သတင်းစစ်... သတင်းမှန်
မူလစာမျက်နှာ
သတင်း
ဆောင်းပါး
ကြေညာချက်
ကာတွန်း
အနုပညာ
မှတ်တမ်းဓာတ်ပုံ
နည်းပညာ
အထွေထွေ
လူကြိုက်အများဆုံး
ရခိုင်အရေးအခင်း၌ သံသယရှိ၍ ထိန်းသိမ်းထားသော ကုလဝန်ထမ်းများ ပြစ်မှုများတွင်အမှန်ပတ်သက်မှုရှိကြောင်းနယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ပြောကြား
မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အရေးအခင်းတွင် လက်ရှိထိန်းသိမ်းထားသော ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အိုင်အန်ဂျီအိုတို့မှ ဝန်ထမ်းများအနက် အခ...
Tuesday, July 24, 2012
တပ်မတော်သားလေးဦးကို အဓမ္မမှုဖြင့် အမှုဖွင့်စစ်ဆေး
အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သည်ဆိုသော စွပ်စွဲချက်ဖြင့် တပ်မတော်စစ်သည်လေးဦးကို သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဒလမြို့နယ် တုံးတင်ကန်မြောက် လယ်ကွင်းတွင် အသက် ၂၇နှစ်အရွယ် အိမ်ထောင်သည် မ --- သည် သမီးဖြစ်သူနှင့်အတူ ဇူလိုင် ၁၈ ရက် ည ၇ နာရီတွင် လယ်တဲဈေးဆိုင်သို့ ဈေးဝယ်ပြီး ပြန်လာစဉ် ရခိုင်ချောင်ရေတပ်တိုက်လိုင်းခန
်းအနီးအရောက် တပ်မတော်(ရေ)စစ်သည်လေးဦးက သား မယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး
မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ မ --- (၂၇ နှစ်) နှင့် သမီးဖြစ်သူတို့ သားအမိနှစ်ဦး ဈေးဝယ်ပြန်လာခဲ့ရာ တပ်မတော်ရေမှ စစ်သည်လေးဦးက “ဟေ့ကောင်မ ခဏရပ်ဦး၊ နင့်ကို ငါတို့အရာရှိခေါ်နေတယ် လိုက်ခဲ့”ဟုပြောကာ လက်ဝဲလက်အား လက်ထိပ်ခတ်၍ခေါ်ဆောင်ကာ သမီးဖြစ်သူကို နှင်ထုတ်ပြန်လွှတ်ခဲ့သည်။
တပ်လိုင်းခန်းသို့ ခေါ်ဆောင်လာစဉ် လယ်ကန်သင်းတစ်ခုအရောက် တွန်းလှဲ၍ ၎င်းတို့လေးဦးက သားမယားအဖြစ် တစ်ကြိမ်စီ ပြုကျင့်ခဲ့ပြီးနောက် တပ်လိုင်းထဲရှိ အခန်းထဲထည့်ထားပြီး ည ၉ နာရီအချိန်၌ အထက်ပါလေးဦးက ထပ်မံ တစ်ကြိမ်စီ အဓမ္မပြုကျင့်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့ ပြုကျင့်ပြီးနောက် စစ်သည်လေးဦးက နောက်ထပ်လာဦးမည်ဟုဆိုကာ အခန်းအတွင်းမှ ထွက်သွားစဉ် မ--- သည် အခန်းထဲရှိ အုတ်ခဲဖြင့် သော့အား ရိုက်ချိုးထွက်ပြေးရာ ၎င်းတို့လေးဦးက လိုက်လံဖမ်းဆီးပြီး ခြေလက်တို့အား ကြိုးဖြင့်ချည်၍ တပ်လိုင်းခန်းသို့ ပြန်လည်ခေါ်ဆောင်ကာ အဆိုပါလေးဦးထဲမှ တစ်ဦးက သားမယားအဖြစ် တတိယအကြိမ်ပြုကျင့်ခဲ့သည်ဟုဆိုသ
ည်။
ဇူလိုင်လ ၁၉ ရက်တွင် ကြိုးဖြေပေးခဲ့ကာ ထိုလေးဦး၏အထက် အရာရှိအား အမျိုးသမီးက ဖြစ်စဉ်ကို တိုင်ကြားခဲ့သည်။ ထိုအရာရှိက သူမအား လိမ်သည်ဟုဆိုကာ အနီးရှိ ၀ါးလုံးတုတ်ဖြင့်ရိုက်နှက်ပြန်သ
ည်။ ၄င်းအပြင် အဓမ္မပြုကျင့်ရာတွင် ပါဝင်သူတစ်ဦးက ဒူးဖြင့် မျက်နှာအားတိုက်ခြင်း၊ ရိုက်နှက်ခြင်းတို့ပြုလုပ်ကာ မ --- အား နေအိမ်တဲသို့ ပြန်ပို့ခဲ့သည်။
ယင်းသို့ ပြန်ပို့စဉ် နေအိမ်တဲအနီးရှိ လူလေးဦးက တွေ့မြင်သိရှိကြောင်း၊ ၎င်းနောက် ဖြစ်စဉ်ကို တုံးတင်ကန်မြောက်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ပြီး ပျော်ဘွယ်ကြီးရဲစခန်းသို့လည်း တိုင်ကြားပြီးနောက် မ --- သည် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့သည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပျော်ဘွယ်ကြီးရဲစခန်းက(ပ)၁၆၂/ ၁၂၊ ပုဒ်မ-၃၇၆/၃၄၂/၃၂၅/ ၁၁၄ ဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ်သိန်းမြင့်ဆွေ(စခမ)က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှသတင်းရရှိသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ ပျော်ဘွယ်ကြီးရဲစခန်းသို့ ဇူလိုင် ၂၃ ရက်တွင် 7Day News မှ ဖုန်း ဖြင့်ဆက်သွယ်မေးမြန်းရာ ရဲအုပ်သိန်းမြင့်ဆွေက စွပ်စွဲခံရသူများအား စစ်ဆေးဆောင်ရွက်နေသည်ဟု ပြန်လည်ဖြေကြားသည်။
7 day
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment