်းကမှလည်း ပြဿနာမပေါ်ခဲ့ဘူး။ပြဿနာတွေမဖြစ် ခဲ့ဖူးဘူး။ခုပြဿနာက တရားမ၀င်ခိုးဝင်  လာတဲ့သူတွေနဲ့ တရားမ၀င်နေထိုင်နေ တဲ့ သူတွေရဲ့ပြဿနာ ဒီတော့ ဘယ်နိုင်ငံ မှာဖြစ်ဖြစ် ဥပဒေနဲ့ဆောင်ရွက်ကြရတာ ပဲ အဲတော့ ဘင်္ဂလားဒေ့ရှ်မှာစစ်သံမှူး အဖြစ်တာဝန်ထမ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ် ကြီးဟန်တင့်ပြောပြချက်အရဆိုရင်ဘင်္ဂ လားဒေ့ရှ်က မှတ်ပုံတင်တောင်မထားဘူး  ပေးကတည်းက ပက်စ်ပို့တွေပဲပေးထား တာ အဲ့ဒီမှာကလေးတစ်ယောက်မွေးလာ ပြီး တစ်နှစ်နေရင် ပက်စ်ပို့ရပြီ ကြိုက်တဲ့ နိုင်ငံကိုသွားဆိုပြီး အိတ်စ်ဖို့လုပ်တယ်။ အဲတော့ဒီပြဿနာနဲ့ပတ်သက်ရင်  ကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်ရမှာ က လူမျိုးရေး၊ဘာသာရေးပြဿနာမဟုတ်  ဘူး၊ရှမ်းပြည်နယ်လောက်အကျယ်အ၀န်း ရှိတဲ့ ဘင်္ဂလားဒေ့ရှ်က ကျွန်တော်တို့နိုင်ငံ ထဲကို ဒီနှုန်းအတိုင်းသာ လှိမ့်ဝင်လာမယ် ဆိုရင် အကုန်လုံးတိုင်းပြည်ပျောက်သွား လိမ့်မယ်။အဲ့သလိုပျောက်သွားရင်  ခုဒီ  မှာနေနေတဲ့ မူလနေထိုင်တဲ့Genaration တွေအတွက်လည်းထိခိုက်မယ်။အဲ့ဒါ ကြောင့်နိုင်ငံတကာက ဥပဒေမှာ အရင် တုန်းက ပေးထားတဲ့အခွင့်အရေးတွေက  မျိုးဆက်သုံးဆက်အထိပေးထားခဲ့တယ်။  အဲ့ဒီအခွင့်အရေးကိုယူပြီး နေတဲ့သူတွေ  ကတစ်မျိုး ပုံစံအမျိုးမျိုးနဲ့ဝင်လာတာက တစ်မျိုး စစ်သံမှူးကြီးပြောသလိုပေါ့။နှစ် သိန်းပြန်လက်ခံရင် နှစ်သိန်းစခန်းမှာရှိ နေတယ် အဲ့ဒီလူတွေကဘယ်သူတွေ လည်းဆိုတော့  ဘင်္ဂလားဒေ့ရှ်မှာ အင် မတန် ဆင်းရဲနွမ်းပါးပြီးတော့ တောင်း စားနေတဲ့သူတွေဘယ်သူတွေကိုစခန်းထဲ  သွင်းတာ နောက်အချက်က ဒီပြဿနာ က တစ်ကမ္ဘာလုံးအတိုင်းကို အီရန်  ပုံစံဇာတ်သွင်းချင်တဲ့သူတွေ အီရန်ပုံစံ သွင်းချင်တဲ့သူတွေရဲ့အန္တရာယ်ရှိတဲ့အတွက် လည်း နိုင်ငံအနေနဲ့အီရန်နိုင်ငံလိုမဖြစ် ဖို့  ဒီအတွက် ကျွန်တော်လုပ်ရမှာပါ။ ပြည်တွင်းမှာရှိနေတဲ့အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့သူတွေက ကိုယ့်မျိုးချစ်စိတ် ဓာတ်ကိုဖော်ပြရမယ့်အချိန် ဘယ်နိုင်ငံ မှာနေနေ ဥပမာ အမေရိကန်မှာနေရင်  အမေရိကန်နိုင်ငံသားဆိုတာကိုဖော်ပြ ရမယ်။ဒီတော့ဒီမှာ ရှိနေတဲ့သူတွေက လည်း ဘယ်နိုင်ငံသားဆိုတာဖော်ရမယ်  အီရန် ပုံစံကို လက်ခံတဲ့ပုံစံမျိုးတွေ့ရင်  လိုအပ်တဲ့အမျိုးဆက်တွေပေါ်မှာပဲ အဲ့ဒီ အတွက် ရေရှည်ဖြေရှင်းချက်ယာယီဖြေ ရှင်းချက်ဆိုပြီးနှစ်မျိုးလိုမယ် ခုဟာက ယာယီဖြေရှင်းချက်အဆင့်ဘဲရှိသေးတယ်။
မေး- မောင်းတောမှာဆိုရင် ရခိုင်တွေ၊  ဗမာတွေဆိုတာ ကုလားသွင်ပြင်လက္ခ ဏာတွေရာခိုင်နှုန်းပြည်နီးပါးတွေ့မြင်နေ ရပါတယ်။ဒါနဲ့ပတ်သက်ပြီးလက်ရှိအနေ အထားမှာလည်းမှတ်ပုံတင်မရှိဘဲ နေနေ တဲ့သူတွေအများကြီးတွေ့ရပါတယ်။အဲ့ဒါ  တွေအနေနဲ့ရော အန်ကယ်အနေနဲ့ပေါ့ နော် ဒီမကြာခင်မှာသန်းခေါင်စာရင်း ကောက်တော့မယ် ကောက်တဲ့အချိန်မှာ မှတ်ပုံတင်မရှိတဲ့ဒီလူတွေကိုတွေ့ရင်   အန်ကယ်တို့အနေနဲ့ဒီဟာမျိုးတွေကို ဘယ်လိုလုပ်သင့်တယ်လို့ အကြံပြုတင်  ပြဖို့အစီအစဉ်ရှိပါသလဲ။
ဖြေ-    မှတ်ပုံတင်မရှိတဲ့သူကတော့ ခု သမ္မတကြီးပြောသလိုဆိုရင် ဒီဒုက္ခသည်  စခန်းထဲမှာ သူတို့ကိုထည့်ထားမယ်။သူတို့ လုပ်သားကိစ္စအနေနဲ့လက်ခံမယ်ဆိုရင်  အထူးသဖြင့် ဆော်ဒီတို့ ဘာတို့ကလက်ခံ ရင်ပိုလို့ကောင်းတာပေါ့ နောက်တစ်ခါ အမေရိကန်က လူအခွင့်အရေးအတွက် သူပြောနေတာ  အမေရိကန်က လက်ခံ ပေါ့။နောက် အင်္ဂလိပ်ကလည်း ရိုဟင်ဂျာ  တွေ ဂုဏ်သိက္ခာရှိရိပြန်လာရေးတို့ဆိုတဲ့  အတွက် သူတို့လက်ခံပေါ့  အဲတော့ ဘာသာရေးအရဆိုရင် ဆော်ဒီကလက်ခံ  လူအခွင့်အရေးအရဆိုရင် အမေရိကန်  က လက်ခံ သံယောဇဉ်မပျက်နိုင်ရင် အင်္ဂလိပ်က လက်ခံပေါ့..
