ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ်၊ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးများ ဦးဆောင်၍ မြစ်ကြီးနားမြို့တွင်
ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒပြမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်ဟု ဆန္ဒပြမှု ဦးဆောင်သူ ဒေါ်ဂျာခေါန် က ပြောသည်။
အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး လိုလား
ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့မှာ အဆိုပါ ကချင် အမျိုးသမီးများက လူမျိုးဘာသာမရွေး ပါဝင်သော စီတန်းလှည့်လည်မှု စီစဉ်ထားခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
“တကယ့် မိခင်ရင်း စိတ်ဓါတ်နဲ့ ဘာပဲဖြစ်ဖြစ် ကျမတို့ ထွက်မလို့ပဲ။ သိတဲ့အတိုင်း ကျမတို့ကို သတင်းအမျိုးမျိုး ပြောနေ
ကြလို့။ ကျမတို့က မျိုးချစ်စိတ်ဓါတ် မရှိလို့ ပြောင်းပြန် လုပ်သလိုလို ပြောနေကြတယ်။ ကျမတို့က ပင်လုံကတိ တည်ပါစေဆိုတာမျိုးတွေ ထပ်တောင်းဆိုဖို့ စီစဉ်ထားတာကို ခုတော့ သတင်းဗြောင်းပြန်ဖြစ်လို့ ရပ်ထားလိုက်တာ” ဟု ဒေါ်ဂျာခေါန်က ပြောသည်။
လူကြိုက်အများဆုံး
-
မိန်းကလေး တယောက်ကို အဓမ္မကျင့်တဲ့ အင်တာနက် တဲ့ ။ အင်တာနက်ဆိုတဲ့ သူက ဘယ်လိုလူကြီးလဲ။ လမ်းလျှောက်ရင် အတော်နှေးပြီး မသန်မစွမ်းတဲ့ သူလား၊...
-
From : မေသဇင် အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်း...
-
သူရဘွဲ့များရှင် ဦးအောင်သိန်းလင်း “ သေနတ်မှန်ပြီး ၁၃ချက် ချုပ်ရပေမယ့် လူဆိုးပုံ မပေါက်ဘူးမဟုတ်လား။ လူဆိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ...
-
မိန်းကလေးတွေ လှချင်ပချင်တာနဲ့ ပတ်သက်ပြီး ဒီခေတ်ကလေးမလေးတွေဟာ အလှဗေဒကို နည်းနည်းတော့ စဉ်းစားကြစေချင်တယ်လို့ ပြောရင် မိန...
-
မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အခ...
Friday, July 27, 2012
“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး
ရန်ကုန် (မဇ္ဈိမ) ။ ။ တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေးစဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။
ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် တောင်သူလယ်သမားအရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက
ဆွေးနွေးမှုအတွင်း ထိုသို့ ပြောသွားခြင်း ဖြစ်သည်။
ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေးစဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။
ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် တောင်သူလယ်သမားအရေး အဆိုကို လွှတ်တော်တွင် ဆွေးနွေးဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆွေးနွေးရန် အလှည့်ကျသည့် ဦးရွှေမန်းက
ဆွေးနွေးမှုအတွင်း ထိုသို့ ပြောသွားခြင်း ဖြစ်သည်။
Labels:
သတင်း
တွေ့ဆုံ ဆွေးနွေးရန် အစိုးရအား KIO ထပ်မံ အဆိုပြု
ရွှေဟင်္သာ သတင်းဌာန
ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO/KIA သည် အပစ်အခတ် ရပ်စဲရေး ကိစ္စကို တရုတ်ပြည် ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေး သင့်သည်ဟု အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့အား ထပ်မံ အဆိုပြုထားကြောင်း ပြောရေးဆို ခွင့်ရှိ ဆလန်လဘာလနန်း (ဦးလာနန်း) က ယနေ့ မနက်ပိုင်းတွင် ရွှေဟင်္သာ သတင်းဌာနအား ထုတ်ဖော် ပြောကြားခဲ့ပါ သည်။

အစိုးရနှင့် KIA တွေ့ဆုံစဉ် (ဓါတ်ပုံ - အင်တာနက်)
Labels:
သတင်း
မြန်မာ အနောက်ဘက် နယ်စပ်ရှိ ရခိုင်ကျေးရွာများ အရေးပေါ် အကူအညီလိုအပ်နေ
ဘင်္ဂလား မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ကမ်းခြေတလျှောက်ရှိ ရခိုင်ကျေးရွာတချို့တွင် စားဝတ် နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။
ယခုကဲ့သို့ အရေးပေါ်အကူအညီလိုအပ်နေသည့်အကြောင်းကို မောင်တောမြို့မှ စေတနာ့ဝန်ထမ်း လုပ်ဆောင် နေသည့် ကိုနိုင်အောင်က ယခုကဲ့သို့ ပြောသည်။
Labels:
သတင်း
လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနဲ့ မေးမြန်းချက်
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် တန်းတူ အခွင့်အရေး အပြည့်အ၀ရရှိဖို့ လိုနေသေးတယ်လို့ နေပြည်တော် ပုပ္ဗသီရီ မဲဆန္ဒနယ်မြေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိလွှတ်တော်မှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေဟာ အရင်ကလို အာဏာပိုင်တွေက တင်မြှောက်တဲ့ သူတွေမဟုတ်ဘဲ လူထုကိုယ်တိုင် မဲဆန္ဒတွေနဲ့ ရွေးချယ် တင်မြှောက်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ ဆိုရင် ကျွမ်းကျင်မှု အလိုက် ဆွေးနွေးတင်ပြနိုင်တယ်လို့ ဆိုပါတယ်။
Labels:
သတင်း
အထက်ပေါင်းလောင်ဆည် ရေကာတာစီမံကိန်းကြောင့် နစ်နာသူ များပြား...
အထက်ပေါင်းလောင်းဆည် စီမံကိန်းပြီးစီးတော့မှာဖြစ်ပေမယ့် ဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမယ့် ရွာပေါင်း ၂၃ ရွာက
ဒေသခံပြည်သူ ၈၀၀၀ (ရှစ်ထောင်) ကျော်ကတော့ လုပ်ကိုင် စားစရာမြေနေရာတွေ မရရှိသေးသလို ဆုံးရှုံးရမည့် သူတို့ရဲ့ ဥယာဉ်ခြံမြေတွေ အတွက်လည်း နစ်နာကြေးတွေ မရရှိကြဘူးလို့ သိရပါတယ်။
Labels:
သတင်း
ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်
ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan (TTP) အဖွဲ့မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်
Labels:
သတင်း
Subscribe to:
Posts (Atom)


