လူကြိုက်အများဆုံး

Thursday, July 26, 2012

ပွဲစားအလိမ်ခံ မြန်မာအလုပ်သမား ၃၅ ဦးတို့ ရှေ့ဆက်ရန် မရေရာသေး

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတို့ကြား အလုပ်သမား တင်သွင်းခွင့် နားလည်မှု စာချွန်လွှာ MOU ဖြင့် ဝင်ရောက် လာကြသည့် အလုပ်သမားများ ပွဲစား အလိမ်ခံရ၍ ရှေ့ဆက်ရေး အလားအလာမှ မရေမရာဖြစ်နေသေးကြောင်း အလုပ်သမားများက မဇ္ဈိမကို ပြောသည်။

“အခု အချိန်ထိ ကျနော်တို့ ၃၅ ယောက်လုံး ကယ်ဆယ်ရေး စခန်းမှာပဲ ရှိနေသေးတယ်။ ပွဲစား ဒေါ်မေကျော့ရှင်း ကတော့ ကုမ္ပဏီ ပြန်ဝင်ဖို့ ကျနော်တို့ကို တောင်းဆိုနေတယ်။ ကျနော်တို့နဲ့ စာချုပ်ချုပ်ထားတဲ့ KOSIT Business Group က အလုပ်သမားခေါင်း ကလည်း လာခေါ်တယ်။ ကျနော်တို့ မယုံလို့ မလိုက်ရဲသေးဘူး” ဟု အလုပ်သမား တဦး ဖြစ်သည့် ကိုညွှန့်မြိုင် က ပြောသည်။

အာဏာပိုင်များရဲ့ အဂတိဖော်ထုတ်သူ အသတ်ခံရ


မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ် သမန်းရင်း ရွာသား ဦးရဲဝင်းဟာ ရွာဘုန်းတော်ကြီးကျောင်းမှာ ရပ်ရွာ သာရေး နာရေး ကိစ္စတွေ တိုင်ပင်ပြီးနောက် မော်တော်ဆိုင်ကယ်စီးပြီး အိမ်ပြန်လာစဉ် လမ်းခုလတ်မှာ ဓားနဲ့ ၀ိုင်းခုတ် သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ သက်သေတစ်ဦးက RFA ကို ပြောပါတယ်။

ပစ်သတ်ခံရသည့် အလုပ်သမား အသုဘပို့အပြန် ထိုင်းရဲက ထပ်မံဖမ်းဆီး

စံခလပူရီ (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆွန်ခလာမြို့ရှိ CPF ပုဇွန် ထုတ်လုပ်သည့် ကုမ္ပဏီမှ မြန်မာ အလုပ်သမား သုံးဦးအား အမည်မသိ မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမားမှ ဇူလိုင်လ ၂၄ ရက်နေ့ ညက လာရောက် ပစ်ခတ်ခဲ့သည်၍ အလုပ်သမား နှစ်ဦး သေဆုံးခဲ့ရသည်ဟု စက်ရုံ အလုပ်သမားတဦး ဖြစ်သည့် ကိုထွန်း က ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် မြဝတီမြို့ ဇာတိဖြစ်သူ မစံပယ်ဖြူ (၂၆ နှစ်)မှာ အနောက်ဘက်မှ အပစ်ခံရသဖြင့် ကျောကုန်းပေါက်ကာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ရှပ်ပြေးယာဉ်မြုပ်မှု ၁၄ ဦး ပျောက်ဆုံးနေဆဲ


ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အခုလ ၂၀ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကမ်းပေါ်ကို ၀န်ချီစက်နဲ့ ဆွဲတင်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် လူ (၁၄) ဦး ပျောက်ဆုံးနေဆဲလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
လောလောဆယ်အထိ ကယ်ဆယ်ရရှိသူ (၇၉) ဦးရှိပြီး ဘုန်းကြီးအလောင်း (၁) လောင်း အပါအ၀င်၊ စုစုပေါင်း ရုပ်အလောင်း (၁၅) လောင်းကို ဆယ်ယူရရှိထားပြီ ဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြန်မာဆရာတော် ကျောင်းထိုင်ရေး ထိုင်းဝန်ကြီးချုပ် ကတိပေး


သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချူပ် မစ္စစ် ရင့်လတ် ရှီနာဝပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က မြန်မာ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေကြတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ မြန်မာသံဃာတော်ကို ကျောင်းထိုင် ဆရာတော်အဖြစ် သတင်းသုံးစေဖို့ ထိုင်းဝန်ကြီးချုပ်က ကတိပေး ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ကချင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကော်မရှင် စတင်စစ်ဆေးနေ

ချင်းမိုင်(မဇ္ဈိမ) ။        ။ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲများ
ပြန်လည်ဖြစ်ပွားခဲ့စဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေသည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

ဦးစစ်မြိုင် အပါအဝင် ကော်မရှင် အဖွဲ့ဝင် နှစ်ဦးက ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်၍ ကော်မရှင်သို့ တိုင်တမ်းထားသော အစိုးရတပ်မှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှု နှစ်မှု၊ KIO မှ တပ်သားသစ် စုဆောင်းမှုနှင့် အမျိုးသမီးများ စော်ကားမှု စသည့် အမှုလေးမှုအား အင်္ဂါနေ့က စတင်စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

KNPP ပင်မ ဆက်ဆံရေးရုံး လွိုင်ကော်တွင် ပြန်လည်ဖွင့်လှစ်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၅ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။       ။ အပစ်ရပ် သဘောတူချက် ပျက်ပြားချိန်မှ ၁၇ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ပင်မ ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗုဒ္ဓဟူးနေ့ နံနက်က ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း ရုံးတာဝန်ခံ ခူဒယ်နီယာ က ပြောသည်။

“ကျနော်တို့ ဘဏ္ဍာရေးအရ စကားတွေ ဘာတွေ မပြောပါဘူး။ ဆရာတော်တပါးကနေ အဖွင့် ဆုတောင်းပေးတယ်။

ဒယ်အိုးဆရာတော်၏ ဘာပဲကြုံကြုံ ရောက်အောင်သွား . . . . . .