မေး- ခုကျွန်မတို့အကြား အမြင်အရ ဆိုရင် ပြည်ပ မီဒီယာတွေအနေနဲ့ ကျွန်မ တို့နိုင်ငံကို ဖွံ့ဖြိုးဆဲနိုင်ငံဆိုပြီး ခုလိုတည် ဆောက်ဆဲကာလအတွင်း ကျွန်မတို့နိုင်ငံ အပေါ် နိုင်လိုမင်းထက် သဘောနဲ့ ရိုဟင် ဂျာလို လက်ခံဖို့ အဲ့သလို အသံမျိုးထုတ် လွှင့်ပြီး ဖိအားပေး ပြောဆိုနေတာတွေ သိရပါတယ်။ ကျွန်မတို့အနေနဲ့ အမျိုး သားနိုင်ငံရေး အနေနဲ့ ခံစားရတဲ့ အသိ တစ်ခုပေါ့နော်။ မှန်ချင်ရင်လည်း မှန်ပါ မယ်။ မှားချင်ရင်လည်း မှားပါမယ်။ ကျွန်မပြောတာမှာ အားနည်းချက်ရှိနိုင်ပါ တယ်။ သူတို့က ကျွန်မတို့နိုင်ငံကို ဖိအား ပေးပြီး အနိုင်ကျင့်တယ်လို့ မြင်ပါတယ်။ ဒီဟာအပေါ် အန်ကယ့်အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ- မြန်မာပြည် ပြဿနာတွေကို ပြော တဲ့အခါ အဝေးမြင်တဲ့သူနဲ့ အနီးမြင့်တဲ့ သူရယ်ဆိုပြီး ရှိတယ်။ ခု အဝေးမှာ ရောက်နေတဲ့ သူတွေက ကိုယ့်ရဲ့လူမျိုး အတွက်ဘ၀ပျောက်ရုံမကဘူး။အကြောင်း ကြောင်းကြောင့် ကိုယ့်တိုင်းပြည် အရေး ကို ရဲရဲဝံ့ဝံ့မပြောရဲဘူးဆိုတာ သူတို့မှာ အကြောင်းကြောင်းနဲ့ ကြိုတွေးမိနေတာ ပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ဘာ နှောင်ကြိုးမှမရှိတဲ့အတွက် ခုလိုဆောင် ရွက်တာပါ။
မေး- ဒီဟာအနေနဲ့ ခုလို ဖိအားပေးတဲ့ အပေါ်မှာ စနစ်တကျ ခုခံကာကွယ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကျွန်မတို့ မြန်မာပြည်သူတိုင်းရင်းသား တွေအနေနဲ့ရော ဒီရိုဟင်ဂျာဟာ မြန်မာ တိုင်းရင်းသားမျိုးနွယ်စုမှာ မပါခဲ့ဘူးဆို တဲ့အချက်တွေပါ အကုန်လုံးဝိုင်းဝန်းပြီး ခြေခြေမြစ်မြစ် ဥပဒေဘောင်ထဲကနေ ပြင်ဆင်ဖို့ အနေအထားအရ ဘယ်သူမှာ တာဝန်ရှိတယ်လို့ မြင်မိပါသလဲ။
ဖြေ- အနာဂတ်အတွက်ကတော့ နိုင်ငံ ရေးအားကောင်းရမယ်။ စီးပွားရေးအား ကောင်းရမယ်။ စစ်ရေးအားကောင်းရ မယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့အခုလို နိုင်ငံရေးအသိုင်းအ၀ိုင်းတွေ၊ စီးပွားရေး အားနည်းလို့ စစ်ရေးအရလည်း နယ်စပ် မှာ အကုန်လုံး တင်းတင်းကျပ်ကျပ် မထားနိုင်ခဲ့ဘူး။ ကျွန်တော်တို့ အရင်တုန်း က စနစ်မကောင်းခဲ့လို့ စနစ်မကောင်းခဲ့ တဲ့ဒဏ်ပဲ။ ခု ဒီမိုကရေစီဆိုတဲ့ စနစ် ကောင်းကို ရွေးပြီးပြီ။ ကျွန်တော်တို့အနေ နဲ့လည်း ပြုပြင်ပြောင်းလဲရေးတွေလုပ်ရ မယ်။ ရခိုင်တိုင်းရင်းသားတွေအတွက် လည်း လုပ်ရမယ်။ တစ်ပြည်လုံးက တိုင်း ရင်းသားတွေအတွက်လည်း လုပ်ရမယ်။ လုပ်တဲ့အခါမှာတော့ ဘယ်နိုင်ငံ၊ ဘယ်လူ မျိုးပဲဖြစ်ဖြစ် တရားဥပဒေဆိုတာ ဒီနိုင်ငံ မှာရှိတဲ့အတွက် ဥပေဒေဆိုတာကို လိုက် နာရမှာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ပြန် လည်ချေပချက်တွေ၊ဒီတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာမပါခဲ့ဘူးဆိုတာတွေ။ ခုမကြာ ခင်အချိန်မှာ ဒီအနေအထားတစ်ခုကို ကျွန်မတို့ ရင်ဆိုင်ရတော့မယ်။ အဲ့ဒီ အ တွက် ပြင်ဆင်သင့်တဲ့ဌာနဆိုင်ရာတွေမှာ ဘယ်ဌာနဆိုင်ရာအနေနဲ့ တာဝန်အရှိဆုံး ဖြစ်ပါသလဲ။
ဖြေ- အဓိက ကတော့ လူဝင်မှုကြီးကြပ် ရေးပေါ့။ သူတို့ ပြင်ဆင်မှုတွေလုပ်ရမှာ ပေါ့။ နောင်တကယ်ပြောကြစတမ်းဆိုရင် နောက်ပိုင်းမှာ လူဝင်မှုကြီးကြပ်ရေးအခန်း ကဏ္ဍက အရမ်းအရေးပါလာမယ်။ ဒီနေ့ ပြည်ထောင်စု ၀န်ကြီးနှစ်ပါးနဲ့ ကျွန်တော် တို့ ဆွေးနွေးတဲ့အခါမှာ ဒီပက်စ်ပို့တွေ ဘာတွေကိစ်္စကို ပြည်ထဲရေးက ကိုင်တာ သဘာဝသိပ်မကျဘူး။ ဒါအရင်တုန်းက တော့ စနစ်ဟောင်းကြောင့် ကိုင်ရတာ။ ခု စနစ်သစ်မှာတော့ ဒါကအစ အကုန် ပြောင်းလဲရမှာပါ။
မေး- လူဝင်မှုကြီးကြပ်ရေးအနေနဲ့ ဥပဒေတွေကို တိတိကျကျလုပ် တင်းကြပ် သင့်တယ်လို့ မြင်တယ်။ အန်ကယ်ဆွေး နွေးသွားတဲ့အထဲမှာလည်း ပါပါတယ်။ ကုလားတွေ၊ တရုတ်တွေအနေနဲ့ ငွေ ဆယ်သိန်းပေးရင် မှတ်ပုံတင်ရတယ် ဆိုတယ်။ အဲဒါကို အန်ကယ်ဆွေးနွေး တာကလည်း တကယ်အမှန်ပါ။ ကျွန်မ တို့အပြင်မှာလည်း ဒါတွေကို တွေ့နေရ ပါတယ်။ ကျွန်မအရင်တုန်းက လ-၀-က မှာ အလုပ်လုပ်ဖူးတဲ့အတွက် ၀န်ထမ်း ဖြစ်ခဲ့တဲ့အတွက် ဒီအနေအထားတွေကို နားလည်သလောက် နားလည်ပါတယ်။ ဒါအနေနဲ့ လ-၀-က ဥပဒေတွေကို တင်း တင်းကြပ်ကြပ် ပြုပြင်သင့်တယ်လို့ အန်ကယ်မြင်မိပါသလား။
ဖြေ- ဒီလိုလာဘ်ပေးလာဘ်ယူတွေကို အရေးယူရမှာပေါ့။ ကျွန်တော်ကိုပြောတဲ့ ဇာတ်ကောင် ကျွန်တော့်ဆီလာတဲ့အခါ တုန်းက ကျွန်တော်တို့မြို့နယ် အဖွဲ့ဝင် ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးထွန်းရီက အဲဒီတုန်းက နိုင်ငံ သား စိစစ်ရေးကတ်ပြားမှ မရသေးဘဲ ဦးထွန်းရီလို ပုဂ္ဂိုလ်မျိုးမရတဲ့အချိန်မှာ သူ့လိုပုဂ္ဂိုလ်မျိုး ရတယ်။ အဲ့သလောက် အထိ ဖြစ်ခဲ့တာပဲ။
မေး- ကျွန်မလူဝင်မှု ကြီးကြပ်ရေးမှာလုပ် ခဲ့တဲ့ ၉၀-၉၁ ခုနှစ်လောက်တုန်းကဆိုရင် ကျွန်မအခုလို စဉ်းစားတတ်တဲ့ အရွယ်မှာ ဘာကို သွားတွေ့မိသလဲဆိုတော့ လ-၀-က ရဲ့ ညွှန်မှူးဟာ မူစလင်။ ဗမာ လူမျိုးမဟုတ်တာ ဖြစ်နေပါတယ်။ လ-၀-က ၀န်ထမ်းတွေထဲမှာ အဲသလောက် ညွှန်ကြားရေးမှူးလောက်အထိ လူမျိုးခြား ဘာသာခြားကို ပေးထားတယ်ဆိုကတည်း က ခု အန်ကယ်ပြောတဲ့ ဟာတွေဟာ စနစ်ဟောင်းရဲ့ ဒဏ်တွေဆိုတာသိရပါ တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လားရှိုး ဘက်ကိုသွားတော့လည်း ရွှေလီနယ်စပ် ဖက်မှာ ဒီလိုပါပဲ။ တရုတ်က ဗမာစကား မတတ်ပါဘူး။ ဒါပေမယ့် မှတ်ပုံတင်ရှိ တယ်။ ကျွန်မတို့ ရှမ်းတွေမှာ မှတ်ပုံတင် မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး လာဘ်ပေး လာဘ်ယူနဲ့ပတ်သက်ပြီး လ-၀-ကတွေရဲ့ လုပ်ဆောင်ချက်တွေကို အန်ကယ့်အနေ နဲ့ သီးခြားတိုက်တွန်းဖို့ အထက်ဝန်ကြီး ကို တင်ပြဖို့ အစီအစဉ်ရှိပါသလား။
ဖြေ- လောလောဆယ်တော့ ကျွန်တော် လွှတ်တော်မှာ ဆွေးနွေးပြီးပြီ။ နောက် ဆုံးတော့ တစ်လောကလည်းFlower News မှာ ““မန္တလေးအလွမ်း ပုဂံမျှော်လင့် ချက်ဆိုပြီး””တော့ အနောက်မြောက်ပိုင်း က လှိမ့်ဝင်လို့ မန္တလေးမြို့ကြီး ကျဆုံး သွားတယ်ဆိုပြီး ရေးခဲ့တယ်။ နောက်ဆုံး အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ လွှတ် တော်မြင်ကွင်းတွေကိုSky Net ကနေ ထုတ်လွှင့်ပေးနေတာ တွေ့ရပါတယ်။ လွှတ်တော်မှာ ပြောရေးဆိုခွင့် ရှိတဲ့လူ တစ်ယောက်အနေနဲ့တိုက်တွန်းပြောကြား ချင်တာက MRTVမှာ လွှင့်တယ်ဆိုရင်  ပြည်သူတွေ အားလုံးကြည့်နိုင်တာပေါ့။Sky Net ဆိုတာက ငွေပေးပြီးမှ ကြည့်လို့ ရတယ် Chanal လိုင်းဆိုတော့ ကျွန်မတို့ ပြည်သူတွေအားလုံးက အန်ကယ်တို့ ဆွေးနွေးချက်တွေကို မသိနိုင်ပါဘူး။ အပန်းမကြီးဘူးဆိုရင် လွှတ်တော်မှာတင် ပြပေးစေလိုပါတယ်။
ဒီဟာနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ကျွန်တော်မေးထားပြီးပါပြီ။ အာဖရိက လီဆိုသိုကို နိုင်ငံလေးမှာတောင် ပါလီမန် အစည်းအဝေးကျင်းပရင် အဲ့ဒီသတင်းကို တိုင်းပြည်က သိအောင် လွှင့်နိုင်ရင် ကျွန်တော်တို့ တိုင်းပြည်မှာ ဘာလို့မလုပ် နိုင်ရမှာလဲ။ ပြည်သူတွေ ကြည့်လို့ရဖို့ အတွက် ကျွန်တော်မေးထားတဲ့ မေးခွန်း ဆယ်ခုအနက် သုံးခုဖြေထားပြီးတော့ ခုနစ်ခုကျန်ပါတယ်။ အဲဒီ ကျန်တဲ့မေးခွန်း ထဲမှာပါပါတယ်။ သူတို့ဖြေတဲ့အခါ ကြား ရပါလိမ့်မယ်။

No comments:

Post a Comment